Ecommerce Vs Technology ရွေးချယ်ခြင်း

အရှေ့ကအခန်းမှာပြောခဲ့တဲ့ Ecommerce လုပ်ငန်းအောင်မြင်ဖို့ လိုအပ်တဲ့ 3Ps ထဲမှာ တစ်ခုပါဝင်တဲ့ Platform တွေရွေးချယ်ခြင်း တနည်းအားဖြင့် မှန်ကန်သော Technology ရွေးချယ်ခြင်းကို အခု လေ့လာရမှာဖြစ်ပါတယ်။
ဒီလိုရွေးချယ်ရာမှာ အရမ်းအသုံးဝင်တဲ့ Scorecard Guideline ရှိပါတယ်။
အောက်ကပုံကို အရင်ကြည့်ကြည့်ရအောင်
ဒီ Scorecard ကို အသုံးပြုပြီးမှ Technology Solution တွေကို အမှတ် 0 ကနေ 4 အထိပေးလို့ရပါတယ်။ 0 ကတော့ အနိမ့်ဆုံးဖြစ်ပြီး 4 ကတော့ အမြင့်ဆုံးဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အားလုံးကို အမှတ်ပေါင်းကြည့်တဲ့အခါ အမှတ်အများဆုံး Solution ၁ခု သို့မဟုတ် ၂ခုကို Head to head ထပ်ပြီး ယှဉ်ကြည့်လို့ရပါတယ်။ ဒီလိုမျိုး ယှဉ်တဲ့အခါ Technology ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့။ အမှတ်ပေးစည်းမျဉ်းအတွက် အောက်က ပုံကို ကြည့်ပါ။
Criteria Explanation
ဒါဆိုရင် စလိုက်ရအောင်
1. Annual Cost
နှစ်စဉ်ကြေးတွေကလည်း ကိုယ့်ရဲ့ Budget ထဲ ဝင်ဖို့လိုတာမို့ ဒါကိုလည်း Factor တစ်ခုအနေနဲ့ ထည့်စဉ်းစားပါတယ်။ အမှတ် 0 ကတော့ အရမ်းစျေးကြီးတာဖြစ်ပြီး 4 ကတော့ ကိုယ့် Budget ထဲဝင်တာဖြစ်ပါတယ်။
2. Implementation
Implement လုပ်ရတာလွယ်ကူခြင်းကလည်း ကိုယ့်လုပ်ငန်းတိုးတက်ဖို့ကို အထောက်အကူဖြစ်ပါတယ်။ နောက်ဆုံးပေါ်နည်းပညာအများစုက အသုံးပြုရ အဆင်ပြေချောမွေ့တတ်တာများပါတယ်။ ဒီအပိုင်းမှာတော့ Technology ကျွမ်းကျင်သူတွေနဲ့ စကားပြောပြီးမှ ရွေးချယ်စေချင်ပါတယ်။
0 က အရမ်းခက်ခဲတဲ့ Implementation ဖြစ်ပြီးတော့ 4 ကတော့ Implement လုပ်ရတာ အရမ်းလွယ်ကူပြီး ကိုယ်တိုင်တောင် Implement လုပ်နိုင်တဲ့ Platform မျိုးဖြစ်ပါတယ်။
3. Integration
Ecommerce ဆိုရယ်လို့ ဖြစ်လာရင် Integrate လုပ်ရမှာတွေ အများကြီးရှိပါတယ်။ Website ကို Payment, CRM, Tracking အစရှိတဲ့ App တွေ၊ System တွေ Integrate လုပ်ရမှာဖြစ်လို့ Integration အဆင်ပြေချောမွေ့ခြင်းကလည်း အရေးကြီးပါတယ်။ 0 ကတော့ လုံး၀ Integrate လုပ်လို့ မလွယ်တာဖြစ်ပြီး 4ကတော့ One-click Integration လုပ်လို့ရတာမျိုးပါ။
4. Automation
Automation စနစ်ကောင်းခြင်းဟာ လုပ်ငန်းကို ချောမွေ့စွာ လည်ပတ်နိုင်စေပါတယ်။ 0 ကတော့ Automation လုံး၀မပါတာဖြစ်ပြီး 4ကတော့ လွယ်ကူစွာ Automation ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။
5. Adoption
Platform ကို အသုံးပြုမယ့် User တွေအတွက် UI/UX ကောင်းဖို့လိုပါတယ်။ ကိုယ်ရွေးလိုက်တဲ့ နည်းပညာက အသုံးပြုရ ခက်တယ်ဆိုရင် Adopt လုပ်ဖို့ ကြာပါလိမ့်မယ်။ 0 ကတော့ အရမ်းရှုပ်ထွေးတဲ့ UI နဲ့ ခက်ခဲကာ၊ နားလည်ရခက်တဲ့ UX ဖြစ်ပြီး 4ကတော့ အသုံးပြုရလွယ်ကူကာ Training အရမ်းကြီးမလိုတာကို ဆိုလိုပါတယ်။
6. Free Trial
ပစ္စည်းတစ်ခုခု မဝယ်ခင် စမ်းပြီး သုံးကြည့် စစ်ဆေးကြည့်သလိုပဲ Software တွေမှာလည်း Free Trial ပါရင် Buying Decision ကို ပိုပြီး မှန်ကန်စွာ ချဖို့ အထောက်အကူပြုပါတယ်။ (တကယ်လို့ သင်က Enterprise ကုမ္ပဏီအကြီးကြီးဆိုရင်တော့ Demo ပေးမပေး ကြည့်ပါ။)
0 ကတော့ Free Trial မပါတာဖြစ်ပြီး 4 ကတော့ Free plan အဖြစ် စမ်းသုံးလို့ရတာပါ။
7. G2 Review
စားသောက်ဆိုင်တစ်ခု ကောင်းမကောင်း Review နဲ့ ကြည့်လို့ရသလို Software တွေမှာလည်း Review ရှိပါတယ်။ G2 က Software Review Directory လိုမျိုးအလုပ်လုပ်ပါတယ်။ G2 မှာ 3 Stars အောက်ဆိုရင်တော့ 0 ဖြစ်ပြီး 4.5နဲ့ အထက်ရရင်တော့ 4 ပေးလိုက်ပါ။
ဒီအမှတ်တွေ အကုန်ဖြည့်ပြီးပြီဆိုရင်တော့ စုစုပေါင်းရတဲ့ အမှတ်အပေါ်မူတည်ကာ ဇကာတင် Software ၂ခုလောက် ရွေးနိုင်ပါတယ်။ ပြီးရင်တော့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး Final Decision ချနိုင်ပါပြီ။