Digital Marketing ရလာဒ်တွေကို တိုင်းတာရမယ့် အချိန်ရောက်ပါပြီ။
အခုလို Digital Marketing ခေတ်ကြီးထဲမှာ Campaign သေးသေးလေး (တစ်နေ့ $5) လောက်ပဲ run run.. တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Integrated Marketing Campaign ကြီးတွေပဲ run run… ပြန်ပြီးတိုင်းတာဖို့က လိုကိုလိုပါတယ်။ တိုင်းတာတဲ့နေရာမှာ Campaign မစခင်ကတည်းကတော့ ရှင်းလင်းပြတ်သားတဲ့ Marketing Objective တွေချမှတ်ခဲ့ပြီးအဲ့ဒီ Objective တွေနဲ့ ကိုက်ညီတဲ့ Key Results တွေရှိနေမယ်ဆိုရင် Campaign ပြီးလို့ တိုင်းတာတဲ့ အခါ ပိုအဆင်ပြေပါတယ်။
တိုင်းတာတဲ့အခါ Facebook Ads Manager, Meta Business Suite နဲ့ Google Analytics အစရှိတာတွေကို သုံးလို့ရပါတယ်။ ဒါ့အပြင် Third party measurement tool တွေဖြစ်တဲ့ Report Garden, Hootsuite, Buffer, Super Metrics, Appsflyer, Adjustအစရှိတာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ Platform တွေအလိုက်လည်း မတူညီတဲ့ Reporting Tools တွေရှိသေးတာမို့ Campaign မစခင်ကတည်းက ဘယ် Tools တွေသုံးမယ်ဆိုတာ ကြိုပြီး ဆုံးဖြတ်ထားသင့်ပါတယ်။
Social Media, Email, SEO, SEM အစရှိတဲ့ မတူညီတဲ့ Digital Marketing Tacticsတွေကို တိုင်းတာတဲ့အခါ သူ့ Platform အလိုက် သိထားရမယ့် တိုင်းတာတဲ့ Metrics တွေရှိပါတယ်။
Social Media Platform တွေရဲ့ ရလာဒ်တွေကို တိုင်းတာတဲ့အခါ Reach, Impression, Engagement, Message, Follower Growth အစရှိတဲ့ Metrics တွေကို ဦးစားပေးလေ့ရှိပါတယ်။ (လုပ်ငန်းအပေါ်မူတည်ပြီးတော့ ပြောင်းလဲတာတွေရှိနိုင်ပါတယ်။)
Reach ဆိုတာကတော့ ကြော်ငြာ Post က Device ဘယ်နှခုစီရောက်လဲဆိုတာကို ဆိုလိုပါတယ်။
Impression ဆိုတာကတော့ ဒီကြော်ငြာ Post ဟာ Device တွေစီမှာ ဘယ်နှကြိမ်ပြလဲကို ဆိုလိုပါတယ်။
ဒါကြောင့် Reach က 100 ဖြစ်ပေမယ့် Impression က 1000 လည်း ဖြစ်နိုင်ပါတယ်။
Engagement ဆိုတာကတော့ ကြော်ငြာ Post ကို Like, Comment, Share, View, Save အစရှိတဲ့ Action တွေ အားလုံးပေါင်းထားတာကို ဆိုလိုပါတယ်။ (Social Media Platform တွေအလိုက် Engagement ကို သတ်မှတ်ပုံက ကွဲပြားနိုင်ပေမယ့် အဓိကကတော့ ကြော်ငြာ Post ကို မြင်ပြီး တုံ့ပြန်တဲ့ Action တွေအားလုံးကို Engagement အဖြစ် သတ်မှတ်နိုင်ပါတယ်။)
Message ကတော့ ရှင်းပါတယ်။ ကိုယ့်ရဲ့ Social Media Account or Page ကို စာလာပို့တဲ့ အရေအတွက်ကို ဆိုလိုတာပါ။ နောက်ပြီး Follower အရေအတွက်၊ Subscribers အရေအတွက်တွေကိုလည်း တိုင်းတာကြပါတယ်။
Social Media မှာတော့ အပေါ်ကပြောခဲ့တဲ့ Metrics တွေကို အဓိက တိုင်းတာကြလေ့ရှိပါတယ်။ အခြား Metrics တွေရှိပေမယ့် ရှည်သွားမှာစိုးလို့ မထည့်ဘဲ ချန်ထားလိုက်ပါတယ်။
သင့်လုပ်ငန်းမှာ Website ရှိမယ်ဆိုရင် Google Analyticsကတော့ မရှိမဖြစ်ပါပဲ။ Channel ပေါင်းများစွာကနေ သင့် Website ကို ဝင်ရောက်ကြည့်ရှူကြတဲ့အခါ Google Analytics က အားလုံးရဲ့ Report ဆုံချက်ဖြစ်လာပါတော့တယ်။
Google Analytics မှာ Unique Visitors ကို (Users) အဖြစ်သတ်မှတ်ပြီးတိုင်းတာလို့ရပါတယ်။ Sessions ဆိုတာကတော့ Site မှာ ဖြစ်ပျက်တဲ့ Overall Acitvity တွေကို မှတ်တာဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် Session တစ်ခုမှာ ယေဘုယျအနေနဲ့ 30မိနစ်ရှိပါတယ်။
ဒါကတော့ Website ကို ဝင်ကြည့်တဲ့ Visitors (Users) တွေထဲကမှ Page တစ်ခုကို စက္ကန့်အနည်းငယ်ပဲ ကြည့်ပြီး ချက်ချင်းပြန်ထွက်သွားတဲ့ အရေအတွက် %ဖြစ်ပါတယ်။ Bounce Rate များရင်တော့ Visitor တွေရဲ့ Experience မကောင်းဘူးလို့ ယူဆနိုင်ပြီး Site ကို ပြုပြင်မှုတွေလုပ်ရပါတယ်။
Traffic Sources တွေကတော့ ဘယ် website (သို့) platform ကနေပြီး သင့် site ဆီကို Visitor တွေပို့ပေးလိုက်လဲဆိုတာကို ပြပါတယ်။
Website မှာ Visitor (User) တစ်ယောက်က Form ဖြည့်တာ၊ စျေးဝယ်တာနဲ့ အခြားအရေးကြီးတဲ့ Event တွေကို ပြုလုပ်သွားတယ်ဆိုရင် အဲ့တာတွေကို Key Events အဖြစ် မှတ်သားနိုင်ပါတယ်။
တကယ်လို့ ကိုယ့်ရဲ့ Website က Online ကနေတိုက်ရိုက် ပစ္စည်းတွေရောင်းချပြီး Checkout ပြုလုပ်နိုင်တယ်ဆိုရင် Google Analytics မှာ Revenue ကို ကြည့်နိုင်ပါတယ်။
Email Marketing အတွက်ကတော့
Email အထဲက နှိပ်လို့ရသမျှ Button, Link စတာတွေကို နှိပ်ကြလဲဆိုတာကို %နဲ့ပြပါတယ်။
ကိုယ်ပို့လိုက်တဲ့ Email လိပ်စာတွေထဲမှာမှ အချို့လိပ်စာတွေက တကယ်ရှိမနေခြင်း၊ တကယ်ရှိနေသော်လည်း Inbox ပြည့်နေခြင်း၊ မိမိကို Block ထားခြင်း အစရှိတာတွေက သင့် Email ကို Bounce စေပါတယ်။
ဒါကတော့ သင် Email ပို့ပြီးနောက်မှ Unsubscribe လုပ်သွားတဲ့လူအရေအတွက် % ဖြစ်ပါတယ်။
တကယ်လို့ ကိုယ်က Google, Facebook, Instagram အစရှိတဲ့ Platform တွေမှာ ကြော်ငြာဖန်တီးနေရင်တော့ အပေါ်က ပြောခဲ့တဲ့ Metrics တွေအပြင် ထပ်ကြည့်ရမယ့် အရာတွေရှိပါသေးတယ်။
ဒါကတော့ လူတစ်ယောက် က ကိုယ့်ကြော်ငြာကို ကလစ်နှိပ်သွားတိုင်းပေးရတဲ့ ကျသင့်ငွေဖြစ်ပါတယ်။
သူ့ကို Cost Per Click (CPC)လို့ သုံးပါတယ်။ CPC ကိုတွက်တဲ့နည်းကတော့ စုစုပေါင်း ကြော်ငြာဘတ်ဂျက်ကို တည်ပြီး Clicks နဲ့ စားလိုက်တာပါ။
ဒါကတော့ လူတွေ သင့်လုပ်ငန်းရဲ့ ကြော်ငြာကို မြင်ပြီး နှိပ်လိုက်တဲ့ နှုန်းကို တွက်ပြတာပါ။ CTR ကို သိချင်ရင်တော့ စုစုပေါင်း နှိပ်သွားတဲ့ Click ကို တည်ပြီး စုစုပေါင်း မြင်သွားတဲ့ Impressions နဲ့ စားကာ 100 နဲ့ မြှောက်ရင် သိနိုင်ပါတယ်။
ဒီ Metrics ကတော့ လုပ်ငန်းရှင်တွေ စိတ်အဝင်စားဆုံး Metrics ပါ။ ကိုယ်ကြော်ငြာမှာ သုံးထားတဲ့ ငွေကနေ ရောင်းအား ဘယ်လောက် ပြန်ပြီး ရှာပေးနိုင်လဲဆိုတာကို ပြတဲ့ Metrics ပါ။
ROAS ကို တွက်ချင်ရင်တော့ ကြော်ငြာလို့ရောင်းရတဲ့ ဝင်ငွေကိုတည်ပြီး ကြော်ငြာ အသုံးစရိတ်နဲ့စားကာ 100နဲ့မြှောက်လိုက်ပါ။ ROAS ကောင်း၊ မကောင်း ကတော့ ကြော်ငြာစရိတ်ရဲ့ ၃ဆ (သို့) ၄ဆပြန်ရရင် ကောင်းတယ်လို့ ဆိုကြပါတယ်။
အခုလို Digital Marketing ရဲ့ Result တွေ တိုင်းရတာ အချိန်တစ်ခုပေးရပြီး၊ Platform တွေနဲ့ ကြော်ငြာတွေအပြင် Data Analysis ပါ လုပ်တတ်ဖို့လိုပါတယ်။ အချိန်ကုန်သက်သာချင်ရင်တော့ အေဂျင်စီများနှင့် တွဲပြီး အလုပ်လုပ်ခြင်း (သို့မဟုတ်) Digital Marketing Analytics Tool များကို ငွေပေးပြီး အသုံးပြုနိုင်ပါတယ်။