---
title: Digital Marketing ရလာဒ်တွေကို တိုင်းတာခြင်း
description: Digital Marketing ရလာဒ်တွေကိုတိုင်းတာဖို့က Marketing Objective တွေချမှတ်ခဲ့ပြီးအဲ့ဒီ Objective တွေနဲ့ ကိုက်ညီတဲ့ Key Results တွေရှိနေရပါမယ်။
image: https://nanoomarketing.com/hubfs/DM%20Measurement%20%28Result%29.webp
---

[![Nan Oo Marketing](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo.svg)](https://nanoomarketing.com)

- Industry
  
  Show submenu for Industry 
  
    - [Startups](https://nanoomarketing.com/industry/startup)
    - [SaaS](https://nanoomarketing.com/industry/saas)
    - [NGO](https://nanoomarketing.com/industry/ngo)
    - [Government](https://nanoomarketing.com/training/government-digital-marketing)
- Courses
  
  Show submenu for Courses 
  
    - [University Lecture](https://nanoomarketing.com/training/marketing-lecture)
    - [Full Stack Digital Marketing](https://nanoomarketing.com/certificates/digital-marketing-mm)
    - [Corporate Training](https://nanoomarketing.com/corporate-digital-marketing-training)
- Experiences
  
  Show submenu for Experiences 
  
    - [Speaker](https://nanoomarketing.com/events)
    - [Brands](https://nanoomarketing.com/brands)
    - [Alumni](https://nanoomarketing.com/alumni)
- Resources
  
  Show submenu for Resources 
  
    - [Marketing Library](https://nanoomarketing.com/resources)
    - [Free Mentorship](https://nanoomarketing.com/marketing-mentorship)
    - [Blog](https://nanoomarketing.com/blog)
- [Bio](https://nanoomarketing.com/about-nan-oo)

- Industry
  
  Show submenu for Industry 
  
    - [Startups](https://nanoomarketing.com/industry/startup)
    - [SaaS](https://nanoomarketing.com/industry/saas)
    - [NGO](https://nanoomarketing.com/industry/ngo)
    - [Government](https://nanoomarketing.com/training/government-digital-marketing)
- Courses
  
  Show submenu for Courses 
  
    - [University Lecture](https://nanoomarketing.com/training/marketing-lecture)
    - [Full Stack Digital Marketing](https://nanoomarketing.com/certificates/digital-marketing-mm)
    - [Corporate Training](https://nanoomarketing.com/corporate-digital-marketing-training)
- Experiences
  
  Show submenu for Experiences 
  
    - [Speaker](https://nanoomarketing.com/events)
    - [Brands](https://nanoomarketing.com/brands)
    - [Alumni](https://nanoomarketing.com/alumni)
- Resources
  
  Show submenu for Resources 
  
    - [Marketing Library](https://nanoomarketing.com/resources)
    - [Free Mentorship](https://nanoomarketing.com/marketing-mentorship)
    - [Blog](https://nanoomarketing.com/blog)
- [Bio](https://nanoomarketing.com/about-nan-oo)

[Contact Me](https://nanoomarketing.com/contact)

[Digital Marketing](https://nanoomarketing.com/my/blog/tag/digital-marketing) [Marketing Measurement](https://nanoomarketing.com/my/blog/tag/marketing-measurement) [Marketing Result](https://nanoomarketing.com/my/blog/tag/marketing-result)

# Digital Marketing ရလာဒ်တွေကို တိုင်းတာခြင်း

[![နန်းဦး](https://nanoomarketing.com/hubfs/Nan%20Oo%20Digital%20Marketing%20Consultant.svg)](https://nanoomarketing.com/my/blog/author/နန်ဦ)

[နန်းဦး](https://nanoomarketing.com/my/blog/author/နန်ဦ)  1 အောက်တိုဘာ 2024

![Digital Marketing Measurement Result Image](https://nanoomarketing.com/hubfs/DM%20Measurement%20%28Result%29.webp)

[Digital Marketing](https://www.appsflyer.com/) ရလာဒ်တွေကို တိုင်းတာရမယ့် အချိန်ရောက်ပါပြီ။

အခုလို Digital Marketing ခေတ်ကြီးထဲမှာ Campaign သေးသေးလေး (တစ်နေ့ $5) လောက်ပဲ run run.. တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Integrated Marketing Campaign ကြီးတွေပဲ run run… ပြန်ပြီးတိုင်းတာဖို့က လိုကိုလိုပါတယ်။ တိုင်းတာတဲ့နေရာမှာ Campaign မစခင်ကတည်းကတော့ ရှင်းလင်းပြတ်သားတဲ့ Marketing Objective တွေချမှတ်ခဲ့ပြီးအဲ့ဒီ Objective တွေနဲ့ ကိုက်ညီတဲ့ Key Results တွေရှိနေမယ်ဆိုရင် Campaign ပြီးလို့ တိုင်းတာတဲ့ အခါ ပိုအဆင်ပြေပါတယ်။

## ဘယ် Tools တွေသုံးမှာလဲ?

တိုင်းတာတဲ့အခါ [Facebook Ads Manager](https://www.facebook.com/business/tools/ads-manager), [Meta Business Suite](https://www.facebook.com/business/tools/meta-business-suite?content_id=8G0q1HHBj3It95k&ref=sem_smb&utm_term=dsa-1960470484984&gclid=CjwKCAiAtYy9BhBcEiwANWQQL2ho2q7pWlhPX8awsCuEGXssd6THxPM-qboq8aoCQsGq4FlWyVuyyxoCwDAQAvD_BwE&gad_source=1) နဲ့ [Google Analytics](https://developers.google.com/analytics) အစရှိတာတွေကို သုံးလို့ရပါတယ်။ ဒါ့အပြင် Third party measurement tool တွေဖြစ်တဲ့ [Report Garden](https://reportgarden.com/?utm_source=Google_AdWords&utm_medium=cpc&campaignid=294820407&adgroupid=26857313127&targetid=kwd-299814089739&loc_interest_ms=&loc_physical_ms=9197962&matchtype=e&network=g&device=c&devicemodel=&keyword=report%20garden&placement=&target=&adposition=&creative=623082753315&gad_source=1&gclid=CjwKCAiAtYy9BhBcEiwANWQQLwiSaMbYuH_UvbMUHywt90Obsg7FA0Ct69V4ETUcUpD266ZnP7h8QxoCp_gQAvD_BwE), [Hootsuite](https://www.hootsuite.com/research/social-trends?srsltid=AfmBOorMfp_ugWfHgr_dqEc114LYqzhx0GN9kvUD2jYiICH_I1n4HmLz), [Buffer, Super Metrics](https://supermetrics.com/?utm_content=Supermetrics&utm_term=supermetrics&utm_campaign=G_AU_PPC_Supermetrics&utm_source=google&utm_medium=cpc&hsa_acc=3734961288&hsa_cam=20126581107&hsa_grp=172933840757&hsa_ad=727672593355&hsa_src=g&hsa_tgt=kwd-302262141812&hsa_kw=supermetrics&hsa_mt=b&hsa_net=adwords&hsa_ver=3&gad_source=1&gclid=CjwKCAiAtYy9BhBcEiwANWQQLyW0zGcd-n0Z554CMTNP7cB7nKxAzjmSnt439FV5lviN5-rLo6JIvxoCvPQQAvD_BwE), [Appsflyer](https://www.appsflyer.com/), [Adjust](https://www.adjust.com/)အစရှိတာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ Platform တွေအလိုက်လည်း မတူညီတဲ့ Reporting Tools တွေရှိသေးတာမို့ Campaign မစခင်ကတည်းက ဘယ် Tools တွေသုံးမယ်ဆိုတာ ကြိုပြီး ဆုံးဖြတ်ထားသင့်ပါတယ်။

### ဘယ် Metrics တွေကို တိုင်းမှာလဲ?

[Social Media](https://nanoomarketing.com/my/blog/what-is-social-media-marketing), [Email](https://nanoomarketing.com/my/blog/email-marketing), [SEO](https://nanoomarketing.com/my/blog/what-is-seo), [SEM](https://nanoomarketing.com/my/blog/search-engine-marketing-sem) အစရှိတဲ့ မတူညီတဲ့ Digital Marketing Tacticsတွေကို တိုင်းတာတဲ့အခါ သူ့ Platform အလိုက် သိထားရမယ့် တိုင်းတာတဲ့ Metrics တွေရှိပါတယ်။

 

### Social Media Marketing Metrics

![Social Media Marketing Metrics Image](https://lh7-rt.googleusercontent.com/docsz/AD_4nXdR4BUnJ3WZ53AJ3PNX6Y4XcsAAxxR3RM-6P67I7owYlDFTiYR59YSa8Rm7Ies720H3J6Nenp9MXmA1eGde0wnbWMBunEUY4T-kfzfOBs9DOd6ZKLKDmdS5nZ2H1na7S0RaJcRZGQlvHaTGLmNv6R-F2kJF?key=eegNyWOHodSe-LrND7YgZw)

 

Social Media Platform တွေရဲ့ ရလာဒ်တွေကို တိုင်းတာတဲ့အခါ Reach, Impression, Engagement, Message, Follower Growth အစရှိတဲ့ Metrics တွေကို ဦးစားပေးလေ့ရှိပါတယ်။ (လုပ်ငန်းအပေါ်မူတည်ပြီးတော့ ပြောင်းလဲတာတွေရှိနိုင်ပါတယ်။) 

#### Reach & Impression

Reach ဆိုတာကတော့ ကြော်ငြာ Post က Device ဘယ်နှခုစီရောက်လဲဆိုတာကို ဆိုလိုပါတယ်။

Impression ဆိုတာကတော့ ဒီကြော်ငြာ Post ဟာ Device တွေစီမှာ ဘယ်နှကြိမ်ပြလဲကို ဆိုလိုပါတယ်။

ဒါကြောင့် Reach က 100 ဖြစ်ပေမယ့် Impression က 1000 လည်း ဖြစ်နိုင်ပါတယ်။

#### Engagement

Engagement ဆိုတာကတော့ ကြော်ငြာ Post ကို Like, Comment, Share, View, Save အစရှိတဲ့ Action တွေ အားလုံးပေါင်းထားတာကို ဆိုလိုပါတယ်။ (Social Media Platform တွေအလိုက် Engagement ကို သတ်မှတ်ပုံက ကွဲပြားနိုင်ပေမယ့် အဓိကကတော့ ကြော်ငြာ Post ကို မြင်ပြီး တုံ့ပြန်တဲ့ Action တွေအားလုံးကို Engagement အဖြစ် သတ်မှတ်နိုင်ပါတယ်။)

#### Message

Message ကတော့ ရှင်းပါတယ်။ ကိုယ့်ရဲ့ Social Media Account or Page ကို စာလာပို့တဲ့ အရေအတွက်ကို ဆိုလိုတာပါ။ နောက်ပြီး Follower အရေအတွက်၊ Subscribers အရေအတွက်တွေကိုလည်း တိုင်းတာကြပါတယ်။

Social Media  မှာတော့ အပေါ်ကပြောခဲ့တဲ့ Metrics တွေကို အဓိက တိုင်းတာကြလေ့ရှိပါတယ်။ အခြား Metrics တွေရှိပေမယ့် ရှည်သွားမှာစိုးလို့ မထည့်ဘဲ ချန်ထားလိုက်ပါတယ်။

### Google Analytics Metrics

![Google Analytics Metrics Sample Image](https://lh7-rt.googleusercontent.com/docsz/AD_4nXeA_RPflaXlfP-H3-FpXdwMuk4S149mQOQp5iUV5ycr98pOIBjnhq9Du6-7ttwKpdYemsT0W1WippCjbQSpX4pnBdNFvObRIEXShPKksIIjTkfrblYI_lMdUis-lF2sdaKn99ZLEqqCFXsWr2hij1_qpK-O?key=eegNyWOHodSe-LrND7YgZw)

 

သင့်လုပ်ငန်းမှာ Website ရှိမယ်ဆိုရင် Google Analyticsကတော့ မရှိမဖြစ်ပါပဲ။ Channel ပေါင်းများစွာကနေ သင့် Website ကို ဝင်ရောက်ကြည့်ရှူကြတဲ့အခါ Google Analytics က အားလုံးရဲ့ Report ဆုံချက်ဖြစ်လာပါတော့တယ်။ 

#### Users & Sessions

Google Analytics မှာ Unique Visitors ကို (Users) အဖြစ်သတ်မှတ်ပြီးတိုင်းတာလို့ရပါတယ်။ Sessions ဆိုတာကတော့ Site မှာ ဖြစ်ပျက်တဲ့ Overall Acitvity တွေကို မှတ်တာဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် Session တစ်ခုမှာ ယေဘုယျအနေနဲ့ 30မိနစ်ရှိပါတယ်။

#### Bounce Rate

ဒါကတော့ Website ကို ဝင်ကြည့်တဲ့ Visitors (Users) တွေထဲကမှ Page တစ်ခုကို စက္ကန့်အနည်းငယ်ပဲ ကြည့်ပြီး ချက်ချင်းပြန်ထွက်သွားတဲ့ အရေအတွက် %ဖြစ်ပါတယ်။ Bounce Rate များရင်တော့ Visitor တွေရဲ့ Experience မကောင်းဘူးလို့ ယူဆနိုင်ပြီး Site ကို ပြုပြင်မှုတွေလုပ်ရပါတယ်။

#### Traffic Sources

Traffic Sources တွေကတော့ ဘယ် website (သို့) platform ကနေပြီး သင့် site ဆီကို Visitor တွေပို့ပေးလိုက်လဲဆိုတာကို ပြပါတယ်။

#### Key Events

Website မှာ Visitor (User) တစ်ယောက်က Form ဖြည့်တာ၊ စျေးဝယ်တာနဲ့ အခြားအရေးကြီးတဲ့ Event တွေကို ပြုလုပ်သွားတယ်ဆိုရင် အဲ့တာတွေကို Key Events အဖြစ် မှတ်သားနိုင်ပါတယ်။

#### Revenue

တကယ်လို့ ကိုယ့်ရဲ့ Website က Online ကနေတိုက်ရိုက် ပစ္စည်းတွေရောင်းချပြီး Checkout ပြုလုပ်နိုင်တယ်ဆိုရင် Google Analytics မှာ Revenue ကို ကြည့်နိုင်ပါတယ်။

### Email Campaign Metrics

![Email Campaign Metrics Sample Image](https://lh7-rt.googleusercontent.com/docsz/AD_4nXeawzpudvnaRTZsct-pF3WLYC5C3K1kWVbmHmwLUacaE7CQLAq69TByYLl6Zfbw1vY3HaCnJe8v4ozKH4lp_nvJM1LQzP8PJko_qKi_km6LVjX1Aa4N0jIAI5zZSQruG0IpPZ9xI0aHzadq1WqaS3W-dSV5?key=eegNyWOHodSe-LrND7YgZw)

 

Email Marketing အတွက်က​တော့

#### **Open Rate**

#### လူဘယ်လောက်များများ သင့် Email ကို ဖွင့်ဖတ်သလဲ ဆိုတာကို % နဲ့ပြပါတယ်။ ဒီနေရာမှာ Unique Open တော့ ဖြစ်ချင်မှ ဖြစ်ပါမယ်။

#### **Click-Through Rate (CTR)**

Email အထဲက နှိပ်လို့ရသမျှ Button, Link စတာတွေကို နှိပ်ကြလဲဆိုတာကို %နဲ့ပြပါတယ်။

#### **Bounce Rate**

ကိုယ်ပို့လိုက်တဲ့ Email လိပ်စာတွေထဲမှာမှ အချို့လိပ်စာတွေက တကယ်ရှိမနေခြင်း၊ တကယ်ရှိနေသော်လည်း Inbox ပြည့်နေခြင်း၊ မိမိကို Block ထားခြင်း အစရှိတာတွေက သင့် Email ကို Bounce စေပါတယ်။

#### **Unsubscribe Rate**

ဒါကတော့ သင် Email ပို့ပြီးနောက်မှ Unsubscribe လုပ်သွားတဲ့လူအရေအတွက် % ဖြစ်ပါတယ်။

#### Paid Advertising Results

တကယ်လို့ ကိုယ်က Google, Facebook, Instagram အစရှိတဲ့ Platform တွေမှာ ကြော်ငြာဖန်တီးနေရင်တော့ အပေါ်က ပြောခဲ့တဲ့ Metrics တွေအပြင် ထပ်ကြည့်ရမယ့် အရာတွေရှိပါသေးတယ်။

#### Cost Per Click (CPC)

![Cost Per Click (CPC) Image](https://lh7-rt.googleusercontent.com/docsz/AD_4nXf3fZaG4WFdJ5wV6ktC2fZ4gXSYpiuysyejz0OiGp-wdyHceIVRVhh_nBqYZW0NVghJEhPlBdaxnBPjEoP23tZyv59LY6b-w1CQb1p97godYctNZwbk3ctdCbxBJ2e6q9xY8oiBDctzB9DR1KAoEmXfBzVZ?key=eegNyWOHodSe-LrND7YgZw)

 

ဒါကတော့ လူတစ်ယောက် က ကိုယ့်ကြော်ငြာကို ကလစ်နှိပ်သွားတိုင်းပေးရတဲ့ ကျသင့်ငွေဖြစ်ပါတယ်။

သူ့ကို Cost Per Click (CPC)လို့ သုံးပါတယ်။ CPC ကိုတွက်တဲ့နည်းကတော့ စုစုပေါင်း ကြော်ငြာဘတ်ဂျက်ကို တည်ပြီး Clicks နဲ့ စားလိုက်တာပါ။

#### Click Through Rate (CTR)

![Click Through Rate (CTR) Image](https://lh7-rt.googleusercontent.com/docsz/AD_4nXex9oWAdi1exkgZ_5wLPVPshuar6cjKpZIzXX1_kpX1sgF1KFy9z48LzO92F3p-U0QTm47FsAmhtrEo2s8jffPopEk8UuwhZxgv0Evo-CGPkH-MydTk_19gf4X1AQQjs4eatWZRUDb6xujrZPXxVqr3yUgA?key=eegNyWOHodSe-LrND7YgZw)

ဒါကတော့ လူတွေ သင့်လုပ်ငန်းရဲ့ ကြော်ငြာကို မြင်ပြီး နှိပ်လိုက်တဲ့ နှုန်းကို တွက်ပြတာပါ။ CTR ကို သိချင်ရင်တော့ စုစုပေါင်း နှိပ်သွားတဲ့ Click ကို တည်ပြီး စုစုပေါင်း မြင်သွားတဲ့ Impressions နဲ့ စားကာ 100 နဲ့ မြှောက်ရင် သိနိုင်ပါတယ်။

 

#### Return on Ad Spend (ROAS)

![ROAS Image](https://lh7-rt.googleusercontent.com/docsz/AD_4nXdb2U2VNbO_h7nPK78yGvPsywLJzV3Ep3kh_K2B6sw-KLBiQOysiuQcUALj4juVPDFOWje0PzRlDpvqeUS5KbMOtPhetQ5kKBjGsXEdhqpnEqFQUMNCdK2knSdpQCG5UAUaRxrBj4dxgI1_GVs7KGyqCKCU?key=eegNyWOHodSe-LrND7YgZw)

ဒီ Metrics ကတော့ လုပ်ငန်းရှင်တွေ စိတ်အဝင်စားဆုံး Metrics ပါ။ ကိုယ်ကြော်ငြာမှာ သုံးထားတဲ့ ငွေကနေ ရောင်းအား ဘယ်လောက် ပြန်ပြီး ရှာပေးနိုင်လဲဆိုတာကို ပြတဲ့ Metrics ပါ။ 

ROAS ကို တွက်ချင်ရင်တော့ ကြော်ငြာလို့ရောင်းရတဲ့ ဝင်ငွေကိုတည်ပြီး ကြော်ငြာ အသုံးစရိတ်နဲ့စားကာ 100နဲ့မြှောက်လိုက်ပါ။ ROAS ကောင်း၊ မကောင်း ကတော့ ကြော်ငြာစရိတ်ရဲ့ ၃ဆ (သို့) ၄ဆပြန်ရရင် ကောင်းတယ်လို့ ဆိုကြပါတယ်။

အခုလို Digital Marketing ရဲ့ Result တွေ တိုင်းရတာ အချိန်တစ်ခုပေးရပြီး၊ Platform တွေနဲ့ ကြော်ငြာတွေအပြင် Data Analysis ပါ လုပ်တတ်ဖို့လိုပါတယ်။ အချိန်ကုန်သက်သာချင်ရင်တော့ အေဂျင်စီများနှင့် တွဲပြီး အလုပ်လုပ်ခြင်း (သို့မဟုတ်) Digital Marketing Analytics Tool များကို ငွေပေးပြီး အသုံးပြုနိုင်ပါတယ်။

Previous Post

###### [Social Media Marketing အခြေခံများ](https://nanoomarketing.com/my/blog/social-media-marketing-basics)

Next Post

###### [Ecommerce လုပ်ငန်းတွေအတွက် 3Ps](https://nanoomarketing.com/my/blog/preparing-3ps-for-ecommerce)

### Similar Blog Posts

[![SMART Framework](https://nanoomarketing.com/hs-fs/hubfs/SMART%20Objectives%20small.webp?width=352&name=SMART%20Objectives%20small.webp)](https://nanoomarketing.com/my/blog/smart-framework)

#### [SMART Framework ဆိုတာ??](https://nanoomarketing.com/my/blog/smart-framework)

[![What is Email Marketing Image](https://nanoomarketing.com/hs-fs/hubfs/What%20is%20Email%20Marketing%20.webp?width=352&name=What%20is%20Email%20Marketing%20.webp)](https://nanoomarketing.com/my/blog/email-marketing)

#### [Email Marketing ဆိုတာ ဘာလဲ?](https://nanoomarketing.com/my/blog/email-marketing)

[![What is Social Media Marketing Blog Post Image](https://nanoomarketing.com/hs-fs/hubfs/What%20is%20Social%20Media%20Marketing%20.webp?width=352&name=What%20is%20Social%20Media%20Marketing%20.webp)](https://nanoomarketing.com/my/blog/what-is-social-media-marketing)

#### [Social Media Marketing ဆိုတာ ဘာလဲ?](https://nanoomarketing.com/my/blog/what-is-social-media-marketing)

![Nan Oo Marketing footer](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20footer.svg)

### Hi there. Interested? Let's Work Together

If you or your team want to get better at digital marketing, I give talks, training, and work on consulting projects with companies and agencies.

[Contact Nan Oo](https://nanoomarketing.com/contact) [Book a Metorship Call](https://nanoomarketing.com/marketing-mentorship)

## 30 Days 30 Marketing Template Challenge

### Day 1 to Day 10

- [Content Calendar Template](https://nanoomarketing.com/content-calendar-template)
- [Service Presentation Slide](https://nanoomarketing.com/service-presentation-slide-template)
- [Digital Marketing Resume Template](https://nanoomarketing.com/resume-template)
- [Social Media Marketing Report](https://nanoomarketing.com/social-media-marketing-report-template)
- [Brand Voice Template](https://nanoomarketing.com/brand-voice-guide-template)
- [Campaign Brief Template](https://nanoomarketing.com/campaign-brief-template)
- [Search Ads Copywriting Template](https://nanoomarketing.com/google-search-ads-copy-template)
- [Website Checker](https://nanoomarketing.com/seo-checker)
- [Media Buying Template](https://nanoomarketing.com/media-buying-template)
- [Digital Marketing Strategy Template](https://nanoomarketing.com/digital-marketing-strategy-template)

### Day 11 to Day 20

- [Blog Post Writing Template](https://nanoomarketing.com/blog-post-template)
- [Social Media Audit](https://nanoomarketing.com/social-media-audit-template)
- [Sales & Marketing SLA](https://nanoomarketing.com/sales-marketing-sla-template)
- [Buyer Persona](https://nanoomarketing.com/buyer-persona-template)
- [Mini Sales & Marketing CRM](https://nanoomarketing.com/google-sheet-crm-template)
- [Press Release Template](https://nanoomarketing.com/press-release-template)
- [90 Days Checklist](https://nanoomarketing.com/digital-marketing-manager-checklists)
- [Social media & Content Marketing Plan](https://nanoomarketing.com/social-media-marketing-content-plan-template)
- [Brand Ladder & Brand Positioning Statement](https://nanoomarketing.com/brand-ladder-brand-positioning)
- [Marketing Team Wiki](https://nanoomarketing.com/blog/marketing-team-wiki-template)

### Day 21 to Day 30

- [Website Home Page Copywriting](https://nanoomarketing.com/blog/website-home-page-copywriting-template)
- [B2B Lead Gen Budget Forecasting](https://nanoomarketing.com/blog/b2b-lead-generation-budget-forecasting-sheet)
- [CRM Requirement Checklists](https://nanoomarketing.com/blog/crm-requirement-checklists-score-card)
- [B2B Annual Brand Marketing Plan](https://nanoomarketing.com/blog/b2b-annual-brand-marketing-plan)
- [Webinar Planning Template](https://nanoomarketing.com/blog/free-webinar-planning-template-sheet-download)
- [Go-to-Market Strategy](https://nanoomarketing.com/blog/go-to-market-strategy-template)
- [Brand Strategy Template](https://nanoomarketing.com/blog/brand-strategy-template)
- [Hourly Rate Calculator](https://nanoomarketing.com/blog/hourly-rate-calculator-template-google-sheet)
- [Customer Feedback Survey](https://nanoomarketing.com/blog/customer-feedback-survey-template)
- [Account Based Marketing Strategy](https://nanoomarketing.com/blog/account-based-marketing-strategy-template)

### Digital Marketing Training Services

- [Startup Digital Marketing Training](https://nanoomarketing.com/industry/startup)
- [Government Digital Marketing Training](https://nanoomarketing.com/training/government-digital-marketing)
- [SaaS Digital Marketing Training](https://nanoomarketing.com/industry/saas)
- [Corporate Digital Marketing Training](https://nanoomarketing.com/training/corporate-digital-marketing-program)
- [NGO Digital Marketing Training](https://nanoomarketing.com/industry/ngo)
- [University Marketing Lecture](https://nanoomarketing.com/training/marketing-lecture)

### Resources

- [Resource Library](https://nanoomarketing.com/resources)
- [Content Calendar](https://nanoomarketing.com/content-calendar-template)
- [Media Buying Template](https://nanoomarketing.com/media-buying-template)
- [Webinar Plan Template](https://nanoomarketing.com/free-webinar-planning-template-sheet-download)

### Mentorship Call

- [Free Digital Marketing Mentoship](https://nanoomarketing.com/marketing-mentorship)

[![Nan Oo Marketing Logo White](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo%20White.svg)](https://nanoomarketing.com/)

Expert digital marketer Nan Oo helps brands grow better across digital platforms - his comprehensive online courses teach digital marketing tactics to drive engagement and ROI.

<https://www.facebook.com/nanooandmarketing> <https://x.com/nanoothant7> <https://www.instagram.com/nan_oothant/> <https://www.linkedin.com/in/nanoo/> <https://www.youtube.com/channel/UC5Qn2H-PqgbGxUz5M6YS-6g> <https://www.slideshare.net/NanOo3> <https://www.pinterest.com/nanoocmo/> <https://nanoojourney.medium.com/> <https://www.google.com/maps/place/Nan+Oo+Marketing/@13.7788359%2C100.5602891%2C15z/data=!4m6!3m5!1s0x30e29f0032edf27d:0x75e222f8b705f2f9!8m2!3d13.7788359!4d100.5602891!16s%2Fg%2F11y3nnrtw4?sa=X&ved=1t:2428&ictx=111&entry=tts&g_ep=EgoyMDI0MDcxNy4wKgBIAVAD> [mailto:nan@nanoomarketing.com](mailto:nan@nanoomarketing.com) <https://www.researchgate.net/profile/Nan-Oo-5> <https://open.spotify.com/show/56DgfmnBvhaQhuv1gkAqes?si=5MOOfYH6SYGKbTs6ZImmsw>

[![provider-badge-white](https://nanoomarketing.com/hubfs/provider-badge-white.svg "provider-badge-white")](https://ecosystem.hubspot.com/marketplace/solutions/nan-oo)

[![messenger marketing expert manychat](https://nanoomarketing.com/hubfs/messenger%20marketing%20expert%20manychat.svg "messenger marketing expert manychat")](https://manychat.com/agency/listing/2375)

[![META Blue Print Certified](https://nanoomarketing.com/hs-fs/hubfs/META%20Blue%20Print%20Certified.png?width=100&height=100&name=META%20Blue%20Print%20Certified.png "META Blue Print Certified")](https://www.credly.com/badges/d6c9956b-021e-42a9-a5f9-dc6010c806d1/public_url)

[![hubspot-academy-hubspot-certification-badge-1 (1)](https://nanoomarketing.com/hs-fs/hubfs/hubspot-academy-hubspot-certification-badge-1%20(1).webp?width=200&height=80&name=hubspot-academy-hubspot-certification-badge-1%20(1).webp "hubspot-academy-hubspot-certification-badge-1 (1)")](https://www.credly.com/badges/d6c9956b-021e-42a9-a5f9-dc6010c806d1/public_url)

[![ADPList Top Mentorship](https://nanoomarketing.com/hs-fs/hubfs/ADPList%20Top%20Mentorship.png?width=146&height=78&name=ADPList%20Top%20Mentorship.png "ADPList Top Mentorship")](https://adplist.org/mentors/nan-oo)

### Ask AI about Nan Oo:

[![ChatGPT refers Nan Oo](https://nanoomarketing.com/hs-fs/hubfs/ChatGPT%20refers%20Nan%20Oo.webp?width=50&height=50&name=ChatGPT%20refers%20Nan%20Oo.webp "ChatGPT refers Nan Oo")](https://chat.openai.com/?q=who+is+nan+oo)

[![Gemini](https://nanoomarketing.com/hs-fs/hubfs/Gemini.png?width=50&height=50&name=Gemini.png "Gemini")](https://gemini.google.com/share/491a25a9b068)

[![Grok](https://nanoomarketing.com/hs-fs/hubfs/Grok.png?width=50&height=50&name=Grok.png "Grok")](https://grok.com/?q=who+is+nan+oo)

[![Perplexity Refers Nan Oo](https://nanoomarketing.com/hs-fs/hubfs/Perplexity%20Refers%20Nan%20Oo.webp?width=50&height=50&name=Perplexity%20Refers%20Nan%20Oo.webp "Perplexity Refers Nan Oo")](https://www.perplexity.ai/search?q=who+is+nan+oo)

[Privacy Policy](https://nanoothant.notion.site/Privacy-Policy-of-nanoomarketing-com-09d35b25a5714e9396fbb7f6391905b4)

[Terms & Conditions](https://nanoothant.notion.site/Terms-and-Conditions-for-Nan-Oo-Marketing-bec7bf6100fe4387967e602e6c308d48)

[![DMCA_badge_grn_100w](https://nanoomarketing.com/hs-fs/hubfs/DMCA_badge_grn_100w.webp?width=50&height=51&name=DMCA_badge_grn_100w.webp "DMCA_badge_grn_100w")](https://www.dmca.com/Protection/Status.aspx?ID=76f03fe3-176d-4b8c-9f3f-358908e41ff4)

[Contact Me](https://nanoomarketing.com/contact)

© 2024 Nan Oo. All Rights Reserved.

```json
{
  "@context" : "https://schema.org",
  "@type" : "BlogPosting",
  "author" : {
    "@type" : "Person",
    "name" : "နန်းဦး",
    "url" : "https://nanoomarketing.com/my/blog/author/နန်ဦ"
  },
  "dateModified" : "2025-02-05T09:47:32.741Z",
  "datePublished" : "2025-02-05T09:47:32.000Z",
  "headline" : "Digital Marketing ရလာဒ်တွေကို တိုင်းတာခြင်း",
  "image" : [ "https://nanoomarketing.com/hubfs/DM%20Measurement%20%28Result%29.webp" ],
  "mainEntityOfPage" : {
    "@id" : "https://nanoomarketing.com/my/blog/digital-marketing-measurement-result",
    "@type" : "WebPage"
  },
  "publisher" : {
    "@type" : "Organization",
    "logo" : {
      "@type" : "ImageObject",
      "url" : "https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo.svg"
    },
    "name" : "Nan Oo Marketing"
  }
}
```

```json
{
  "@context" : "https://schema.org",
  "@type" : "Organization",
  "alternateName" : "Nan Oo Marketing",
  "logo" : "https://www.facebook.com/photo/?fbid=122121356288237951&set=a.122111555060237951",
  "name" : "Nan Oo",
  "sameAs" : "https://www.facebook.com/nanooandmarketing",
  "url" : "https://nanoomarketing.com/"
}
```