
အောင်မြင်တဲ့ Ecommerce လုပ်ငန်းတစ်ခုကို လည်ပတ်ဖို့ဆိုရင် အရေးကြီးတဲ့ P (3)လုံးကို သိထားသင့်ပါတယ်။
အဲ့ဒါတွေကတော့
P = People
P = Process
P = Platform ပဲဖြစ်ပါတယ်။
People
ကိုယ့်လုပ်ငန်းက အလုပ်ခန့်အပ်ထားတဲ့သူတွေဟာ Digital First Mindset ရှိဖို့လိုပါတယ်။ ဒါမှလည်း လုပ်ငန်းအတွက် အသုံးပြုရတဲ့ Software တွေ App တွေနဲ့ အကျွမ်းတဝင်ရှိမှာပါ။
Inventory Management ကနေစပြီး Customer Service ပေးတဲ့အထိ လုပ်ငန်းစဉ်တွေအားလုံးမှာ Software တွေကို သေချာအသုံးပြုဖို့လိုပါတယ်။ ဒါကြောင့် Ecommerce လုပ်ငန်းတွေဟာ ငယ်ရွယ်ပြီး Digital Tool တွေနဲ့ အကျွမ်းတဝင်ရှိသူတွေကို ဦးစားပေး အလုပ်ခန့်လေ့ရှိတာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ချမှတ်ထားတဲ့ Process တွေ၊ SOP တွေကို သေချာလိုက်နာတတ်တဲ့ သူတွေလိုအပ်ပါတယ်။ ဝန်ဆောင်မှုနဲ့၊ Product Quality တွေကို ထိန်းသိမ်းဖို့အတွက် ချမှတ်ထားတဲ့ Process တွေအလိုက် တဆင့်ချင်း သေချာ စနစ်တကျ ပြုလုပ်လေ့ရှိတဲ့သူတွေက Ecommerce လုပ်ငန်းတွေကို ပိုပြီးအောင်မြင်စေပါတယ်။
နောက်ဆုံးအချက်ကတော့ Data Driven ပါ။ သင်္ချာအရမ်းကျွမ်းဖို့ မလိုပေမယ့် ကိန်းဂဏာန်းတွေကို အခြေခံပြီး ဆုံးဖြတ်ချက်ချတတ်ဖို့ အရေးကြီးပါတယ်။
Process
အောင်မြင်တဲ့ Ecommerce တိုင်းက Process ကောင်းကောင်းရှိပါတယ်။ လုပ်ငန်းကိုဦးဆောင်သူတွေအနေနဲ့ Department အလိုက် ရှင်းလင်းပြီးစနစ်ကျတဲ့ SOP တွေ ချထားဖို့လိုပါတယ်။
ဥပမာပေးရရင်
Product Sourcing, Quality Assurance အပိုင်း, Warehouse & Logistics အပိုင်း, Payments, Customer Service, Policies အစရှိတာတွေမှာ Operation Flow ကို သေချာသတ်မှတ်ထားဖို့လိုပါတယ်။ ပြီးရင်တော့ ချမှတ်ထားတဲ့ SOP တွေကို Documentation သေချာပြုစုထားဖို့လိုပြီး အလုပ်သမားအသစ်ဝင်တိုင်း သူတို့ကို နားလည်အောင် ရှင်းပြရမှာဖြစ်ပါတယ်။
Process အတွက် ဆုပေး၊ ဒဏ်ပေးစနစ်တစ်ခု ချမှတ်နိုင်ရင် ပိုအလုပ်ဖြစ်ပါတယ်။
Platform
နောက်ဆုံးကတော့ Platformပါ။ (Technology) လို့ပြောရင်လည်းရပါတယ်။
စျေးကွက်ထဲမှာ Ecommerce Platform Technology တွေအများကြီးရှိပါတယ်။
Website အတွက်အသုံးပြုမယ့် Platform, Email Marketing အတွက် အသုံးပြုမယ့် Platform, CRM, ERP, Logistic အစရှိတဲ့ မတူညီတဲ့ Tool တွေကို ရွေးချယ်ရမှာဖြစ်တဲ့အတွက် Platform တွေရွေးချယ်ရမှာ ဖြစ်ကတတ်ဆန်း မလုပ်မိဖို့လိုပါတယ်။
Platform တွေရွေးချယ်တဲ့အခါ ကိုယ့်မှာရှိတဲ့ ငွေအား၊ လူအားအပြင် ရေရှည်သွားမယ့် Plan အပေါ်မူတည်ပြီး သေချာ စဉ်းစားမှသာ အဆင်ပြေတာပါ။
ကိုယ်က အခုမှ စတဲ့ လုပ်ငန်းအသေးလေးဖြစ်ပြီး Website ကိုလည်း ချက်ချင်း Launch ဖို့လိုတယ်ဆိုရင် Shopify လိုမျိုး အသုံးပြုရလွယ်ကူတဲ့ Software က အဆင်ပြေမှာဖြစ်ပေမယ့် ကိုယ်က လုပ်ငန်းကြီးပြီး Customer သန်းနဲ့ ချီဝန်ဆောင်မှုပေးနေရတဲ့ လုပ်ငန်းဆိုရင်တော့ Magento, Woocommerce အစရှိတဲ့ Enterprise Level သုံးတဲ့ Platform မျိုးကို ကျွမ်းကျင်တဲ့ အေဂျင်စီတွေမှာ အပ်ပြီးဖြစ်စေ၊ ရုံးတွင်း Development Team ထားပြီးဖြစ်စေ Develop လုပ်သင့်ပါတယ်။