---
title: Ecommerce ဆိုတာဘာလဲ?
description: E Commerce ဆိုတာ Electronic Commerce ရဲ့ အတိုကောက်ပဲဖြစ်ပြီး Online Website တွေ၊ Social Mediaတွေ ကနေ ၂၄နာရီ ကြိုက်တဲ့အချိန် ဝယ်၊ရောင်းလို့ရပါတယ်။
image: https://nanoomarketing.com/hubfs/What%20is%20Ecommerce.png
---

[![Nan Oo Marketing](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo.svg)](https://nanoomarketing.com)

- Industry
  
  Show submenu for Industry 
  
    - [Startups](https://nanoomarketing.com/industry/startup)
    - [SaaS](https://nanoomarketing.com/industry/saas)
    - [NGO](https://nanoomarketing.com/industry/ngo)
    - [Government](https://nanoomarketing.com/training/government-digital-marketing)
- Courses
  
  Show submenu for Courses 
  
    - [University Lecture](https://nanoomarketing.com/training/marketing-lecture)
    - [Full Stack Digital Marketing](https://nanoomarketing.com/certificates/digital-marketing-mm)
    - [Corporate Training](https://nanoomarketing.com/corporate-digital-marketing-training)
- Experiences
  
  Show submenu for Experiences 
  
    - [Speaker](https://nanoomarketing.com/events)
    - [Brands](https://nanoomarketing.com/brands)
    - [Alumni](https://nanoomarketing.com/alumni)
- Resources
  
  Show submenu for Resources 
  
    - [Marketing Library](https://nanoomarketing.com/resources)
    - [Free Mentorship](https://nanoomarketing.com/marketing-mentorship)
    - [Blog](https://nanoomarketing.com/blog)
- [Bio](https://nanoomarketing.com/about-nan-oo)

- Industry
  
  Show submenu for Industry 
  
    - [Startups](https://nanoomarketing.com/industry/startup)
    - [SaaS](https://nanoomarketing.com/industry/saas)
    - [NGO](https://nanoomarketing.com/industry/ngo)
    - [Government](https://nanoomarketing.com/training/government-digital-marketing)
- Courses
  
  Show submenu for Courses 
  
    - [University Lecture](https://nanoomarketing.com/training/marketing-lecture)
    - [Full Stack Digital Marketing](https://nanoomarketing.com/certificates/digital-marketing-mm)
    - [Corporate Training](https://nanoomarketing.com/corporate-digital-marketing-training)
- Experiences
  
  Show submenu for Experiences 
  
    - [Speaker](https://nanoomarketing.com/events)
    - [Brands](https://nanoomarketing.com/brands)
    - [Alumni](https://nanoomarketing.com/alumni)
- Resources
  
  Show submenu for Resources 
  
    - [Marketing Library](https://nanoomarketing.com/resources)
    - [Free Mentorship](https://nanoomarketing.com/marketing-mentorship)
    - [Blog](https://nanoomarketing.com/blog)
- [Bio](https://nanoomarketing.com/about-nan-oo)

[Contact Me](https://nanoomarketing.com/contact)

[Digital Marketing](https://nanoomarketing.com/my/blog/tag/digital-marketing) [Ecommerce](https://nanoomarketing.com/my/blog/tag/ecommerce) [Ecommerce Marketing](https://nanoomarketing.com/my/blog/tag/ecommerce-marketing)

# Ecommerce ဆိုတာဘာလဲ?

[![နန်းဦး](https://nanoomarketing.com/hubfs/Nan%20Oo%20Digital%20Marketing%20Consultant.svg)](https://nanoomarketing.com/my/blog/author/နန်ဦ)

[နန်းဦး](https://nanoomarketing.com/my/blog/author/နန်ဦ)  1 အောက်တိုဘာ 2024

![What is Ecommerce Image](https://nanoomarketing.com/hubfs/What%20is%20Ecommerce.png)

 

Ecommerce ဆိုတာ Electronic Commerce ရဲ့ အတိုကောက်ပဲ ဖြစ်ပါတယ်။ Internet ပေါ်မှာ ရောင်းခြင်း၊ ဝယ်ခြင်းပြုလုပ်တာသည် Ecommerce ဖြစ်ပါတယ်။

[Ecommerce](https://www.netsuite.com/portal/resource/articles/ecommerce/what-is-an-ecommerce-platform.shtml) ရဲ့ မူလအစကတော့ 1994မှာ NetMarketလို့ခေါ်တဲ့ Online Retail Website မှာ CD တစ်ခုရောင်းထွက်သွားတာကနေစပါတယ်။ နောက်ပိုင်းမှာတော့ နာမည်ကြီး Ecommerce တွေဖြစ်တဲ့ [Alibaba](https://seller.alibaba.com/th), [Amazon](https://sell.amazon.com/?ref_=sdus_soa_home_n), [eBay](https://www.ebay.com/) နဲ့ [Etsy](https://www.etsy.com/?ref=lgo) တို့ပေါ်လာပါတယ်။ အခုဆိုရင်တော့ လူတိုင်း Online ပေါ်မှာ အလွယ်တကူရောင်းချနိုင်ပြီး Facebook Page တွေကနေလည်း Online Shopping ဝန်ဆောင်မှုပေးနေကြပါပြီ။ 

## **Ecommerce ရဲ့ အားသာချက်နဲ့ အားနည်းချက်များ**

### **Ecommerce ရဲ့ အားသာချက်များ**

Online Website တွေ၊ Social Mediaတွေ ကနေ စျေးဝယ်ရတာ အဆင်ပြေလွယ်ကူပြီး၊ ၂၄နာရီ ကြိုက်တဲ့အချိန် ဝယ်၊ရောင်းလို့ရပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း သင်က အိပ်နေရင်တောင် Ecommerce store တွေက သူ့ဘာသာ ဆက်လက်လည်ပတ်နေမှာဖြစ်ပါတယ်။

Ecommerce တွေကို လည်ပတ်ရတဲ့ စရိတ်စက နည်းပါတယ်။ Ecommerce လုပ်ငန်းတွေကြီးလာရင်တော့ Warehouse တွေ Manufacturing Site တွေ လိုအပ်လာနိုင်ပေမယ့် ဆိုင်ဆိုပြီး ဖွင့်ထားစရာမလိုပါဘူး။ Digital မှာ လည်ပတ်ရတဲ့ စရိတ်က အများကြီး စျေးသက်သာပါတယ်။

Ecommerce အနေနဲ့ ရောင်းတဲ့အခါ နိုင်ငံတကာအထိပါ စျေးကွက်ချဲ့ထွင်လို့ရပါတယ်။ ကိုယ့်လုပ်ငန်းကသာ Shipping လုပ်ပေးနိုင်တယ်ဆိုရင် ကမ္ဘာတစ်လွှားကြိုက်တဲ့နေရာကို ရောင်းနိုင်ပါပြီ။

Customer များကို ကြော်ငြာပြဖို့ လွယ်ကူတာကလည်း Ecommerce ရဲ့ အားသာချက်တစ်ခုပါ။ Website (သို့) [Social Media](https://nanoomarketing.com/my/blog/what-is-social-media-marketing)တွေမှာ ရောင်းချတာဖြစ်တဲ့အတွက် [Marketing Campaign](https://nanoomarketing.com/campaign-brief-template) တွေဖန်တီးတဲ့အခါ လွယ်ကူသလို၊ ဒေတာအချက်အလက်လည်း စုံစုံလင်လင်သိရပါတယ်။

### **Ecommerce ရဲ့ အားနည်းချက်များ**

Ecommerce Website တွေမှာ Customer Service ပေးဖို့ စိန်ခေါ်မှုတွေရှိပါတယ်။ အပြင်မှာ Customer တစ်ဦးချင်းကို ပစ္စည်းတွေလိုက်ပြ၊ ရှင်းပြသလိုမျိုး Ecommerce Website မှာလုပ်ဖို့ ခဲယဉ်းပါတယ်။

စျေးဝယ်တဲ့အခါ ကိုယ်တိုင် စမ်းသပ်ပြီး ဝယ်ယူချင်သူတွေအတွက်တော့ Ecommerce Website မှာက အဲ့ဒီလိုမျိုး အတွေ့အကြုံမရနိုင်ပါဘူး။

ပစ္စည်းဝယ်တဲ့အခါမှာလည်း လက်ထဲကို ချက်ချင်းမရောက်လာပါဘူး။ Delivery ကလာပို့ပေးတဲ့အချိန်ကို စောင့်ရတာဖြစ်လို့ ဝယ်သူတွေအနေနဲ့ စိတ်မရှည်တာမျိုးဖြစ်တတ်ပါတယ်။ တစ်ချို့ Ecommerce Website တွေမှာတော့ နေ့ချင်းပို့ပေးတဲ့ ဝန်ဆောင်မှုမျိုးရှိလာပြီဆိုပေမယ့်လည်း အကန့်အသတ်ရှိနေဆဲပါ။

Ecommerce လုပ်ရတာ ငွေကုန်ကြေးကျသက်သာပြီး၊ လွယ်ကူတော့ လုပ်ငန်းတိုင်းက Online မှာ ရောင်းလာတဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။

#### **Ecommerce အမျိုးအစားများ**

 

![Types of Ecommerce Image](https://lh7-rt.googleusercontent.com/docsz/AD_4nXexMdJnztN9rmmJ1Dk4ySscuvn_aYBmhdikJH8vIbgp6VUGuZGriSnqQ3zS3AC5tLTa0J0RDYhxa_6Es4C8Kd6kIddIPr6VsN1LMtwiQDsCkBU4B005Q0kwKLk5WPesDFSlMGBdSwbiLgJs7HWGuHpgLMg?key=thvcC4n1qMhAeosojxWNlw)

 

Ecommerce အမျိုးအစားတွေ အများကြီးရှိပြီးတော့ အမျိုးအစားပေါ်မူတည်ပြီး

ပြုလုပ်ရတဲ့ လုပ်ငန်းစဉ်တွေလည်း ကွာခြားတတ်ပါတယ်။

 

- Business-to-Consumer (B2C)
- Business-to-Business (B2B)
- Business-to-Government (B2G)
- Consumer-to-Consumer (C2C)
- Consumer-to-Business (C2B)

##### Business-to-Consumer (B2C)

B2C ကတော့ လုပ်ငန်းတွေကနေ Customer ဆီ တိုက်ရိုက် ပစ္စည်းရောင်းချတာဖြစ်ပါတယ်။ ကြားခံဆိုင်တွေ၊ ဖြန့်ချိသူတွေကနေရောင်းမယ့်အစား Customer ဆီ တိုက်ရိုက်ရောင်းချပေးတာပါ။

မြန်မာနိုင်ငံမှာဆိုရင် shop.com.mm လိုမျိုး Ecommerce Website ကနေရောင်းနိုင်သလို၊ ကိုယ့်ရဲ့ ကိုယ်ပိုင် website၊ social media channel တွေကနေတဆင့် ရောင်းနိုင်ပါတယ်။

##### Business-to-Business (B2B)

B2Bကတော့ လုပ်ငန်းအချင်းချင်း ဝန်ဆောင်မှုပေးခြင်း၊ ရောင်းချခြင်းပဲဖြစ်ပါတယ်။ B2B က လုပ်ငန်းအချင်းချင်းရောင်းတာဖြစ်တဲ့အတွက် လိုအပ်ချက်များခြင်း၊ ဖြတ်သန်းရတဲ့ အဆင့်များခြင်းတွေကို ကြုံတွေ့ရတတ်ပါတယ်။ 

##### Business-to-Government (B2G)

B2G ကတော့ လုပ်ငန်းတွေကနေ အစိုးရဆီ ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။ B2Bမှာလိုပဲ ရောင်းတဲ့အခါ လိုအပ်ချက်များခြင်း၊ ဖြတ်သန်းရတဲ့ အဆင့်တွေများခြင်းတွေဖြစ်တတ်ပါတယ်။

##### Consumer-to-Consumer (C2C)

C2C ဆိုတာကတော့ Consumer အချင်းချင်းပြန်ပြီးရောင်းချခြင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် One Kyat လိုမျိုး ပစ္စည်းတွေတင်ရောင်းတဲ့ Appနဲ့ အသုံးမလိုတာတွေ ပြန်ရောင်းတဲ့ Facebook Group တွေက ဥပမာကောင်းတွေပါ။

##### Consumer-to-Business (C2B)

C2B ကတော့ Consumer ကနေ လုပ်ငန်းတွေဆီကို ပြန်ပြီး ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်းကို ဆိုလိုပါတယ်။ ဥပမာပေးရရင် Upwork, Fiverr တို့လိုမျိုး Freelance Marketplace တွေဟာ C2B ပုံစံပါ။

 

##### **Ecommerce Business Model များ**

ဒါ့အပြင် မတူညီတဲ့ Ecommerce Business Model တွေလည်းရှိပါသေးတယ်။

ဒါကတော့ လုပ်ငန်းတွေအနေနဲ့ ဘယ်လိုပုံစံနဲ့ ငွေရှာမလဲဆိုတာအပေါ်မူတည်ပြီး မတူညီတဲ့ Ecommerce Business Model တွေကို ရွေးချယ်နိုင်ပါတယ်။

 

Ecommerce Business Model တွေကတော့

- Dropshipping
- Wholesaling
- Subscription

###### Dropshipping

Dropshipping ဆိုတာရောင်းမယ့် ပစ္စည်းကို ကိုယ်ပိုင် Warehouse (သို့မဟုတ်) လက်ဝယ်ရှိစရာမလိုပဲ Supplier က တက်လာသမျှအော်ဒါတွေကို ပို့ပေးတာမျိုးဖြစ်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ပစ္စည်းကို လက်ဝယ်ထားစရာမလိုတဲ့အတွက် ကုန်ကျစရိတ်နည်းနည်းနဲ့ Ecommerce လုပ်ငန်းကို စနိုင်ပါတယ်။ ဝယ်သူဘက်က အော်ဒါတက်လာမှ Supplier ဘက်ကို အကြောင်းကြားပြီး ပစ္စည်း ပို့ခိုင်းတာဖြစ်ပါတယ်။

ပုံကို ကြည့်လိုက်ရင်တော့ ပိုရှင်းနိုင်ပါတယ်။

![Dropshipping Image](https://lh7-rt.googleusercontent.com/docsz/AD_4nXdFfpUOfo3wzYVmlhdgc4B6HYynOGfcxr5PiShMXpTeSOhrNUKzsypi9JKvI7fYcLXRY07mowkZw7ZWrg7cWM5Ie3jDoCapKO7skxp4vUtukVZiYcIOeWHmD1wN7cnTpFe2aK-5jYb4K1bKizmdP1m0ApI?key=thvcC4n1qMhAeosojxWNlw)

###### Wholesaling

ဒါကတော့ ရှင်းပါတယ်။ ကိုယ်ပိုင် Warehouse တွေ စက်ရုံတွေကနေပြီး အော်ဒါအများအပြားကိုလက်ခံကာ၊ Customer တွေဆီပို့ပေးတာပဲဖြစ်ပါတယ်။ ဒီနည်းကတော့ အရင်းအနှီးများများလိုပါတယ်။

 

###### Subscription

အခုနောက်ပိုင်းမှာတော့ Ecommerce လုပ်ငန်းတွေက Subscription ပုံစံကိုလည်း အသုံးပြုလာကြပါတယ်။ လုပ်ငန်းတွေအနေနဲ့ Subscription ရောင်းတဲ့အခါ customer တစ်ဦးက လစဉ် ထပ်တလဲလဲ ဝယ်နေရတာမျိုးဖြစ်လို့ Loyal Customer တွေပိုပြီး ရလေ့ရှိပါတယ်။ ဥပမာ မုတ်ဆိတ်ရိတ်ဓားကို ရိတ်ခါနီးမှ အဆင်ပြေတဲ့ Brand ကို ဝယ်တာထပ် ဝယ်နေကျ  Brand ကို တစ်လတစ်ခါလာပို့ဖို့ Subscription နဲ့ ဝယ်ကြတာမျိုးပါ။

Subscription နည်းမှာတော့ စျေးဝယ်သူက တစ်ကြိမ်ပဲ ဝယ်ဖို့လိုပြီး ကျန်တာတွေက အလိုလျောက်၊ လစဉ်၊ အပတ်စဉ် Subscription ကို မရပ်မခြင်း ဆက်သွားနေမှာပါ။ များသောအားဖြင့် အစားအသောက်၊ အလှအပနဲ့ ပတ်သက်တာတွေကို Subscription နဲ့ ရောင်းတတ်ကြပါတယ်။

Previous Post

###### [Ecommerce Vs Technology ရွေးချယ်ခြင်း](https://nanoomarketing.com/my/blog/choosing-right-technology-for-ecommerce)

Next Post

###### [Ecommerce ရဲ့ Customer Journey ကို နားလည်ခြင်း](https://nanoomarketing.com/my/blog/understanding-customer-journey-in-ecommerce)

### Similar Blog Posts

[![Choosing right technology for Ecommerce Image](https://nanoomarketing.com/hs-fs/hubfs/Ecommerce%20Vs%20Technology%20Choice.webp?width=352&name=Ecommerce%20Vs%20Technology%20Choice.webp)](https://nanoomarketing.com/my/blog/choosing-right-technology-for-ecommerce)

#### [Ecommerce Vs Technology ရွေးချယ်ခြင်း](https://nanoomarketing.com/my/blog/choosing-right-technology-for-ecommerce)

[![Digital Marketing Measurement Result Image](https://nanoomarketing.com/hs-fs/hubfs/DM%20Measurement%20%28Result%29.webp?width=352&name=DM%20Measurement%20%28Result%29.webp)](https://nanoomarketing.com/my/blog/digital-marketing-measurement-result)

#### [Digital Marketing ရလာဒ်တွေကို တိုင်းတာခြင်း](https://nanoomarketing.com/my/blog/digital-marketing-measurement-result)

[![SEO ဆိုတာဘာလဲ?](https://nanoomarketing.com/hs-fs/hubfs/3%20SEO%20small.jpg?width=352&name=3%20SEO%20small.jpg)](https://nanoomarketing.com/my/blog/what-is-seo)

#### [SEO ဆိုတာဘာလဲ?](https://nanoomarketing.com/my/blog/what-is-seo)

![Nan Oo Marketing footer](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20footer.svg)

### Hi there. Interested? Let's Work Together

If you or your team want to get better at digital marketing, I give talks, training, and work on consulting projects with companies and agencies.

[Contact Nan Oo](https://nanoomarketing.com/contact) [Book a Metorship Call](https://nanoomarketing.com/marketing-mentorship)

## 30 Days 30 Marketing Template Challenge

### Day 1 to Day 10

- [Content Calendar Template](https://nanoomarketing.com/content-calendar-template)
- [Service Presentation Slide](https://nanoomarketing.com/service-presentation-slide-template)
- [Digital Marketing Resume Template](https://nanoomarketing.com/resume-template)
- [Social Media Marketing Report](https://nanoomarketing.com/social-media-marketing-report-template)
- [Brand Voice Template](https://nanoomarketing.com/brand-voice-guide-template)
- [Campaign Brief Template](https://nanoomarketing.com/campaign-brief-template)
- [Search Ads Copywriting Template](https://nanoomarketing.com/google-search-ads-copy-template)
- [Website Checker](https://nanoomarketing.com/seo-checker)
- [Media Buying Template](https://nanoomarketing.com/media-buying-template)
- [Digital Marketing Strategy Template](https://nanoomarketing.com/digital-marketing-strategy-template)

### Day 11 to Day 20

- [Blog Post Writing Template](https://nanoomarketing.com/blog-post-template)
- [Social Media Audit](https://nanoomarketing.com/social-media-audit-template)
- [Sales & Marketing SLA](https://nanoomarketing.com/sales-marketing-sla-template)
- [Buyer Persona](https://nanoomarketing.com/buyer-persona-template)
- [Mini Sales & Marketing CRM](https://nanoomarketing.com/google-sheet-crm-template)
- [Press Release Template](https://nanoomarketing.com/press-release-template)
- [90 Days Checklist](https://nanoomarketing.com/digital-marketing-manager-checklists)
- [Social media & Content Marketing Plan](https://nanoomarketing.com/social-media-marketing-content-plan-template)
- [Brand Ladder & Brand Positioning Statement](https://nanoomarketing.com/brand-ladder-brand-positioning)
- [Marketing Team Wiki](https://nanoomarketing.com/blog/marketing-team-wiki-template)

### Day 21 to Day 30

- [Website Home Page Copywriting](https://nanoomarketing.com/blog/website-home-page-copywriting-template)
- [B2B Lead Gen Budget Forecasting](https://nanoomarketing.com/blog/b2b-lead-generation-budget-forecasting-sheet)
- [CRM Requirement Checklists](https://nanoomarketing.com/blog/crm-requirement-checklists-score-card)
- [B2B Annual Brand Marketing Plan](https://nanoomarketing.com/blog/b2b-annual-brand-marketing-plan)
- [Webinar Planning Template](https://nanoomarketing.com/blog/free-webinar-planning-template-sheet-download)
- [Go-to-Market Strategy](https://nanoomarketing.com/blog/go-to-market-strategy-template)
- [Brand Strategy Template](https://nanoomarketing.com/blog/brand-strategy-template)
- [Hourly Rate Calculator](https://nanoomarketing.com/blog/hourly-rate-calculator-template-google-sheet)
- [Customer Feedback Survey](https://nanoomarketing.com/blog/customer-feedback-survey-template)
- [Account Based Marketing Strategy](https://nanoomarketing.com/blog/account-based-marketing-strategy-template)

### Digital Marketing Training Services

- [Startup Digital Marketing Training](https://nanoomarketing.com/industry/startup)
- [Government Digital Marketing Training](https://nanoomarketing.com/training/government-digital-marketing)
- [SaaS Digital Marketing Training](https://nanoomarketing.com/industry/saas)
- [Corporate Digital Marketing Training](https://nanoomarketing.com/training/corporate-digital-marketing-program)
- [NGO Digital Marketing Training](https://nanoomarketing.com/industry/ngo)
- [University Marketing Lecture](https://nanoomarketing.com/training/marketing-lecture)

### Resources

- [Resource Library](https://nanoomarketing.com/resources)
- [Content Calendar](https://nanoomarketing.com/content-calendar-template)
- [Media Buying Template](https://nanoomarketing.com/media-buying-template)
- [Webinar Plan Template](https://nanoomarketing.com/free-webinar-planning-template-sheet-download)

### Mentorship Call

- [Free Digital Marketing Mentoship](https://nanoomarketing.com/marketing-mentorship)

[![Nan Oo Marketing Logo White](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo%20White.svg)](https://nanoomarketing.com/)

Expert digital marketer Nan Oo helps brands grow better across digital platforms - his comprehensive online courses teach digital marketing tactics to drive engagement and ROI.

<https://www.facebook.com/nanooandmarketing> <https://x.com/nanoothant7> <https://www.instagram.com/nan_oothant/> <https://www.linkedin.com/in/nanoo/> <https://www.youtube.com/channel/UC5Qn2H-PqgbGxUz5M6YS-6g> <https://www.slideshare.net/NanOo3> <https://www.pinterest.com/nanoocmo/> <https://nanoojourney.medium.com/> <https://www.google.com/maps/place/Nan+Oo+Marketing/@13.7788359%2C100.5602891%2C15z/data=!4m6!3m5!1s0x30e29f0032edf27d:0x75e222f8b705f2f9!8m2!3d13.7788359!4d100.5602891!16s%2Fg%2F11y3nnrtw4?sa=X&ved=1t:2428&ictx=111&entry=tts&g_ep=EgoyMDI0MDcxNy4wKgBIAVAD> [mailto:nan@nanoomarketing.com](mailto:nan@nanoomarketing.com) <https://www.researchgate.net/profile/Nan-Oo-5> <https://open.spotify.com/show/56DgfmnBvhaQhuv1gkAqes?si=5MOOfYH6SYGKbTs6ZImmsw>

[![provider-badge-white](https://nanoomarketing.com/hubfs/provider-badge-white.svg "provider-badge-white")](https://ecosystem.hubspot.com/marketplace/solutions/nan-oo)

[![messenger marketing expert manychat](https://nanoomarketing.com/hubfs/messenger%20marketing%20expert%20manychat.svg "messenger marketing expert manychat")](https://manychat.com/agency/listing/2375)

[![META Blue Print Certified](https://nanoomarketing.com/hs-fs/hubfs/META%20Blue%20Print%20Certified.png?width=100&height=100&name=META%20Blue%20Print%20Certified.png "META Blue Print Certified")](https://www.credly.com/badges/d6c9956b-021e-42a9-a5f9-dc6010c806d1/public_url)

[![hubspot-academy-hubspot-certification-badge-1 (1)](https://nanoomarketing.com/hs-fs/hubfs/hubspot-academy-hubspot-certification-badge-1%20(1).webp?width=200&height=80&name=hubspot-academy-hubspot-certification-badge-1%20(1).webp "hubspot-academy-hubspot-certification-badge-1 (1)")](https://www.credly.com/badges/d6c9956b-021e-42a9-a5f9-dc6010c806d1/public_url)

[![ADPList Top Mentorship](https://nanoomarketing.com/hs-fs/hubfs/ADPList%20Top%20Mentorship.png?width=146&height=78&name=ADPList%20Top%20Mentorship.png "ADPList Top Mentorship")](https://adplist.org/mentors/nan-oo)

### Ask AI about Nan Oo:

[![ChatGPT refers Nan Oo](https://nanoomarketing.com/hs-fs/hubfs/ChatGPT%20refers%20Nan%20Oo.webp?width=50&height=50&name=ChatGPT%20refers%20Nan%20Oo.webp "ChatGPT refers Nan Oo")](https://chat.openai.com/?q=who+is+nan+oo)

[![Gemini](https://nanoomarketing.com/hs-fs/hubfs/Gemini.png?width=50&height=50&name=Gemini.png "Gemini")](https://gemini.google.com/share/491a25a9b068)

[![Grok](https://nanoomarketing.com/hs-fs/hubfs/Grok.png?width=50&height=50&name=Grok.png "Grok")](https://grok.com/?q=who+is+nan+oo)

[![Perplexity Refers Nan Oo](https://nanoomarketing.com/hs-fs/hubfs/Perplexity%20Refers%20Nan%20Oo.webp?width=50&height=50&name=Perplexity%20Refers%20Nan%20Oo.webp "Perplexity Refers Nan Oo")](https://www.perplexity.ai/search?q=who+is+nan+oo)

[Privacy Policy](https://nanoothant.notion.site/Privacy-Policy-of-nanoomarketing-com-09d35b25a5714e9396fbb7f6391905b4)

[Terms & Conditions](https://nanoothant.notion.site/Terms-and-Conditions-for-Nan-Oo-Marketing-bec7bf6100fe4387967e602e6c308d48)

[![DMCA_badge_grn_100w](https://nanoomarketing.com/hs-fs/hubfs/DMCA_badge_grn_100w.webp?width=50&height=51&name=DMCA_badge_grn_100w.webp "DMCA_badge_grn_100w")](https://www.dmca.com/Protection/Status.aspx?ID=76f03fe3-176d-4b8c-9f3f-358908e41ff4)

[Contact Me](https://nanoomarketing.com/contact)

© 2024 Nan Oo. All Rights Reserved.

```json
{
  "@context" : "https://schema.org",
  "@type" : "BlogPosting",
  "author" : {
    "@type" : "Person",
    "name" : "နန်းဦး",
    "url" : "https://nanoomarketing.com/my/blog/author/နန်ဦ"
  },
  "dateModified" : "2025-02-13T08:00:11.081Z",
  "datePublished" : "2025-02-08T07:41:28.000Z",
  "headline" : "Ecommerce ဆိုတာဘာလဲ?",
  "image" : [ "https://nanoomarketing.com/hubfs/What%20is%20Ecommerce.png" ],
  "mainEntityOfPage" : {
    "@id" : "https://nanoomarketing.com/my/blog/what-is-ecommerce",
    "@type" : "WebPage"
  },
  "publisher" : {
    "@type" : "Organization",
    "logo" : {
      "@type" : "ImageObject",
      "url" : "https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo.svg"
    },
    "name" : "Nan Oo Marketing"
  }
}
```

```json
{
  "@context" : "https://schema.org",
  "@type" : "FAQPage",
  "mainEntity" : [ {
    "@type" : "Question",
    "acceptedAnswer" : {
      "@type" : "Answer",
      "text" : "a) True"
    },
    "name" : "Quiz -1 : Consumer-to-Consumer (C2C) သည် Consumer အချင်းချင်း ရောင်းဝယ်ခြင်းဖြစ်သည်။ a) True b) False"
  }, {
    "@type" : "Question",
    "acceptedAnswer" : {
      "@type" : "Answer",
      "text" : "b) False"
    },
    "name" : "Quiz -2 : Consumer-to-Business (C2B) သည် Consumerမှ Government သို့ရောင်းချခြင်းဖြစ်သည်။ a) True b) False"
  }, {
    "@type" : "Question",
    "acceptedAnswer" : {
      "@type" : "Answer",
      "text" : "b) False"
    },
    "name" : "Quiz - 3 : Dropshipping ပြုလုပ်မည်ဆိုလျှင် ကိုယ်ပိုင် ပစ္စည်းထုတ်လုပ်ထားပြီး Warehouse ထဲတွင် သိုမှီးထားရန်လိုသည်။ a) True b) False"
  } ]
}
```