Social Media Marketing ဆိုတာ ဘာလဲ?
Social Media Marketing ဆိုတာ Social Media Platform တွေကို အသုံးပြုပြီး ကိုယ်ရောင်းနေတဲ့ ထုတ်ကုန်ကို လူပိုသိအောင်၊ လူတွေပိုစိတ်ဝင်စားလာအောင်၊ လူတွေ ပိုဝယ်လာအောင်၊ ကိုယ့်ထုတ်ကုန်အကြောင်း လူတွေ ပိုပြောလာအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။
Social Media Marketing အကြောင်းပြောကြတဲ့အခါ အများစုက Facebook Marketing ကို အားပြုပြီးပြောကြပါတယ်။ ဒီသင်ခန်းစာမှာတော့ အခြား Social Media Platform တွေကိုပါ နားလည်ပြီး လုပ်ငန်းအတွက် အသုံးပြုလို့ရအောင် လေ့လာကြရအောင်။
Social Media Platform Evaluation
အရင်ဆုံး Social Media Platform တွေရဲ့ တိုးတက်ပြောင်းလဲလာမှုကို ကြည့်ကြတာပေ့ါ။
Photo Credit (Dr Miriam J Johnson)
ဒီ Timeline လေးကတော့ Dr Miriam က ဖန်တီးထားတာဖြစ်ပါတယ်။ Social Media တွေစပေါ်တဲ့ 1978 ကနေစပြီး ဒီနေ့အထိဆိုရင် Platform များစွာ နှစ်စဉ် ပေါ်လိုက်၊ ရပ်သွားလိုက်ဖြစ်နေတာကို တွေ့ရမှာပါ။ Platform တွေအများကြီးပြောင်းသွားပေမယ့် မပြောင်းလဲတဲ့ Concept ကတော့ Social Media ဟာ
တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်ဖို့နဲ့ Content တွေ ဖန်တီးဖို့အတွက်ဆိုတာပါပဲ။ Social Media ကို အမျိုးအစားခွဲမယ်ဆိုရင်တော့ Publishing, Sharing, Messaging, Discussing, Collaborating, Networking ဆိုပြီး သတ်မှတ်နိုင်ပါတယ်။ (ဒါကို Paid, Owned, Earned နဲ့တော့ မရောစေချင်ပါဘူး။)
Social Media မှာ လူတိုင်းက Content ဖန်တီးသူတွေဖြစ်နေနိုင်တာမို့ လုပ်ငန်းတွေအနေနဲ့ Content ကောင်းကောင်းတွေ ဖန်တီးထားဖို့ အရေးကြီးပါတယ်။
အရင်နေ့က လေ့လာခဲ့တဲ့ Paid, Owned, Earned Media တွေအနေနဲ့ ကြည့်မယ်ဆိုရင် Social Mediaက ၃ခုလုံးထဲမှာပါပါတယ်။ ကိုယ်ပိုင် Content တွေ Facebook page ကတင်တာကို Owned Media, လူအများကြီးဆီရောက်ဖို့ Ads တွေဖန်တီးတာကို Paid Media, Customer တွေက Review ရေးတာ၊ Group တွေထဲမှာ ပို့စ်တင်တာတွေဟာ Earned Media ဖြစ်ပါတယ်။
Myanmar Social Media Landscape
Myanmar Social Media Landscape ကို ကြည့်လိုက်ရအောင်
လက်ရှိမှာတော့ Facebook ပြီးရင် TikTok ဟာ ဒုတိယလူသုံးအများဆုံး Social Media Platform ဖြစ်ပါတယ်။ YouTube ကတော့ တတိယနေရာကလိုက်ပါတယ်။ LinkedIn ကလည်း အခု စာရေးတဲ့အချိန်ထိ အသုံးပြုသူပေါင်း ၉သိန်းကျော်ရှိနေပါတယ်။
Email Marketing ဆိုတာဘာလဲ?
Email Marketing ဆိုတာကတော့ Email ကို အသုံးပြုပြီး Product နဲ့ Service တွေကို အရောင်းမြှင့်တင်ခြင်းနဲ့ Customer တွေနဲ့ အမြဲတမ်း အဆက်အသွယ်မပြတ်စေဖို့ ပြုလုပ်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ Email Marketing ကို သေချာပြုလုပ်တဲ့ လုပ်ငန်းက အရမ်းနည်းပါးတဲ့အတွက် Digital Marketer အများစုတောင် Email Marketing ကို မလုပ်ဖူးကြပါဘူး။ တစ်ချို့ကလည်း Messenger, Viber လိုမျိုး Chat App တွေ ခေတ်စားနေတဲ့အတွက် Email Marketing သေပြီလို့လည်းပြောကြပြန်ပါတယ်။ တကယ်တော့ Email Marketing ဟာ အလွန်အသုံးဝင်တဲ့ Channel တစ်ခုဖြစ်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာဆိုရင် ပြိုင်ဆိုင်မှုတောင် သိပ်မရှိတဲ့အတွက် အားသာချက်တွေအများကြီးရှိပါတယ်။
Email Marketing ရဲ့ အားသာချက်များ
Email Marketing ပြုလုပ်တဲ့အခါ Email Sending Platform တွေကိုသာ အခကြေးငွေပေးရတာဖြစ်တဲ့အတွက် Paid, Owned, Earned ထဲမှာဆိုရင် Owned Media လို့ သတ်မှတ်ကြပါတယ်။
လူတိုင်းရဲ့ ဖုန်းထဲမှာ Gmail Software ရှိတာဖြစ်လို့ Email အသုံးပြုသူတိုင်းကို ကြော်ငြာပြနိုင်ချေများတဲ့အတွက် ငွေကုန်ကြေးကျသက်သာပါတယ်။ ဒါ့အပြင် Email တွေကို Segmentation ပြုလုပ်ပြီး Customer Data အပေါ်မူတည်ကာ မတူညီတဲ့ ကြော်ငြာEmail များပေးပို့နိုင်ပါတယ်။
Email ကြော်ငြာစာသားများရဲ့ ထိရောက်မှုကို စမ်းသပ်ဖို့အတွက် A/B Testing ပြုလုပ်နိုင်တာကလည်း Email Marketing ရဲ့ အားသာချက်တစ်ခုပါ။
Email Marketing ရဲ့ အားနည်းချက်များ
Email Marketing လုပ်တဲ့အခါ ကိုယ့်ပို့လိုက်တဲ့ Email ကို Spam box ထဲမရောက်ဖို့ကြိုးစားရပါတယ်။ တကယ်လို့များကိုယ့် Email အရေးအသားတွေက ၂ပတ်အတွင်း ၂၅ပေါင်ကျသွားမယ်ဆိုတာမျိုးတွေ ပါနေရင်တော့ Spam Box ထဲရောက်ဖို့ က ကျိန်းသေသလောက်ရှိနေပါပြီ။
ဒါ့အပြင် ကိုယ့် Email Newsletter Program ကို လူတွေ သဘောကျပြီး Subscribe လုပ်လာအောင် ဖန်တီးရတာကလည်း အပြောလွယ်သလောက် လုပ်ရတာခက်ပါတယ်။
အခုနောက်ပိုင်းမှာ Brand အများစုက Email Marketing လုပ်လာကြတာမို့ ပြိုင်ဆိုင်မှုရှိပြီး ကျန်တဲ့သူတွေနဲ့မတူဘဲ တမူထူးခြားဖို့ ဖန်တီးရတာလည်း ခက်လာပါတယ်။
အခုလောက်ဆိုရင်တော့ Social Media Marketing ကို အကြမ်းဖျင်းနားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။ အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ရအောင်။
Quiz -1 : မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Social Media Channel သည် Tik Tok ဖြစ်သည်။ a) True b) False
b) False
Quiz -2 : Social Media ကို Paid, Owned, Earned Media အနေနဲ့ အမျိုးအစားခွဲမယ်ဆိုလျှင်......အထဲတွင်ပါသည်။ a) Paid Media, Owned Media b) Paid, Owned, Earned Media c) Earned Media, Owned Media
b) Paid, Owned, Earned Media
Quiz - 3 : Email Marketing သည် Paid Media ဖြစ်သည်။ a) True b) False
b) False