---
title: Digital Marketing ဆိုတာဘာလဲ? - Digital Marketing Myanmar
description: Digital Marketing ဆိုတာ Digital Platform တွေဖြစ်တဲ့ Website၊ Apps၊ Mobile Devices တွေကို အသုံးပြုပြီး အရောင်းမြှင့်တင်ခြင်းဖြစ်ပါတယ်။
image: https://nanoomarketing.com/hubfs/Whats%20Digital%20Marketing.webp
---

[![Nan Oo Marketing](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo.svg)](https://nanoomarketing.com)

- Industry
  
  Show submenu for Industry 
  
    - [Startups](https://nanoomarketing.com/industry/startup)
    - [SaaS](https://nanoomarketing.com/industry/saas)
    - [NGO](https://nanoomarketing.com/industry/ngo)
    - [Government](https://nanoomarketing.com/training/government-digital-marketing)
- Courses
  
  Show submenu for Courses 
  
    - [University Lecture](https://nanoomarketing.com/training/marketing-lecture)
    - [Full Stack Digital Marketing](https://nanoomarketing.com/certificates/digital-marketing-mm)
    - [Corporate Training](https://nanoomarketing.com/corporate-digital-marketing-training)
- Experiences
  
  Show submenu for Experiences 
  
    - [Speaker](https://nanoomarketing.com/events)
    - [Brands](https://nanoomarketing.com/brands)
    - [Alumni](https://nanoomarketing.com/alumni)
- Resources
  
  Show submenu for Resources 
  
    - [Marketing Library](https://nanoomarketing.com/resources)
    - [Free Mentorship](https://nanoomarketing.com/marketing-mentorship)
    - [Blog](https://nanoomarketing.com/blog)
- [Bio](https://nanoomarketing.com/about-nan-oo)

- Industry
  
  Show submenu for Industry 
  
    - [Startups](https://nanoomarketing.com/industry/startup)
    - [SaaS](https://nanoomarketing.com/industry/saas)
    - [NGO](https://nanoomarketing.com/industry/ngo)
    - [Government](https://nanoomarketing.com/training/government-digital-marketing)
- Courses
  
  Show submenu for Courses 
  
    - [University Lecture](https://nanoomarketing.com/training/marketing-lecture)
    - [Full Stack Digital Marketing](https://nanoomarketing.com/certificates/digital-marketing-mm)
    - [Corporate Training](https://nanoomarketing.com/corporate-digital-marketing-training)
- Experiences
  
  Show submenu for Experiences 
  
    - [Speaker](https://nanoomarketing.com/events)
    - [Brands](https://nanoomarketing.com/brands)
    - [Alumni](https://nanoomarketing.com/alumni)
- Resources
  
  Show submenu for Resources 
  
    - [Marketing Library](https://nanoomarketing.com/resources)
    - [Free Mentorship](https://nanoomarketing.com/marketing-mentorship)
    - [Blog](https://nanoomarketing.com/blog)
- [Bio](https://nanoomarketing.com/about-nan-oo)

[Contact Me](https://nanoomarketing.com/contact)

[Digital Advertising](https://nanoomarketing.com/my/blog/tag/digital-advertising) [Digital Marketing Myanmar](https://nanoomarketing.com/my/blog/tag/digital-marketing-myanmar) [Content Marketing Myanmar](https://nanoomarketing.com/my/blog/tag/content-marketing-myanmar)

# Digital Marketing ဆိုတာဘာလဲ? - Digital Marketing Myanmar

[![နန်းဦး](https://nanoomarketing.com/hubfs/Nan%20Oo%20Digital%20Marketing%20Consultant.svg)](https://nanoomarketing.com/my/blog/author/နန်ဦ)

[နန်းဦး](https://nanoomarketing.com/my/blog/author/နန်ဦ)  1 အောက်တိုဘာ 2024

![What's Digital Marketing Image ](https://nanoomarketing.com/hubfs/Whats%20Digital%20Marketing.webp)

[Digital Marketing](https://nanoomarketing.com/) ဆိုတာ Digital Platform တွေဖြစ်တဲ့ Website၊ Apps၊ Mobile Devices တွေကို အသုံးပြုပြီး product နဲ့ service တွေကို အရောင်းမြှင့်တင်တာပဲဖြစ်ပါတယ်။

## **Digital Marketing ဘယ်လို အလုပ်လုပ်လဲ?**

ဟိုအရင်ကာလတွေတုန်းကတော့ Traditional Marketing နည်းလမ်းတွေဖြစ်တဲ့ TV၊ Radio၊ ကြော်ငြာဘုတ်အစရှိတာတွေကိုအသုံးပြုပြီး Product နဲ့ Service တွေကို ကြော်ငြာခဲ့ကြပေမယ့် စိန်ခေါ်မှုတစ်ရပ်က အမြဲရှိနေခဲ့ပါတယ်။ အဲ့တာကတော့ ကြော်ငြာရဲ့ ရလာဒ်တွေကို တိတိကျကျ တိုင်းတာဖို့ ခက်ခဲခဲ့တာပါ။

နောက်ပိုင်း နည်းပညာတွေတိုးတက်လာချိန်မှာတော့ Company တွေဟာ Digital Platform တွေပေါ်မှာ ကြော်ငြာတွေကို စတင်ဖန်တီးလာခဲ့ပါတယ်။ Digital Marketing ခေတ်ဦးမှာတော့ Email Marketing က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ပါတယ်။ နောက်တော့ Search Engine တွေပေါ်လာပြီး လုပ်ငန်းတွေကလည်း Search Engine တွေမှာ နေရာရဖို့ ကြိုးပမ်းလာကြပါတော့တယ်။

ဒီလိုနဲ့ Social Media Platform တွေခေတ်စားလာချိန်မှာတော့ လုပ်ငန်းတိုင်း [Social Media](https://en.wikipedia.org/wiki/Social_media) မှာ Channel တွေ၊ Page တွေရှိလာကြပါတော့တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ အင်တာနက်ခေတ်ဦးမှာ လူတိုင်း အင်တာနက် မသုံးနိုင်ခဲ့တဲ့အတွက် Email နဲ့ Search Engine Marketing ခေတ်တွေကို ခုန်ပျံကျော်လွှားပြီး Facebook Marketing ပဲ အရမ်းအားကောင်းခဲ့ပါတယ်။

တကယ်တော့ Digital Marketing ဟာ Facebook မှာ ကြော်ငြာတာထက်ပိုပြီး လုပ်လို့ရတဲ့အရာတွေရှိပါသေးတယ်။

## **Digital Marketing Channel များ**

Digital Marketing ပြုလုပ်လို့ရတဲ့ Channel တွေက နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေပေါ်နေတာဖြစ်ပြီး အခုပြောပြပေးမယ့် Channel တွေထက် ပိုများလာနိုင်ပါသေးပါတယ်။ အခုဖော်ပြပေးမယ့် Channel တွေကတော့ အခြေခံအနေနဲ့ သိထားသင့်တာတွေပါ။

### 1) Website Marketing

မြန်မာနိုင်ငံမှာတော့ လုပ်ငန်းအများစုက ဒီနေ့အချိန်အထိ Website မရှိကြသေးပါဘူး။ ဒါကလည်း လုပ်ငန်းရှင်ဘက်က ကြည့်ရင် Website တွေက စျေးကြီးတာမျိုး၊ အဲ့ဒီကနေ ချက်ချင်း ရလာဒ်တစ်ခု ပြန်မမြင်ရတာမျိုးတွေကြောင့် Website ကို မလုပ်ကြတာလည်းပါပါတယ်။ အခုကာလလိုမျိုး အင်တာနက် ကန့်သတ်ချက်တွေ ရှိနိုင်တဲ့အချိန်မှာတော့ Social Media Channel တွေကို အားစိုက်ယုံသာမကဘဲ ကိုယ်ပိုင် Domain နဲ့ Website တစ်ခုရှိထားခြင်းက အင်တာနက်ပေါ်မှာ ကိုယ်ပိုင် ဆိုင်တစ်ခုဖွင့်ထားတာနဲ့ တူပါတယ်။ 

Website ရှိမှလည်း Search Engine Optimization လို့ခေါ်တဲ့ [SEO](https://nanoomarketing.com/blog/seo-for-fresh-graduate) ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

### 2) Search Engine Optimization

Website ကို Launch လုပ်ပြီးယုံနဲ့ ဇာတ်လမ်းက မပြီးသေးပါဘူး။ ကိုယ့်ရဲ့ Website ကို လူတွေရှာတဲ့အခါ (ဒါမှမဟုတ်) ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ Keyword တွေ စကားလုံးတွေကို လူတွေရှာတဲ့အခါ ကိုယ့် Website က ထိပ်ဆုံးက ကျလာမှသာ လူတွေဝင်ကြည့်မှာပါ။ အဲ့ဒီ အတွက် Search Engine Optimization လုပ်ရပါတယ်။

[Search Engine Optimization အကြောင်းကို ဒီမှာ အသေးစိတ်ဖတ်နိုင်ပါတယ်။](https://nanoomarketing.com/my/blog/what-is-seo)

### 3) Digital Advertising

အင်တာနက်ခေတ်ဦးမှာတော့ ကြော်ငြာဖန်တီးတဲ့အခါ [Pay Per Click](https://mailchimp.com/resources/seo-vs-ppc/) လို့ခေါ်တဲ့ Click ပြုလုပ်သွားမှာ ငွေကောက်ခံတာမျိုးကိုပြုလုပ်ကြပါတယ်။ PPC ကို [SEM (Search Engine Marketing)](https://nanoomarketing.com/my/blog/search-engine-marketing-sem) လို့လည်း လူသိများပါတယ်။

အခုနောက်ပိုင်း နည်းပညာတွေ တိုးတက်လာတဲ့အချိန်မှာတော့ Click နဲ့တင်မကပဲ အခြားနည်းလမ်းတွေနဲ့ပါ ကြော်ငြာခတွေ ကောက်ခံလာကြတာမို့ Digital Advertising လို့ပဲ ပြောချင်ပါတယ်။ 

Digital Advertising ကို အခုခေတ် လုပ်ငန်းအများစု မစိမ်းကြပါဘူး။ Facebook မှာ ဘုထိုးတယ်ဆိုတာလည်း Facebook Ads ဖန်တီးခြင်းပဲဖြစ်လို့ Digital Advertising လုပ်နေတာပါ။

Facebook, Instagram, LinkedIn, Twitter, Pinterest, [TikTok](https://nanoomarketing.com/blog/tiktok-marketing-guide-myanmar) တို့လိုမျိုး Social Media Platform တွေမှာတင်မကပဲ YouTube, Google, Bing အစရှိတဲ့ Search Engine တွေမှာလည်း ကြော်ငြာတွေပြနိုင်သလို ကြော်ငြာလက်ခံတဲ့ Online က Website တွေမှာလည်း ကြော်ငြာထည့်နိုင်ပါတယ်။ အောက်က ပုံကိုကြည့်ရင်တော့ Digital Advertising Landscape ဘယ်လောက်ကျယ်ပြန့်လဲဆိုတာ တွေ့နိုင်ပါတယ်။

![Display Advertising Technology Landscape ](https://lh7-us.googleusercontent.com/docsz/AD_4nXfa34oru91W0LB3YB_IsYQC9VTvYH9G1RmzxKR-YZ7ngdQaGcRIDlW4vvXF9NyEvumCjDtggzDlBxkEYu4sMh1j5BMTuiGEdaIShy0bPvt6MCmjkibGZYUfWrMcb2S9nGAOBcCFWCSRawCaEbuQUS5TVdY?key=rji-XUIdQEF83VL5QZ8NBg)

### 4) Content Marketing

Content Marketing လို့ပြောလိုက်ရင် အတော်များများက ကြော်ငြာရေးတင်တာကို ပြေးမြင်မှာပါ။ တကယ်တော့ ကြော်ငြာရေးခြင်းက Copywriting ဖြစ်ပြီး အဲ့ဒီနည်းကလည်း Content Marketing အောက်မှာ ပါဝင်ပါတယ်။ တကယ်တော့ Content Marketing ဆိုတာ စာရေးတာတင်မကပဲ၊ ပုံတွေ၊ ဗီဒီယိုတွေ၊ အသံတွေအသုံးပြုပြီးတော့ Email, Social Media, Website, Search Engine အစရှိတဲ့နေရာတွေမှာ ပြန်ပြီး Promote လုပ်ခြင်းကို Content Marketing လို့ခေါ်ပါတယ်။

Content Marketing ကိုတော့ Channel အဖြစ် မြင်ရဖို့ ခက်ပါတယ်။ သေချာမြင်အောင် ကြည့်တတ်ရင်တော့ ကြော်ငြာတိုင်းမှာ Content တွေက တနည်းနည်းနဲ့ ပါဝင်နေပါတယ်။

### 5) Email Marketing

Digital Marketing ရဲ့ ခေတ်ဟောင်းမင်းသားကြီးဖြစ်တဲ့ [Email Marketing](https://nanoomarketing.com/my/blog/email-marketing) ဟာ အခုထိလည်း အသုံးဝင်ပြီး ထိရောက်တဲ့ Marketing Channel တစ်ခုအဖြစ်ရှိနေဆဲပါ။ ဒီနေ့ခေတ်မှာလည်း တစ်စက္ကန့်ကို Email ပေါင်း ၃သန်းလောက် ပို့နေတာဆိုတော့ အပြိုင်အဆိုင်ကတော့ တကယ်များပါတယ်။

Email Sending Platform လို့ခေါ်တဲ့ ESP Tool တွေကို အသုံးပြုပြီးတော့ စားသုံးသူတွေရဲ့ Email Inbox မှာ ကိုယ့်လုပ်ငန်းရဲ့ Email ရောက်အောင် ပို့ရတာလောက် စိတ်လှုပ်ရှားစရာကောင်းပြီး စိန်ခေါ်မှုများတာရှိမယ်မထင်ပါဘူး။ 

### 6) Social Media Marketing

[Social Media Marketing](https://nanoomarketing.com/my/blog/what-is-social-media-marketing) ကိုတော့ အထွေအထူးရှင်းပြစရာလိုမယ်မထင်ပါဘူး။ လူတိုင်း Social Media သုံးနေတဲ့ ခေတ်မို့လို့ စားသုံးသူတွေဆီကို Social Media Page တွေ Account တွေ Group တွေကနေတဆင့် Marketing ပြလုပ်ဖို့ဆိုတာ အရမ်းလွယ်လာပါပြီ။ ဒါပေမယ့်လည်း လုပ်ငန်းတိုင်း Social Media Page တွေရှိလာတာမို့ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လာတဲ့အပြင် Social Media Platform တွေကလည်း Paid Ads တွေဖန်တီးဖို့ ပိုပြီး တွန်းအားပေးလာတဲ့အတွက် စိန်ခေါ်မှုတွေရှိနေပြန်ပါတယ်။

### 7) Affiliate Marketing

Affiliate Marketing ဆိုတာ Digital Marketing တွေ ခေတ်မစားခင်ကတည်းက ရှိနေခဲ့ပြီး အခုတော့ Digital Platform တွေကနေတဆင့် ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ 

Influencer တွေ Blogger တွေ Media Companies တွေဟာ အခြား Company တွေရဲ့ Product တွေ၊ Service တွေကို ကြော်ငြာပေးပြီး ရောင်းရတဲ့အခါ Commission ရပါတယ်။ အချို့ကတော့ မရောင်းရသော်လည်း Click ရရင်၊ Account Register လုပ်သွားရင် Commission ရတာမျိုးလည်းရှိပါတယ်။ 

### 8) Video Marketing

လူတွေ စာအရှည်ကြီးဖတ်ရတာ မကြိုက်တော့တဲ့ ခေတ်မှာ Videoတွေက Marketing အတွက် အလွန်အသုံးဝင်လာပါတယ်။ Social Media Channel တွေမှာပဲဖြစ်ဖြစ် Search Engine မှာပဲဖြစ်ဖြစ် Video ကို အသုံးပြုပြီး Marketing လုပ်တာကို Video Marketing လို့ခေါ်ပါတယ်။ အခုနောက်ပိုင်းဆိုရင် Webinar Live Video တွေကလည်း Video Marketing ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာပါပြီ။

အပေါ်ကပြောခဲ့တဲ့ Channel တွေမှာ ကြော်ငြာဖန်တီးတာတွေကို ပြန်ပြီး သုံးသပ်လေ့လာဖို့အတွက်ကတော့ Digital Analytics ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Channel တွေကတဆင့် ဆက်သွယ်လာတဲ့ Customer တွေရဲ့ Data တွေကို ပြန်သုံးဖို့အတွက် Customer Relationship Management လို့ခေါ်တဲ့ Software မှာ မှတ်သားထားဖို့လည်း လိုပါတယ်။

အခုလောက်ဆိုရင်တော့ [Digital Marketing](https://nanoomarketing.com/blog/myanmar-digital-marketing-landscape-2024) ကို အကြမ်းဖျင်းနားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။

 

[![လမ်းပျောက်နေလား? ��](https://no-cache.hubspot.com/cta/default/44510732/interactive-188902767171.png)](https://nanoomarketing.com/hs/cta/wi/redirect?encryptedPayload=AVxigLKdCuRXooWjM4TE%2FnbykcAkNrojPQI3QeyrAH326ieptUZ50eNx7q%2BZc%2FeKWaBo4XEbemf%2BLorx1xIUwrHYkkt5n2aao7nfV0JP6SbqGhsH0xkcEANt97hDgGpyiP5GfPMncfQVsvcP%2BlOqZIa34RJ8ptAWjIb%2FK6KdyMWTI9pyxrN%2FhTKz85B%2FCy59me6O1FyF&webInteractiveContentId=188902767171&portalId=44510732)

Next Post

###### [ဒစ်ဂျစ်တယ်မားကတ်တင်းနည်းဗျူဟာစဉ်းစားရာဝယ်](https://nanoomarketing.com/my/blog/how-to-make-a-digital-marketing-strategy)

### Similar Blog Posts

[![Digital Marketing Measurement Result Image](https://nanoomarketing.com/hs-fs/hubfs/DM%20Measurement%20%28Result%29.webp?width=352&name=DM%20Measurement%20%28Result%29.webp)](https://nanoomarketing.com/my/blog/digital-marketing-measurement-result)

#### [Digital Marketing ရလာဒ်တွေကို တိုင်းတာခြင်း](https://nanoomarketing.com/my/blog/digital-marketing-measurement-result)

[![100 Digital Marketing Tactics](https://nanoomarketing.com/hs-fs/hubfs/100%20Digital%20Marketing%20Tactics.webp?width=352&name=100%20Digital%20Marketing%20Tactics.webp)](https://nanoomarketing.com/my/blog/100-digital-marketing-tactics)

#### [100 Digital Marketing Tactics](https://nanoomarketing.com/my/blog/100-digital-marketing-tactics)

[![What is Email Marketing Image](https://nanoomarketing.com/hs-fs/hubfs/What%20is%20Email%20Marketing%20.webp?width=352&name=What%20is%20Email%20Marketing%20.webp)](https://nanoomarketing.com/my/blog/email-marketing)

#### [Email Marketing ဆိုတာ ဘာလဲ?](https://nanoomarketing.com/my/blog/email-marketing)

![Nan Oo Marketing footer](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20footer.svg)

### Hi there. Interested? Let's Work Together

If you or your team want to get better at digital marketing, I give talks, training, and work on consulting projects with companies and agencies.

[Contact Nan Oo](https://nanoomarketing.com/contact) [Book a Metorship Call](https://nanoomarketing.com/marketing-mentorship)

## 30 Days 30 Marketing Template Challenge

### Day 1 to Day 10

- [Content Calendar Template](https://nanoomarketing.com/content-calendar-template)
- [Service Presentation Slide](https://nanoomarketing.com/service-presentation-slide-template)
- [Digital Marketing Resume Template](https://nanoomarketing.com/resume-template)
- [Social Media Marketing Report](https://nanoomarketing.com/social-media-marketing-report-template)
- [Brand Voice Template](https://nanoomarketing.com/brand-voice-guide-template)
- [Campaign Brief Template](https://nanoomarketing.com/campaign-brief-template)
- [Search Ads Copywriting Template](https://nanoomarketing.com/google-search-ads-copy-template)
- [Website Checker](https://nanoomarketing.com/seo-checker)
- [Media Buying Template](https://nanoomarketing.com/media-buying-template)
- [Digital Marketing Strategy Template](https://nanoomarketing.com/digital-marketing-strategy-template)

### Day 11 to Day 20

- [Blog Post Writing Template](https://nanoomarketing.com/blog-post-template)
- [Social Media Audit](https://nanoomarketing.com/social-media-audit-template)
- [Sales & Marketing SLA](https://nanoomarketing.com/sales-marketing-sla-template)
- [Buyer Persona](https://nanoomarketing.com/buyer-persona-template)
- [Mini Sales & Marketing CRM](https://nanoomarketing.com/google-sheet-crm-template)
- [Press Release Template](https://nanoomarketing.com/press-release-template)
- [90 Days Checklist](https://nanoomarketing.com/digital-marketing-manager-checklists)
- [Social media & Content Marketing Plan](https://nanoomarketing.com/social-media-marketing-content-plan-template)
- [Brand Ladder & Brand Positioning Statement](https://nanoomarketing.com/brand-ladder-brand-positioning)
- [Marketing Team Wiki](https://nanoomarketing.com/blog/marketing-team-wiki-template)

### Day 21 to Day 30

- [Website Home Page Copywriting](https://nanoomarketing.com/blog/website-home-page-copywriting-template)
- [B2B Lead Gen Budget Forecasting](https://nanoomarketing.com/blog/b2b-lead-generation-budget-forecasting-sheet)
- [CRM Requirement Checklists](https://nanoomarketing.com/blog/crm-requirement-checklists-score-card)
- [B2B Annual Brand Marketing Plan](https://nanoomarketing.com/blog/b2b-annual-brand-marketing-plan)
- [Webinar Planning Template](https://nanoomarketing.com/blog/free-webinar-planning-template-sheet-download)
- [Go-to-Market Strategy](https://nanoomarketing.com/blog/go-to-market-strategy-template)
- [Brand Strategy Template](https://nanoomarketing.com/blog/brand-strategy-template)
- [Hourly Rate Calculator](https://nanoomarketing.com/blog/hourly-rate-calculator-template-google-sheet)
- [Customer Feedback Survey](https://nanoomarketing.com/blog/customer-feedback-survey-template)
- [Account Based Marketing Strategy](https://nanoomarketing.com/blog/account-based-marketing-strategy-template)

### Digital Marketing Training Services

- [Startup Digital Marketing Training](https://nanoomarketing.com/industry/startup)
- [Government Digital Marketing Training](https://nanoomarketing.com/training/government-digital-marketing)
- [SaaS Digital Marketing Training](https://nanoomarketing.com/industry/saas)
- [Corporate Digital Marketing Training](https://nanoomarketing.com/training/corporate-digital-marketing-program)
- [NGO Digital Marketing Training](https://nanoomarketing.com/industry/ngo)
- [University Marketing Lecture](https://nanoomarketing.com/training/marketing-lecture)

### Resources

- [Resource Library](https://nanoomarketing.com/resources)
- [Content Calendar](https://nanoomarketing.com/content-calendar-template)
- [Media Buying Template](https://nanoomarketing.com/media-buying-template)
- [Webinar Plan Template](https://nanoomarketing.com/free-webinar-planning-template-sheet-download)

### Mentorship Call

- [Free Digital Marketing Mentoship](https://nanoomarketing.com/marketing-mentorship)

[![Nan Oo Marketing Logo White](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo%20White.svg)](https://nanoomarketing.com/)

Expert digital marketer Nan Oo helps brands grow better across digital platforms - his comprehensive online courses teach digital marketing tactics to drive engagement and ROI.

<https://www.facebook.com/nanooandmarketing> <https://x.com/nanoothant7> <https://www.instagram.com/nan_oothant/> <https://www.linkedin.com/in/nanoo/> <https://www.youtube.com/channel/UC5Qn2H-PqgbGxUz5M6YS-6g> <https://www.slideshare.net/NanOo3> <https://www.pinterest.com/nanoocmo/> <https://nanoojourney.medium.com/> <https://www.google.com/maps/place/Nan+Oo+Marketing/@13.7788359%2C100.5602891%2C15z/data=!4m6!3m5!1s0x30e29f0032edf27d:0x75e222f8b705f2f9!8m2!3d13.7788359!4d100.5602891!16s%2Fg%2F11y3nnrtw4?sa=X&ved=1t:2428&ictx=111&entry=tts&g_ep=EgoyMDI0MDcxNy4wKgBIAVAD> [mailto:nan@nanoomarketing.com](mailto:nan@nanoomarketing.com) <https://www.researchgate.net/profile/Nan-Oo-5> <https://open.spotify.com/show/56DgfmnBvhaQhuv1gkAqes?si=5MOOfYH6SYGKbTs6ZImmsw>

[![provider-badge-white](https://nanoomarketing.com/hubfs/provider-badge-white.svg "provider-badge-white")](https://ecosystem.hubspot.com/marketplace/solutions/nan-oo)

[![messenger marketing expert manychat](https://nanoomarketing.com/hubfs/messenger%20marketing%20expert%20manychat.svg "messenger marketing expert manychat")](https://manychat.com/agency/listing/2375)

[![META Blue Print Certified](https://nanoomarketing.com/hs-fs/hubfs/META%20Blue%20Print%20Certified.png?width=100&height=100&name=META%20Blue%20Print%20Certified.png "META Blue Print Certified")](https://www.credly.com/badges/d6c9956b-021e-42a9-a5f9-dc6010c806d1/public_url)

[![hubspot-academy-hubspot-certification-badge-1 (1)](https://nanoomarketing.com/hs-fs/hubfs/hubspot-academy-hubspot-certification-badge-1%20(1).webp?width=200&height=80&name=hubspot-academy-hubspot-certification-badge-1%20(1).webp "hubspot-academy-hubspot-certification-badge-1 (1)")](https://www.credly.com/badges/d6c9956b-021e-42a9-a5f9-dc6010c806d1/public_url)

[![ADPList Top Mentorship](https://nanoomarketing.com/hs-fs/hubfs/ADPList%20Top%20Mentorship.png?width=146&height=78&name=ADPList%20Top%20Mentorship.png "ADPList Top Mentorship")](https://adplist.org/mentors/nan-oo)

### Ask AI about Nan Oo:

[![ChatGPT refers Nan Oo](https://nanoomarketing.com/hs-fs/hubfs/ChatGPT%20refers%20Nan%20Oo.webp?width=50&height=50&name=ChatGPT%20refers%20Nan%20Oo.webp "ChatGPT refers Nan Oo")](https://chat.openai.com/?q=who+is+nan+oo)

[![Gemini](https://nanoomarketing.com/hs-fs/hubfs/Gemini.png?width=50&height=50&name=Gemini.png "Gemini")](https://gemini.google.com/share/491a25a9b068)

[![Grok](https://nanoomarketing.com/hs-fs/hubfs/Grok.png?width=50&height=50&name=Grok.png "Grok")](https://grok.com/?q=who+is+nan+oo)

[![Perplexity Refers Nan Oo](https://nanoomarketing.com/hs-fs/hubfs/Perplexity%20Refers%20Nan%20Oo.webp?width=50&height=50&name=Perplexity%20Refers%20Nan%20Oo.webp "Perplexity Refers Nan Oo")](https://www.perplexity.ai/search?q=who+is+nan+oo)

[Privacy Policy](https://nanoothant.notion.site/Privacy-Policy-of-nanoomarketing-com-09d35b25a5714e9396fbb7f6391905b4)

[Terms & Conditions](https://nanoothant.notion.site/Terms-and-Conditions-for-Nan-Oo-Marketing-bec7bf6100fe4387967e602e6c308d48)

[![DMCA_badge_grn_100w](https://nanoomarketing.com/hs-fs/hubfs/DMCA_badge_grn_100w.webp?width=50&height=51&name=DMCA_badge_grn_100w.webp "DMCA_badge_grn_100w")](https://www.dmca.com/Protection/Status.aspx?ID=76f03fe3-176d-4b8c-9f3f-358908e41ff4)

[Contact Me](https://nanoomarketing.com/contact)

© 2024 Nan Oo. All Rights Reserved.

```json
{
  "@context" : "https://schema.org",
  "@type" : "BlogPosting",
  "author" : {
    "@type" : "Person",
    "name" : "နန်းဦး",
    "url" : "https://nanoomarketing.com/my/blog/author/နန်ဦ"
  },
  "dateModified" : "2025-05-04T09:05:01.384Z",
  "datePublished" : "2024-06-21T19:04:08.000Z",
  "headline" : "Digital Marketing ဆိုတာဘာလဲ? - Digital Marketing Myanmar",
  "image" : [ "https://nanoomarketing.com/hubfs/Whats%20Digital%20Marketing.webp" ],
  "mainEntityOfPage" : {
    "@id" : "https://nanoomarketing.com/my/blog/what-is-digital-marketing",
    "@type" : "WebPage"
  },
  "publisher" : {
    "@type" : "Organization",
    "logo" : {
      "@type" : "ImageObject",
      "url" : "https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo.svg"
    },
    "name" : "Nan Oo Marketing"
  }
}
```

```json
{
  "@context" : "https://schema.org",
  "@type" : "FAQPage",
  "mainEntity" : [ {
    "@type" : "Question",
    "acceptedAnswer" : {
      "@type" : "Answer",
      "text" : "b) False"
    },
    "name" : "Digital Marketing ပြုလုပ်သည့်အခါ Traditional Marketing မှာကဲ့သို့ ရလာဒ်များကို တိုင်းတာနိုင်ခြင်းမရှိပါ။"
  }, {
    "@type" : "Question",
    "acceptedAnswer" : {
      "@type" : "Answer",
      "text" : "b) ၇ မျိုး"
    },
    "name" : "Digital Marketing Channel များကို အကြမ်းအားဖြင့်"
  }, {
    "@type" : "Question",
    "acceptedAnswer" : {
      "@type" : "Answer",
      "text" : "b) False"
    },
    "name" : "Content Marketing သည် ကြော်ငြာစာရေးသားခြင်းတစ်ခုတည်းဖြစ်သည်။"
  } ]
}
```