ထိုင်းနိုင်ငံမှာ လူအသုံးများတဲ့ Shopee App မှာ Marketing လုပ်ချင်တဲ့ Marketer တွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ဒီ Shopee Marketing Tools တွေအကြောင်း သိထားသင့်ပါတယ်။
Shopee မှာ Marketing Center ဆိုပြီး ရှိပါတယ်။
Shopee Marketing Center ဆိုတာဘာလဲ?
Shopee Marketing Center ဆိုတာ သင့်ရဲ့ Shopee ဆိုင်ကို လူတွေပိုသိအောင်၊ ပိုဝင်ကြည့်အောင်နဲ့ ပိုပြီး ဝယ်အောင် လုပ်ပေးနိုင်တဲ့ Marketing Tools တွေဖြစ်ပါတယ်။
ဒီလင့်ကနေတဆင့် Shopee Marketing Center ကို ဝင်ကြည့်လို့ရပြီး Shopee App မှာလည်း ရိုးရှင်းတဲ့ Version ရှိပါတယ်။ Laptop ကနေ ဝင်သုံးတာကတော့ အကောင်းဆုံးပါ။ Shopee Seller Center ကို Login ဝင်ပါ။ ပြီးတာနဲ့ ဘယ်ဘက်မှာ Marketing Center ဆိုပြီး တွေ့ပါလိမ့်မယ်။
Shopee Seller Center
Shopee Marketing Center
Shopee Marketing Tools
ဒီအပိုင်းမှာတော့ Shopee ရဲ့ မတူညီတဲ့ Marketing Tools တွေနဲ့ မိတ်ဆက်ပေးပါမယ်။
1. Promotional Tools
Promotional Tools တွေဖြစ်တဲ့ Vouchers နဲ့ Discount တွေကို သုံးပြီး Item တစ်ခုစီဖြစ်ဖြစ်၊ လက်ကားဝယ်ယူခြင်းအတွက်ဖြစ်ဖြစ် လျှော့စျေးပေးနိုင်ပါတယ်။ Shipping Free Promotion ပေးတာမျိုးတွေအပြင် Seller Coinsလိုမျိုး Coin တွေသုံးပြီး ဝယ်သူတွေကို လျှော့စျေးတွေ ပေးလို့ရပါတယ်။
Engagement Tools
Chat Broadcasts, Shop Prize နဲ့ Shopee Live လိုမျိုး Tool တွေက တစ်ခါဝယ်ဖူးပြီးသား Customer ကို ထပ်ခါတလဲလဲ ဝယ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။
Targeting Tools
Shopee Ads နဲ့ Off-Platform Ads လိုမျိုး Advertising Tools တွေက သင့်ဆိုင်ကို လူအများကြီးဝင်ကြည့်အောင် ကူညီပေးနိုင်ပါတယ်။
အခြား Complementary Marketing Tools တွေကိုအသုံးပြုပြီးတော့လည်း ကိုယ့်ရဲ့ Marketing Campaign Performance တွေကို ကြည့်နိုင်ပါတယ်။
Shopee Business Insights မှာ Marketing Performance ကို ကြည့်နိုင်ပါတယ်။
1. Discount
2. My Shop's Flash Deals
3. Voucher
4. Shipping Fee Promotion
5. Livestream
6. Shop Prize (selected sellers only)
7. Sampling Counter Promotion (selected sellers only)
8. Brand Membership (selected sellers only)
ဒီ Tools တွေကြောင့် သင့် ဆိုင်ကို ဘယ်လိုမျိုး ဝယ်ယူမှုတွေဖြစ်စေလဲဆိုတာကို ကြည့်နိုင်ပါတယ်။
ထိုင်းရောက် မြန်မာ Digital Marketer တွေအတွက် Shopee ကတော့ မသိထားလို့ မဖြစ်တဲ့ App တစ်ခုပါ။ Shopee Marketing Center နဲ့ ပတ်သက်တဲ့ Training လိုချင်ရင်တော့ အောက်မှာ စာရင်းပေးအပ်နှံနိုင်ပါပြီ။