Email Marketing ဆိုတာ ဘာလဲ?
Email Marketing ဆိုတာကတော့ Email Sending Platforms လို့ခေါ်တဲ့ ESP တွေ ကို အသုံးပြုပြီး Product နဲ့ Service တွေကို အရောင်းမြှင့်တင်ခြင်းနဲ့ Customer တွေနဲ့ အမြဲတမ်း အဆက်အသွယ်မပြတ်စေဖို့ ပြုလုပ်တဲ့ Digital Marketing နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
ESP (Email Sending Platform) ဆိုတာဘာလဲ?
ESP ရဲ့ အရှည်ကောက်ကတော့ Email Sending Platforms ဖြစ်ပါတယ်။ လူအများကြီးဆီကို Email တွေ တထိုင်တည်းပို့မယ်ဆိုရင် ESP တွေ သုံးကို သုံးရပါတယ်။ ESP မသုံးပဲ Customer တွေဆီကို CC, BCC ခံပြီး ပို့တာမျိုးက နည်းလမ်းအမှန် မဟုတ်ပါဘူး။
နာမည်ကြီးပြီး လူသုံးများတဲ့ ESP အချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Mailchimp
Mailchimp ကတော့ စျေးသက်သာပြီး အသုံးပြုရလွယ်ကူတာကြောင့် အတော်များများရွေးချယ်ကြတဲ့ Platform တစ်ခုပဲဖြစ်ပါတယ်။
Brevo
Brevo ကတော့ Email ကော၊ SMS ပါ ပို့လို့ရတဲ့အတွက် multi-channel သွားချင်တဲ့သူတွေနဲ့ ပိုကိုက်ပါတယ်။
HubSpot
HubSpot ကနေတဆင့် Email Marketing ပြုလုပ်လို့ရသလို အခြား Features တွေဖြစ်တဲ့ Sales CRM, Landing Page လုပ်တာတွေပါပါဝင်တဲ့အတွက် All-in-One Marketing Tool ကို ရှာဖွေနေတဲ့သူတွေနဲ့ ကိုက်ပါတယ်။
Email အမျိုးအစားများ
Email Marketing ကိုလေ့လာမယ်ဆိုရင် အရင်ဆုံး Email Types တွေကို ခွဲခြားသိရှိထားဖို့လိုပါတယ်။ အဓိက Email အမျိုးအစား (၂)မျိုးရှိပါတယ်။
Transactional Email
Website တွေမှာ Account ဖန်တီးတဲ့အခါ ပို့တဲ့ Registration Email, Alert Email, Password Reset လုပ်တဲ့ Email, Invoice, Receipt စတာတွေကို ပို့တဲ့ Email တွေကို Transactional Email လို့ခေါ်ပါတယ်။
Transactional Emails တွေက တော့ Engagement ကောင်းပါတယ်။ အရေးကြီးတဲ့ Email တွေဖြစ်လို့ Open rate က 70% နဲ့ အထက်မှာပါ။ Transactional Email တွေအတွက် အရေးကြီးတာက Time to inbox ပါပဲ။ မြန်မြန် Deliver နိုင်ဖို့က အဓိကပါ။ Transactional Email ဟာ Customer ပြုလုပ်လိုက်တဲ့ Action အပေါ်မူတည်ပြီး Content ကို အဲ့ဒီ Customer တစ်ဦးတည်းဆီကို ပို့တာပါ။ (ဥပမာ - Password Reset လုပ်တဲ့အခါ အဲ့ဒီ Reset Email ကို Request လုပ်တဲ့သူကသာ လက်ခံရရှိပါတယ်။)
Marketing Email
Promotional, Commercial (သို့) Personalized Bulk Email ပို့တာတွေ ဥပမာ - Weekly Newsletter၊ Summer Sales၊ Blog Update များ၊ ဘာညာလေး Download လုပ်ပါဦး၊ အစရှိတဲ့ Email တွေကို Marketing email လို့ခေါ်ပါတယ်။ Marketing Email ဟာ Brand ကနေပြီး တူညီတဲ့ Content ကို Multiple recipients တွေဆီ ပို့တာပါ။
Marketing Emails တွေက Engagement နည်းပါတယ်။ ပျှမ်းမျှအားဖြင့် Promotional Campaign တွေရဲ့ Open rate ဟာ 10-20% ကြားပဲရှိတတ်ပါတယ်။ Marketing Email တွေပို့မယ်ဆိုရင် Permission တောင်းရပါတယ်။ (တွေ့ကရာ Email List ကို အတင်းမပို့နဲ့နော်)
Email Marketing ကို ဘယ်လိုစလုပ်ရမလဲ?
Email Marketing ပြုလုပ်ဖို့အတွက် လိုအပ်တာကတော့ Contacts List လို့ခေါ်တဲ့ Email စာရင်းပါပဲ။ အဲ့ဒီ Contact List အတွက် Email စုတဲ့အခါ Email ပိုင်ရှင်တွေဆီကနေ Permission တောင်းဖို့လိုပါတယ်။ Email ပို့ဖို့ Permission မရဘဲ မပို့သင့်ပါဘူး။ (ထပ်သတိပေးပါမယ်။ Permission မရရင် လုံး၀မပို့ပါနဲ့။)
ဒီလိုမျိုး Contact List တွေများလာဖို့အတွက် လုပ်ငန်းတွေက Email Newsletter Program တွေ ပြုလုပ်ကြတာပါ။ Email Newsletter ဆိုတာကတော့ အပတ်စဉ်၊ လစဉ် အစရှိသဖြင့် သတ်မှတ်ထားတဲ့ အချိန်မှာ ဗဟုသုတတွေ၊ Subscriber တွေအတွက် အကျိုးရှိမယ့် အကြောင်းအရာတွေ၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Updateတွေကို Email ကနေတဆင့် ပို့ပေးတာပဲဖြစ်ပါတယ်။
Email Newsletter ကို လုပ်ငန်းအားလုံးနီးပါးလုပ်ကြပြီး Contact List တွေ စုဆောင်းကြပါတယ်။
Free Ebook, Templates, Webinars
နောက်တစ်နည်းကတော့ Ebook တွေ၊ Free Webinar တွေလုပ်ပြီး Contact List တွေ စုဆောင်းတာပါ။ ဒါကတော့ ရှင်းပါတယ်။ လုပ်ငန်းတွေကနေပြီး အကျိုးရှိမယ့် Guide တွေ၊ Checklist တွေကို Ebook အနေနဲ့ ဖန်တီးပြီးအခမဲ့ပေးပါတယ်။ Download လုပ်မယ်ဆိုရင် Form မှာ ကိုယ့်ရဲ့ Email ကို ထည့်ပေးရပါတယ်။ နောက်ပိုင်းမှာ အဲ့ဒီလို Download လုပ်ထားတဲ့သူတွေများလာရင် Email Marketing ပြန်လုပ်ကြတာပါ။
ပုံထဲက ဥပမာမှာဆိုရင် Content Calendar Template ကို အခမဲ့ပေးထားပြီး အဲ့ဒီ Template ကို Download လုပ်မယ့်သူတွေဟာ Form ဖြည့်ပေးရပါတယ်။
ပုံကို ကြည့်လိုက်မယ်ဆိုရင် Form ဖြည့်တဲ့သူတွေအနေနဲ့ နောက်ပိုင်းမှာ Marketing Emails တွေ လက်ခံရရှိနိုင်တယ်ဆိုတာမျိုး ကြိုပြီး Permission တောင်းထားတာကိုတွေ့နိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို သုံးပြီး Email Marketing Database တစ်ခု ဖန်တီးနိုင်ပါတယ်။ တစ်ခု သတိပြုရမှာကတော့ Email ပိုင်ရှင်တွေဆီက ခွင့်ပြုချက်မယူဘဲ Email Marketing မလုပ်မိဖို့ပါဘဲ။ အဲ့ဒီလိုပြုလုပ်တာဟာ Spam Report ပြုလုပ်ခံရပြီး ကိုယ့်လုပ်ငန်းရဲ့ email address တွေကို Spam box (သို့မဟုတ်) Junk box ထဲရောက်သွားစေပါတယ်။ လုပ်ငန်း Reputation ကို ထိခိုက်စေတာမို့ ခွင့်ပြုချက်ကို ယူထားသင့်ပါတယ်။
Email Marketing နဲ့ ပတ်သက်သော မေးခွန်းများ
Email Marketing အမျိုးအစား (၄)မျိုးရှိပါတယ်။
Weekly Newsletter၊ Summer Sales၊ Blog Update များ၊ ဘာညာလေး Download လုပ်ပါဦး၊ အစရှိတဲ့ Email တွေကို Transactional Emailလို့ခေါ်ပါတယ်။
False
Email Marketing ပြုလုပ်တဲ့အခါ Email ပိုင်ရှင်ဆီမှ Permission မတောင်းဘဲ ပို့နိုင်ပါတယ်။
False
ESP ရဲ့ အရှည်ကောက်မှာ (a) Email Sending Platform (b) Email Sending Post (c) Email Signature Platform ဖြစ်ပါတယ်။
(a) Email Sending Platform