Ecommerce လုပ်ငန်းစတင်ခြင်း

အခု သင်ခန်းစာမှာတော့ ကိုယ့်အနေနဲ့ Ecommerce လုပ်ငန်းစမယ်ဆိုရင် ဘယ်ကစရမလဲဆိုတဲ့ အဆင့်တွေကို တစ်ခုချင်း ပြောပြပေးသွားမှာပါ။
၁။ နယ်ပယ်ရွေးချယ်ခြင်း
Ecommerce လုပ်ငန်းစတော့မယ်ဆိုရင်တော့ အရင်ဆုံး ဘယ်လုပ်ငန်းနယ်ပယ်အတွက်လဲဆိုတဲ့ Niche ကိုရွေးရပါမယ်။ ဘာရောင်းမလဲပေ့ါ။ Amazon ဆိုရင် စာအုပ်တွေရောင်းတာကနေစခဲ့တာပါ။ နောက်ပိုင်းမှ ဖြည်းဖြည်းချင်း ပစ္စည်းတွေ အစုံတင်ပြီး Market ကို ချဲ့လို့ရပါတယ်။
တကယ်လို့ သင်က Eco-friendly Products တွေကို စိတ်ဝင်စားတယ်ဆိုပါစို့။ ဒါဆိုရင် သင့်အနေနဲ့ ပစ္စည်းအကုန် တင်ရောင်းမယ့်အစား Sustainable ဖြစ်တဲ့ ပန်းကန်၊ ခွက် နဲ့ မီးဖိုချောင်သုံးပစ္စည်း စတာတွေကို အရင်စဉ်းစားတာမျိုးက ရေရှည်မှာ ပိုပြီးကောင်းပါတယ်။
ဒီလို Niche တစ်ခုရွေးလိုက်ခြင်းဟာ ကိုယ်ပစ်မှတ်ထားရောင်းချမယ့် Customer ကိုရွေးချယ်ရာမှာလည်း ပိုပြီး လွယ်ကူသွားစေပါတယ်။
၂။ Ecommerce Platform ကို Setup ပြုလုပ်ခြင်း
ဒီနေရာမှာ မှန်ကန်တဲ့ နည်းပညာရွေးချယ်ခြင်းမှာ မျှဝေခဲ့တဲ့အတိုင်း Scorecard တစ်ခုလုပ်ပြီး သေချာ တွက်ချက် ရွေးချယ်တာက ကောင်းပါတယ်။ ရွေးချယ်တဲ့နေရာမှာ အသုံးပြုရလွယ်ကူခြင်း၊ Customization ပြုလုပ်နိုင်ခြင်းနဲ့ လုပ်ငန်းချဲ့ထွင်ဖို့ လွယ်ကူခြင်းတွေကိုလည်း ထည့်သွင်းစဉ်းစားတာ အကောင်းဆုံးပါ။ ဥပမာ သင်က လုပ်ငန်းသေးပြီး Tech Team လည်းမရှိဘူးဆိုရင်တော့ Shopify လိုမျိုး အလွယ်တကူ Store တည်ဆောက်လို့ရတဲ့ Platform မျိုးကို ဦးစားပေးရွေးချယ်သင့်ပါတယ်။
၃။ Product Sourcing ပြုလုပ်ခြင်းနှင့် Inventory Management
Ecommerce လုပ်ငန်းရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ Product Sourcing ပြုလုပ်ဖို့အတွက် မှန်ကန်ပြီး ရေရှည် လက်တွဲလို့ကောင်းမယ့် စက်ရုံတွေ၊ လက်ကားအရောင်းဒိုင်တွေကို သေသေချာချာ သုတေသနပြုလုပ်ပြီး ရွေးသင့်ပါတယ်။
နောက်တစ်ချက်ကတော့ Inventory ကို သေချာ စီမံခန့်ခွဲဖို့ပါ။ အရောင်းတက်နေချိန်မှာ ပစ္စည်းတက်နေတာမျိုး၊ အရောင်းပါးချိန်မှ ပစ္စည်းပုံနေတာမျိုး မဖြစ်ဖို့ Inventory Management ကလည်း အရေးကြီးပါတယ်။
ဥပမာ - Alibaba လိုမျိုး Website တွေကနေ ပစ္စည်းအမြောက်အများကို သက်သာတဲ့ စျေးနှုန်းနဲ့ မှာယူနိုင်သလို၊ နောက်တနည်းကတော့ Dropshipping လို့ခေါ်တဲ့ နည်းလမ်းကိုလည်း စျေးကွက်က သင့်ဆီကနေ Demand မများခင်မှာ အသုံးပြုနိုင်ပါတယ်။
၄။ Payment နှင့် Shipping Option အပိုင်းပြင်ဆင်ခြင်း
ကိုယ့်ရဲ့ Ecommerce Website မှာ Visa, Master ကတ်တွေနဲ့ပေးချေခြင်း၊ Payment Wallet တွေနဲ့ ပေးချေနိုင်ခြင်း အစရှိတဲ့ မတူညီတဲ့ Payment Options တွေပြင်ဆင်ပေးထားဖို့လိုပါတယ်။ ဒါမှလည်း Customer တွေအတွက် ကောင်းမွန်တဲ့ Checkout Experience ကို ပေးနိုင်မှာပါ။
Shipping အပိုင်းကို စဉ်းစားရာမှာလည်း Free Shipping ပေးမလား၊ ဘယ်ကိုပဲ ပို့ပို့ တစ်စျေးတည်းပဲယူတဲ့ Flat Rate၊ ပို့တဲ့နေရာအပေါ်မူတည်ပြီး စျေးပြောင်းတဲ့ Calculated Rate တွေကိုလည်း သိထားဖို့လိုပြီး ကိုယ့်ဝယ်ယူသူနဲ့ ကိုက်ညီတဲ့ Shipping option ကို ပြင်ဆင်ထားရပါမယ်။
ဝယ်ယူတဲ့ ပမာဏအပေါ်မူတည်ပြီးတော့လည်း Shipping Option တွေပြင်ဆင်သင့်ပါတယ်။ ဥပမာ ၂သိန်းဖိုးအထက်ဝယ်ရင် Delivery Free ဆိုတာမျိုးတွေပါ။
နောက်ပြီးပစ္စည်းကို တကယ်ပို့ဆောင်မယ့် Devlery ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့လည်း သေချာချိတ်ဆက်ထားပြီး စာချုပ်ချုပ်ဖို့လိုပါတယ်။ တစ်ခါတစ်လေမှာ ပစ္စည်းပို့တာနောက်ကျတာ၊ ပစ္စည်း ထိခိုက်မှုရှိတာတွေကြောင့်လည်း Customer တွေက Complain တက်နိုင်ပါတယ်။
၅။ Ecommerce Store Marketing ပြုလုပ်ခြင်း
အပေါ်ကအချက်တွေ ပြင်ဆင်ပြီးလို့ Ecommerce ကို Launch လုပ်တဲ့အခါမှာတော့
Marketing Strategy တွေကို သိဖို့လိုလာပါပြီ။
Ecommerce Store တွေအတွက် ပုံသေ Marketing Activities တွေရှိပါတယ်။
အဲ့တာတွေကတော့
- Search Engine Optimization (SEO)
- Social Media Marketing
- Email Marketing
- Paid Advertising တွေပဲဖြစ်ပါတယ်။
တကယ်လို့ သင်က Eco-friendly Kitchenware တွေရောင်းတယ်ဆိုရင်တော့
- “Eco-friendly Kitchenware” တွေနဲ့သက်ဆိုင်တဲ့ လူတွေအရှာများမယ့် keyword တွေကို Search Engine Optimization (SEO) ပြုလုပ်ခြင်း
- Instagram မှာ Sustainable Products တွေ အရေးကြီးကြောင်း Post များဖန်တီးခြင်း
- Facebook မှာ ကြော်ငြာဖန်တီးပြီး အရောင်းမြှင့်တင်ခြင်း
- ဝယ်ယူဖူးတဲ့ Customer များကို Email Marketing ပြုလုပ်ခြင်းတို့ကို ထည့်သွင်း စဉ်းစားနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ အချက် (၅)ချက်ဟာ Ecommerce လုပ်ငန်းတစ်ခုစတင်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒီအချက် တစ်ခုချင်းကို သေချာစဉ်းစားပြီးမှသာလျှင် Ecommerce လုပ်ငန်းစတင်ဖို့ ဆုံးဖြတ်ချက်ချသင့်ပါတယ်။