Ecommerce လုပ်ငန်းတစ်ခုအနေနဲ့ ကိုယ့်ရဲ့ Customer Journey ကို နားလည်ခြင်းကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုပါ။ Customer Journey ဆိုတာကတော့ သင့်လုပ်ငန်းမှာ ဝယ်ယူနိုင်ချေရှိသူတွေကို
ပုံကိုကြည့်ရင်တော့ ပိုပြီး ရှင်းလင်းပါတယ်။
Customer Journey မှာ Awareness, Consideration, Purchase, Retention, Advocacy အစရှိသဖြင့် အဆင့်များရှိပါတယ်။
Awareness အဆင့်ကတော့ Customer ဟာ သူ့အနေနဲ့ ပြဿနာတစ်ခုကြုံတာမျိုး (သို့မဟုတ်) သင့်ရဲ့ကြော်ငြာကိုမြင်ပြီး သင့်ရဲ့ Product အကြောင်း သိသွားတာမျိုးဖြစ်နိုင်ပါတယ်။
သင့် Product ကို မြင်ဖူး၊ တွေ့ဖူးသွားပြီဆိုရင်တော့ နောက်တဆင့်က သင့်ရဲ့ Ecommerce Website ကို ရောက်လာတာမျိုး (သို့မဟုတ်) သင့် Product အကြောင်းကို ရှာဖွေပြီး လေ့လာတာမျိုး လုပ်ပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ အခြား Product တွေနဲ့ ပါ ယှဉ်တွဲပြီးလေ့လာတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ စျေးယှဉ်ခြင်း၊ ပစ္စည်း အကြောင်း Review များရှာခြင်း
ဒီအဆင့်ကတော့ ရှင်းပါတယ်။ သင့် Product ကို Discount ကြောင့်ဖြစ်စေ၊ Quality ကောင်းမယ်လို့ ယုံကြည်တာကြောင့်ဖြစ်စေ၊ အလျင်လိုနေ၍ဖြစ်စေ အစရှိတဲ့ အကြောင်းပြချက်တစ်ခုခုကြောင့် ပစ္စည်းကို ဝယ်ဖို့ ဆုံးဖြတ်ကာ Add to Cart ပြုလုပ်ခြင်း၊ ငွေပေးချေကာ Order တင်ခြင်းတွေပြုလုပ်တဲ့ အဆင့်ဖြစ်ပါတယ်။
ပစ္စည်း Delivery ရောက်တဲ့အခါ ကြော်ငြာထားတဲ့အတိုင်း ကောင်းနေရင် Customer က တကယ်ရောက်လာတဲ့ ပစ္စည်းကို အသုံးပြုရတာ ကြိုက်တယ်ဆိုရင် နောက်ထပ် ခဏခဏ ထပ်မှာမှာပါ။
ဒီအဆင့်မှာတော့ ကိုယ်တိုင် ကြိမ်ဖန်များစွာ ဝယ်ယူယုံတင်မကဘဲ အခြားသူတွေကိုပါ ညွှန်းပေးတဲ့အဆင့်ဖြစ်ကာ သင့်လုပ်ငန်းအတွက် Salesman တစ်ဦးသဖွယ် ကျန်သူများကိုပါ ဝယ်ယူလာအောင် ကူရောင်းပေးမှာဖြစ်ပါတယ်။
Customer Journey စဉ်းစားတဲ့အခါ ကောင်းတဲ့ Positive Experience တွေကိုပဲ စဉ်းစားတာထက် ဖြစ်လာနိုင်ချေရှိတဲ့ Negative Experience တွေကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ဥပမာ ဝယ်ယူသူက Add to Cart လုပ်ပြီးနောက် Checkout လုပ်တဲ့အခါ သင့်ရဲ့ Ecommerce Website သို့မဟုတ် App က Checkout လုပ်ရ ခက်နေတာမျိုး၊ Payment Option မစုံတာမျိုးတွေဖြစ်နိုင်သလို၊ တကယ် Customer ဆီ ပို့တဲ့အခါမှာလည်း အသုံးပြုတဲ့ Delivery က နောက်ကျနေတာမျိုးဖြစ်နိုင်ပါတယ်။
ပစ္စည်းရောက်သွားရင်လည်း အရည်အသွေးမကောင်းလို့ Complain တက်တာမျိုးနဲ့ Social Media လိုမျိုးပေါ်မှာပါ သင့် ပစ္စည်းမကောင်းကြောင်း Bad Review ရေးတာတွေကိုပါ ကြုံနိုင်ချေရှိပါတယ်။
ဒါကြောင့် Customer Journey စဉ်းစားတဲ့အခါ ဘက်စုံဒေါင့်စုံကနေ သေချာ စဉ်းစားပြီး သင့်ရဲ့ Ecommerce Website or App မှာ လူတွေလာဝယ်တဲ့အခါ အကောင်းဆုံး Experience ရအောင် ဘယ်လိုလုပ်မလဲဆိုတာ ပြင်ဆင်သင့်ပါတယ်။