Search Engine Marketing (SEM) ဆိုတာဘာလဲ?

Search Engine Marketing ဆိုတာ ကိုယ့်ရဲ့ Website ကို Search Engine Resultရဲ့ ထိပ်ဆုံးမှာပေါ်ဖို့ ပြုလုပ်ရတဲ့ Digital Marketing နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လူတိုင်းကတော့ ကိုယ့် business website နဲ့ဆိုင်တဲ့ Keyword ကို Google မှာရှာလိုက်ရင် ထိပ်ဆုံးက ပေါ်စေချင်ကြပါတယ်။
ဒါပေမယ့် ဒီလိုပေါ်ဖို့ SEO ပြုလုပ်ခြင်းဟာ အချိန်တစ်ခုယူရပါတယ်။ ဒါကြောင့် Google လိုမျိုး Search engine ပေါ်မှာရှာတဲ့အခါ မိမိ business ရဲ့ ဝက်ဆိုဒ်ကို တခြားသူများရဲ့ ဝက်ဆိုဒ်ထက်ပိုပြီး မြင်သာတဲ့ အပေါ်ဆုံးနေရာ ရောက်အောင်လုပ်ဖို့ အခကြေးငွေပေးပြီး Search engine marketing (SEM) ပြုလုပ်နိုင်ပါတယ်။
Search Engine Marketing (SEM) ဥပမာ
ဉပမာ ။ မိမိရဲ့business က Thailand ရဲ့ digital marketing agencyဆိုရင် ကိုယ်က Google မှာသွားပြီး ကိုယ့် business နဲ့ဆိုင်တဲ့ search term (စကားစုတစ်ခု) ဖြစ်တဲ့ … “digital marketing agency in thailand”ကိုသွားရှာလိုက်တယ်ပဲဆိုပါစို့.. ဒီလို ရိုက်ရှာတဲ့အခါsearch result တွေအများကြီးကျလာပါလိမ့်မယ်။
အဲ့ဒီမှာမှ “Sponsored” လို့ပေါ်နေတဲ့ website များက search engine results ရဲ့ အပေါ်ပိုင်းတွေမှာရှိနေတာကို တွေ့ရပါလိမ့်မယ်
သူတို့က paid ads (အခကြေးငွေအသုံးပြုထားတဲ့ကြော်ငြာနည်းလမ်း) ကိုသုံးထားတာဖြစ်ပါတယ်။
ဒီလိုမျိုး search engine results page (SERP) search လုပ်ရင်ကျလာသော စာမျက်နှာတွေထဲကမှ ပထမဆုံး စာမျက်နှာဖြစ်တဲ့ 1st SERP မှာကိုယ်ရှိနေခြင်းအားဖြင့် လူတွေက ကိုယ့် business ရဲ့ website အပေါ် awareness ရှိလာမြင်လာရတဲ့အတွက် ကိုယ့် website ထဲဝင်ပြီးသူတို့အတွက်လိုအပ်တာတွေကိုရှာဖွေကြည့်ဖို့အတွက် ရောက်လာမှာဖြစ်ပါတယ်။
ဒါဆိုရင် ကြောငြာအခကြေးငွေအသုံးပြုပြီးပဲကိုယ့်ရဲ့ website ကို နေရာကောင်းကောင်း ၊ နေရာမြင့်မြင့်ရအောင်လုပ်နိုင်တော့မှာလား?
အဖြေကတော့ မဟုတ်ပါဘူး။
Search Engine Marketing (SEM) အမျိုးအစား ၂မျိုး
- Paid Search Results/Paid Search Marketing လို့ခေါ်တဲ့ ခုနကလို ကြောငြာအခကြေးငွေထားတဲ့နည်းလမ်း
- Search Engine Optimization (SEO) လို့ခေါ်တဲ့ non-paid tactics (ကြော်ငြာအခကြေးငွေသုံးစရာမလို) တဲ့နည်းလမ်း တို့ပဲဖြစ်ပါတယ်။
ဒါဆို ဒီ ၂ မျိုးရဲ့ အဓိက ကွာခြားချက်တွေကိုဒီလိုမျိုးအလွယ်တကူ မြင်အောင်ကြည့်နိုင်ပါတယ်။
ဒီ ၂ မျိုးမှာ ဘယ်ဟာက မြန်မြန် အကျိုးသက်ရောက်မှုရှိနိုင်မလဲ?
ကိုယ့် business website အတွက် ဘယ်နည်းလမ်းကို အသုံးပြုသင့်လဲ?
Digital Marketingလုပ်ခြင်းရဲ့ ရည်ရွယ်ချက်တွေထဲကတစ်ခုဖြစ်တဲ့ ကိုယ့် business website က Google Search Page Results (SERP) တွေထဲမှာ အမြဲထိပ်ဆုံးက ရပ်တည်နေဖို့ဆိုတာက တော်တော်ကြီးကိုမလွယ်ကူတဲ့ကိစ္စပါ။ မိမိရဲ့ပြိုင်ဖက် website တွေကို ဖြတ်ကျော်ပြီး မိမိပဲထိပ်ဆုံးက ဦးနေဖို့ ခုနက ပြောပြတဲ့ နည်းလမ်း ၂ မျိုးမှာ ၂ မျိုးလုံးကိုလုပ်သင့်ပါတယ်။
၁။ ရေတိုအနေနဲ့ မြန်မြန် အပေါ်ရောက်ဖို့ အတွက် Paid Search Results လို့ခေါ်တဲ့ နည်းလမ်းကိုအသုံးပြုလို့ရပါတယ်။
ဒါပေမယ့် business တိုင်းကတော့ paid ads ကို နေ့တိုင်း run နေနိုင်မှာမဟုတ်ပါဘူး။ တစ်လ တန်သည် ၊ သုံးလတန်သည် တော့ အခကြေးငွေအသုံးပြုကြမှာဖြစ်နိုင်ပေမယ့်
၂။ ရေရှည်မှာ ကိုယ့် website ကြီးက ကြော်ငြာအခကြေးငွေမသုံးတာနဲ့ ပျောက်မသွားဖို့ကို SEO ကိုလည်း ကြိုးစားလုပ်ထားရမှာဖြစ်ပါတယ်။
ဒီနေရာမှာတစ်ခုသတိထားရမှာက ပထမနည်းလမ်း(Paid Ads) က ကြော်ငြာ ငွေကြေးသုံးတာနဲ့ ၄၈ နာရီအတွင်းလောက် အကျိုးသက်ရောက်မှုရှိမှာပေမယ့် ဒုတိယနည်းလမ်းတစ်ခုဖြစ်တဲ့ SEO ကို လုပ်တဲ့အခါမှာတော့ နေ့ချင်းညချင်းအကျိုးသက်ရောက်မှုမျိုးကို မျှော်လင့်လို့မရပါဘူး။ (များသောအားဖြင့် အချိန် ၃ လ မှ ၆ လအထိပေးရတတ်ပါတယ်)
Paid Search Marketing ဘယ်လိုအလုပ်လုပ်လဲ?
ဒီလို Paid Ads တွေကတော့ (Pay-per-click) method နဲ့ ကြော်ငြာခပေးပြီး Search Platforms တွေပေါ်မှာ အလုပ်လုပ်ကြတာများပါတယ်။ ဒါကတော့ ကိုယ့်ကြော်ငြာကိုမြင်ပြီး click တစ်ခါနှိပ်ပြီး မိမိ website ထဲကိုရောက်လာတဲ့အခါမှ platform ကို ကိုယ်က ကြော်ငြာခပေးစရာလိုတဲ့ method ပါ။
ဒါဆိုရင်တော့ SEM အကြောင်းလည်း သိလောက်ကြပြီမို့ အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ရအောင်။