---
title: Marketing Funnels ရဲ့အဆင့်သတ်မှတ်ချက်များအကြောင်း
description: Marketing Funnels ဆိုတာ Brand တစ်ခုကို စသိတဲ့ အဆင့်ကနေပြီး Loyal Customer ဖြစ်သွားတဲ့အထိ ဖြတ်သွားတဲ့ အဆင့်ဆင့်ကို ကိုယ်စားပြုတဲ့ Funnel ဖြစ်ပါတယ်။
image: https://nanoomarketing.com/hubfs/Marketing%20Funnels%20-1.webp
---

[![Nan Oo Marketing](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo.svg)](https://nanoomarketing.com)

- Industry
  
  Show submenu for Industry 
  
    - [Startups](https://nanoomarketing.com/industry/startup)
    - [SaaS](https://nanoomarketing.com/industry/saas)
    - [NGO](https://nanoomarketing.com/industry/ngo)
    - [Government](https://nanoomarketing.com/training/government-digital-marketing)
- Courses
  
  Show submenu for Courses 
  
    - [University Lecture](https://nanoomarketing.com/training/marketing-lecture)
    - [Full Stack Digital Marketing](https://nanoomarketing.com/certificates/digital-marketing-mm)
    - [Corporate Training](https://nanoomarketing.com/corporate-digital-marketing-training)
- Experiences
  
  Show submenu for Experiences 
  
    - [Speaker](https://nanoomarketing.com/events)
    - [Brands](https://nanoomarketing.com/brands)
    - [Alumni](https://nanoomarketing.com/alumni)
- Resources
  
  Show submenu for Resources 
  
    - [Marketing Library](https://nanoomarketing.com/resources)
    - [Free Mentorship](https://nanoomarketing.com/marketing-mentorship)
    - [Blog](https://nanoomarketing.com/blog)
- [Bio](https://nanoomarketing.com/about-nan-oo)

- Industry
  
  Show submenu for Industry 
  
    - [Startups](https://nanoomarketing.com/industry/startup)
    - [SaaS](https://nanoomarketing.com/industry/saas)
    - [NGO](https://nanoomarketing.com/industry/ngo)
    - [Government](https://nanoomarketing.com/training/government-digital-marketing)
- Courses
  
  Show submenu for Courses 
  
    - [University Lecture](https://nanoomarketing.com/training/marketing-lecture)
    - [Full Stack Digital Marketing](https://nanoomarketing.com/certificates/digital-marketing-mm)
    - [Corporate Training](https://nanoomarketing.com/corporate-digital-marketing-training)
- Experiences
  
  Show submenu for Experiences 
  
    - [Speaker](https://nanoomarketing.com/events)
    - [Brands](https://nanoomarketing.com/brands)
    - [Alumni](https://nanoomarketing.com/alumni)
- Resources
  
  Show submenu for Resources 
  
    - [Marketing Library](https://nanoomarketing.com/resources)
    - [Free Mentorship](https://nanoomarketing.com/marketing-mentorship)
    - [Blog](https://nanoomarketing.com/blog)
- [Bio](https://nanoomarketing.com/about-nan-oo)

[Contact Me](https://nanoomarketing.com/contact)

[Digital Marketing Myanmar](https://nanoomarketing.com/my/blog/tag/digital-marketing-myanmar) [Digital Marketing Strategy](https://nanoomarketing.com/my/blog/tag/digital-marketing-strategy) [Marketing Funnels](https://nanoomarketing.com/my/blog/tag/marketing-funnels)

# Marketing Funnels ရဲ့အဆင့်သတ်မှတ်ချက်များအကြောင်း

[![နန်းဦး](https://nanoomarketing.com/hubfs/Nan%20Oo%20Digital%20Marketing%20Consultant.svg)](https://nanoomarketing.com/my/blog/author/နန်ဦ)

[နန်းဦး](https://nanoomarketing.com/my/blog/author/နန်ဦ)  1 အောက်တိုဘာ 2024

![Marketing Funnels Image](https://nanoomarketing.com/hubfs/Marketing%20Funnels%20-1.webp)

Digital Marketing Funnels အကြောင်း blog ကနေ ကြိုဆိုပါတယ်။

အရင်ဆုံး ဒီပုံလေးကို ကြည့်လိုက်ပါ။

![Marketing Funnels Image](https://lh7-us.googleusercontent.com/docsz/AD_4nXctuWTQzxW3aqRrNc0ItcvLfZ26q8AGu-wozvp8Lhztf-qyjvj9J3kqYmxX7JYsVxAf3XXrJMnxlQuALRF1DTxEJhbhdBKepF3QIsI-nH8AzYXztjI3WSyZRbJQKuV35l8v4kLhzbSrznVkoHH-ZZPyoL6G?key=--lJV-I7qgBaf5VnYm-8OQ)

 

ပုံကို ကြည့်ပြီး မလန့်သွားပါနဲ့။ အခုမြင်နေရတဲ့ ပုံတွေက Marketing Funnels တွေပဲဖြစ်ပါတယ်။

တကယ်တော့ အခုပြောမယ့် [Digital marketing](https://nanoomarketing.com/my/blog/what-is-digital-marketing) funnels ဆိုတာ Internet မပေါ်ခင်ကတည်းက အသုံးပြုနေတဲ့ [Sales Funnel](https://keap.com/product/sales-funnel) (or) [Marketing Funnel](https://www.semrush.com/blog/marketing-funnel/?kw=&cmp=AA_SRCH_DSA_Blog_EN&label=dsa_pagefeed&Network=g&Device=c&utm_content=683768476929&kwid=dsa-2264713437285&cmpid=18361936995&agpid=156031506946&BU=Core&extid=105279941203&adpos=&gad_source=1&gclid=Cj0KCQjwv7O0BhDwARIsAC0sjWPO8UaAubBOdeOp8r90ZnV7FJ56OL4nmAz_8kKfwnj8k6U0NBOpxNMaAqCuEALw_wcB)တွေပဲဖြစ်ပါတယ်။ ဒီ Funnel တွေကို Marketing သမားတွေ အသုံးပြုခဲ့တာကလည်း နှစ် ၁၀၀ ကျော်ခဲ့ပါပြီ။

ဒါဆို ဒီလောက် နှစ်တွေအများကြီးကြာပြီး အခုထိ အသုံးပြုနေတဲ့ Marketing Funnels ဆိုတာ ဘာလဲ?

Marketing Funnels ဆိုတာ လူတွေအနေနဲ့ Brand တစ်ခုကို စသိတဲ့ အဆင့်ကနေပြီး အဲ့ဒီ Brand အတွက် Loyal Customer ဖြစ်သွားတဲ့အထိ ဖြတ်သွားတဲ့ အဆင့်ဆင့်ကို ကိုယ်စားပြုတဲ့ Funnel ဖြစ်ပါတယ်။

ပုံကို ကြည့်လိုက်ရင် ပိုပြီး သဘောပေါက်သွားမယ်ထင်ပါတယ်။

![Marketing Funnel Simple Version Image](https://lh7-us.googleusercontent.com/docsz/AD_4nXdF_SKWPPBp62nlhClrhNUwkPOA5EqkwqerZKYONkc2pedKW3wCKL3K3kzzMBoga8rW_Ox4VeZ49_eHqGzL-1fKmg6Cbh3CXmCquSbWnVxpyJkhSb_SMjIWlV6Za-Tl2n-hjn7xuHEClFC-k9NEFaeRGNPL?key=--lJV-I7qgBaf5VnYm-8OQ)

## **Funnel မှာ ပါဝင်တဲ့ အဆင့်များ**

Funnel ရဲ့ ထိပ်ပိုင်းကို ကြည့်လိုက်ရင် ကျယ်နေပြီး အောက်ကိုရောက်လေ ကျဉ်းသွားလေဖြစ်တာကိုမြင်ရမှာပါ။

### **Awareness Stage**

ဒီ Awareness အဆင့်မှာတော့ အနည်းဆုံး ကိုယ့်လုပ်ငန်းရှိတာကို လူတွေသိဖို့အတွက်

ဆိုင်းဘုတ်ထောင်တာမျိုး၊ ပစ္စည်းတွေကို ခင်းကျင်းပြသတာမျိုးတွေ လုပ်ကြပါတယ်။

Digital မှာဆိုရင်တော့ Facebook Page ထောင်တာမျိုး၊ Website ဖန်တီးထားတာမျိုးတွေ လုပ်ကြပါတယ်။ Facebook မှာ Boost လုပ်တယ်လို့ပြောကြတဲ့ [Meta Ads](https://www.facebook.com/business/ads)တွေကိုလည်း Awareness ပိုရဖို့အတွက် လုပ်ငန်းတွေက အသုံးပြုပါတယ်။

 

![Awareness Stage Image](https://lh7-us.googleusercontent.com/docsz/AD_4nXeAlkBsxIqPONv_Sl4DvVK_d4-O4qMN4ACbHwj6dJ_KId7J4YYwlED5gJ_kSnxVhlJVunK2HG-gEjMch5yVWh3ORTRKeL3I2XqR1qM-Vs3APzfjZR0Tu3FLqupuHM3elv3J8v51BlMVUBOqiEf4xUjGxzns?key=--lJV-I7qgBaf5VnYm-8OQ)

 

ဒါက Awareness အဆင့်ဖြစ်တဲ့အတွက် လူအများကြီးကတော့ လမ်းထိပ်မှာ ကိုယ့်အသီးဆိုင်ရှိတာကို သိနေပေမယ့်၊ ဆိုင်မှာ ဘာတွေ ရတယ်၊ ဘယ်စျေးနဲ့ ရောင်းတယ်ဆိုတာကို အသေးစိတ် သိကြဦးမှာမဟုတ်ပါဘူး။ 

### **Consideration Stage**

ဒီ Consideration အဆင့်မှာတော့ စျေးဝယ်မယ့်သူဟာ သူ့အနေနဲ့ အသီးဝယ်ချင်တာကို သိလာလို့ 

အသီးဆိုင်ဘယ်မှာရှိလဲဆိုတာနဲ့ စျေးဘယ်လောက်ရှိမလဲဆိုတာကို စဉ်းစားလာပါပြီ။ အဲ့ဒီလို ဆိုင်တွေအကြောင်းစဉ်းစားတဲ့အခါ သင့်ဆိုင်ပါဝင်ဖို့ဆိုရင် အရှေ့က အဆင့်ဖြစ်တဲ့ Awareness အဆင့်မှာ သေချာလေး ကြော်ငြာခဲ့ဖို့လိုပါတယ်။

အခုဆိုရင် စျေးဝယ်မယ့်သူဟာ သူ့အိမ်ကအမေကို အသီးစျေးမေးတာမျိုး၊ ဘယ်ဆိုင်သွားဝယ်သင့်လဲဆိုတာ Facebook မှာ ရှာတာမျိုး လုပ်နေလောက်ပြီး စျေးတွေ ယှဉ်ကြည့်နေလောက်ပါပြီ။ ဒီအဆင့်မှာ သင့်လုပ်ငန်းက Page မှာ အသီးစျေးတွေကို ဖော်ပြထားတာမျိုး၊ အသီးဝယ်ဖူးတဲ့ ဖောက်သည်တွေရဲ့ မှတ်ချက်တွေကို ပြန်တင်ထားတာမျိုး လုပ်ဖို့လိုပါတယ်။

 

![Consideration Stage Image](https://lh7-us.googleusercontent.com/docsz/AD_4nXdyilYrpJr4bYxEZ-T6rXXJib0oEkSkbFDQt_pvYN0vSpP-RBESAZF6l48NaqSJYNatzbMz-F9HVYWzxEGZhOX2dtzROHvlDnJK9o2mK_7ny-c0yY4YOPImUdI6R5wYRMa6sMmGvmeT6HukV7n4i6pSacjF?key=--lJV-I7qgBaf5VnYm-8OQ)

### **Conversion Stage**

ဝယ်ယူသူက ကိုယ့်ဆိုင် (or) Facebook Page အထိရောက်လာပြီဆိုရင်တော့

သူဝယ်သွားအောင် ကိုယ်က အားထုတ်ရပါတော့မယ်။ အဲ့ဒီအဆင့်ကို Conversion Stage လို့ ခေါ်ပါတယ်။

ဒီနေရာမှာ အသီးဆိုင် ဥပမာနဲ့ ပြန်ပြောရရင်

အသီးလေးက တအားချိုတာ မြည်းကြည့်ပါဦးဆိုတာမျိုး  
အသီးလေးတွေ လတ်တယ် တစ်လုံး ၄ရာ၊ သုံးလုံးမှ တစ်ထောင်ပဲ ပေးနော် ဆိုတာမျိုး

အသီးက နည်းနည်းပဲ ကျန်တော့တာ ဒီနေ့ အရောင်းသွက်တယ်လေ ဆိုတာမျိုး

ဝယ်ယူသူက ချက်ချင်းဝယ်သင့်တဲ့ အကြောင်းပြချက်၊ ပေးရတဲ့ စျေးနဲ့ ညီမျှတဲ့ Value ကို ပြောပြ၊ ရှင်းပြ၊ သရုပ်ပြဖို့ လိုပါတယ်။

 

![Conversion Stage Image](https://lh7-us.googleusercontent.com/docsz/AD_4nXcBxlMjWVH1l-5rmAx-ZXmVD7QQku1ydFKb6SEkHx0EiTy1j42Y76Mc5XexGJVXLZ55gTUgv3BNHmebJYXt7isbDpGgRhzCHK1IKNPA9uzLapd4s55IqAZrdCrJ3-qY6Q0eMGNqagxoOecDf1jLPWFtszrJ?key=--lJV-I7qgBaf5VnYm-8OQ)

### **Loyalty Stage**

Loyalty Stage ကတော့ Customer က တစ်ခါဝယ်ပြီးသွားတာနဲ့ ထပ်ကာ ထပ်ကာ ပြန်လာပြီး ဝယ်တဲ့ အဆင့်ပါ။ အဲ့ဒီလိုဖြစ်ဖို့ဆိုရင်တော့ အရင်ဆုံး ပစ္စည်းကောင်းဖို့လိုပါတယ်။ ကိုယ်ရောင်းတဲ့ ပစ္စည်းက ကောင်းရင်တော့ ခဏခဏ ပြန်လာဝယ်ပါတယ်။ နောက်တစ်ခုကတော့ ဆက်ဆံရေးပါ။ အရောင်းသမားကောင်းရင်လည်း ထပ်လာဝယ်ပါတယ်။ နောက်တစ်ခုကတော့ ဝယ်ယူမယ့်သူအတွက် အကျိုးခံစားခွင့်ပါ။ အသီးဆိုင်မှာဆိုရင် ၅သောင်းဖိုးနဲ့ အထက် ဝယ်ယူဖူးသူတိုင်းကို နောက်တစ်ခါဝယ်ရင် အသီး ၅လုံး အခမဲ့ လက်ဆောင်ပေးတာမျိုး  ဒါမှမဟုတ် ဝယ်ယူဖူးသူတိုင်းကို ဗလာမပါ ကံစမ်းမဲဖောက်တာမျိုး စသည်ဖြင့် [Loyalty Program](https://en.wikipedia.org/wiki/Loyalty_program) တွေ ဖန်တီးရပါတယ်။

အခုပြတဲ့အဆင့်တွေက [Customer Journey Map](https://www.semrush.com/blog/customer-journey/?kw=&cmp=AA_SRCH_DSA_Blog_EN&label=dsa_pagefeed&Network=g&Device=c&utm_content=683768476929&kwid=dsa-2264713437285&cmpid=18361936995&agpid=156031506946&BU=Core&extid=143612839036&adpos=&gad_source=1&gclid=Cj0KCQjwv7O0BhDwARIsAC0sjWMEcqtjFllVVO_8H3Es9NAZm09jUJMcww-CosyCcibZSxrum9IFCAsaAkXLEALw_wcB)နဲ့ ဆင်လိုက်တာလို့ ထင်နေရင်

မှန်ပါတယ်။ Marketing Funnel နဲ့ Customer Journey Map ကို တူတူတွဲပြီး ကြည့်ရင် ပိုပြီး နားလည်လွယ်ပါတယ်။

Customer Journey Map ကတော့ Customer တစ်ယောက်အနေနဲ့ ပစ္စည်းတစ်ခုကို ဝယ်ဖို့

ဖြတ်သန်းလာရတဲ့ အဆင့်ဆင့်မှာ ဘယ်လိုမျိုး Touchpoint တွေနဲ့ ထိတွေ့ခဲ့လည်းဆိုတာကို နားလည်စေမှာဖြစ်ပါတယ်။ Marketing Funnel ကတော့ ဒီ Customer တစ်ယောက် သူ့ရဲ့ Customer Journey ကို ဝယ်ယူပြီး ထပ်ကာထပ်ကာ ဝယ်တဲ့ Customer ဖြစ်လာတဲ့အထိ ဘယ်လို တွန်းပို့မလဲဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။

![Marketing Funnel](https://lh7-us.googleusercontent.com/docsz/AD_4nXcjP0jIShvSK83rRPovYWy_kIqkmlXYZfBGVKh11K0NbTyY6AFP80cJAl0MTUKiZW2N6VRaCZyO88QIqYEAE1kSHrCiQOq5WwFL2BwTAhiolY99MRCRRYFDvYdUiZYxIquIde_F283WeAutYMB5hZvJs7M?key=--lJV-I7qgBaf5VnYm-8OQ)

 

#### **Quiz**

###### Quiz 1 - ………… သည် Brand အကြောင်းကို စသိရာမှ ထပ်ကာတလဲလဲ ဝယ်ယူဖြစ်သွားသည်အထိ Process တစ်ခုလုံးကို ကိုယ်စားပြုသော Visual Representation ဖြစ်သည်။ (a) Marketing (b) Marketing Funnel (c) Marketing Plan

(b) Marketing Funnel

###### Quiz 2 - Marketing Funnel ၏ အကျယ်ပြန့်ဆုံး နဲ့ လူသိဖို့လိုသော အဆင့်မှာ ………… (a) Awareness (b) Consideration (c) Conversion (d) Loyalty

(a) Awareness

###### Quiz 3 - Marketing Funnel ၏ ဘယ်အဆင့်မှာ ဝယ်ယူနိုင်ချေရှိသူတစ်ဦးအနေနဲ့ သင့် Website မှာ ရှာဖွေမှုတွေ ပြုလုပ်နိုင်ပါသလဲ?(a) Awareness (b) Consideration (c) Conversion (d) Loyalty

(b) Consideration 

###### Quiz 4 - Conversion Stage ၏ အဓိက ပန်းတိုင်ကိုရွေးပါ။ (a) ဝယ်ယူနိုင်ချေရှိသူကို Brand အကြောင်း သတိထားမိလာစေရန် (b) Customer အဟောင်းကို ထပ်တလဲလဲ ဝယ်ယူလာစေရန် (c) ဝယ်ယူနိုင်ချေရှိသူကို ဝယ်ဖြစ်သွားအောင် တွန်းပို့ရန်

(c) ဝယ်ယူနိုင်ချေရှိသူကို ဝယ်ဖြစ်သွားအောင် တွန်းပို့ရန်

###### Quiz 5 - Marketing Funnels နှင့် Customer Journey တို့သည် တူညီသဖြင့် တစ်ခုကိုသာ လိုအပ်ပါသည်။ (a) မှန် (b) မှား

(b) မှား

Previous Post

###### [100 Digital Marketing Tactics](https://nanoomarketing.com/my/blog/100-digital-marketing-tactics)

Next Post

###### [SEO ဆိုတာဘာလဲ?](https://nanoomarketing.com/my/blog/what-is-seo)

### Similar Blog Posts

[![Preparing 3Ps for Ecommerce Image ](https://nanoomarketing.com/hs-fs/hubfs/Ecommerce%203Ps-1.webp?width=352&name=Ecommerce%203Ps-1.webp)](https://nanoomarketing.com/my/blog/preparing-3ps-for-ecommerce)

#### [Ecommerce လုပ်ငန်းတွေအတွက် 3Ps](https://nanoomarketing.com/my/blog/preparing-3ps-for-ecommerce)

[![Starting Ecommerce Business Image](https://nanoomarketing.com/hs-fs/hubfs/Ecommerce%20%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%84%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8.webp?width=352&name=Ecommerce%20%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%84%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8.webp)](https://nanoomarketing.com/my/blog/getting-started-your-ecommerce-business)

#### [Ecommerce လုပ်ငန်းစတင်ခြင်း](https://nanoomarketing.com/my/blog/getting-started-your-ecommerce-business)

[![What is Social Media Marketing Blog Post Image](https://nanoomarketing.com/hs-fs/hubfs/What%20is%20Social%20Media%20Marketing%20.webp?width=352&name=What%20is%20Social%20Media%20Marketing%20.webp)](https://nanoomarketing.com/my/blog/what-is-social-media-marketing)

#### [Social Media Marketing ဆိုတာ ဘာလဲ?](https://nanoomarketing.com/my/blog/what-is-social-media-marketing)

![Nan Oo Marketing footer](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20footer.svg)

### Hi there. Interested? Let's Work Together

If you or your team want to get better at digital marketing, I give talks, training, and work on consulting projects with companies and agencies.

[Contact Nan Oo](https://nanoomarketing.com/contact) [Book a Metorship Call](https://nanoomarketing.com/marketing-mentorship)

## 30 Days 30 Marketing Template Challenge

### Day 1 to Day 10

- [Content Calendar Template](https://nanoomarketing.com/content-calendar-template)
- [Service Presentation Slide](https://nanoomarketing.com/service-presentation-slide-template)
- [Digital Marketing Resume Template](https://nanoomarketing.com/resume-template)
- [Social Media Marketing Report](https://nanoomarketing.com/social-media-marketing-report-template)
- [Brand Voice Template](https://nanoomarketing.com/brand-voice-guide-template)
- [Campaign Brief Template](https://nanoomarketing.com/campaign-brief-template)
- [Search Ads Copywriting Template](https://nanoomarketing.com/google-search-ads-copy-template)
- [Website Checker](https://nanoomarketing.com/seo-checker)
- [Media Buying Template](https://nanoomarketing.com/media-buying-template)
- [Digital Marketing Strategy Template](https://nanoomarketing.com/digital-marketing-strategy-template)

### Day 11 to Day 20

- [Blog Post Writing Template](https://nanoomarketing.com/blog-post-template)
- [Social Media Audit](https://nanoomarketing.com/social-media-audit-template)
- [Sales & Marketing SLA](https://nanoomarketing.com/sales-marketing-sla-template)
- [Buyer Persona](https://nanoomarketing.com/buyer-persona-template)
- [Mini Sales & Marketing CRM](https://nanoomarketing.com/google-sheet-crm-template)
- [Press Release Template](https://nanoomarketing.com/press-release-template)
- [90 Days Checklist](https://nanoomarketing.com/digital-marketing-manager-checklists)
- [Social media & Content Marketing Plan](https://nanoomarketing.com/social-media-marketing-content-plan-template)
- [Brand Ladder & Brand Positioning Statement](https://nanoomarketing.com/brand-ladder-brand-positioning)
- [Marketing Team Wiki](https://nanoomarketing.com/blog/marketing-team-wiki-template)

### Day 21 to Day 30

- [Website Home Page Copywriting](https://nanoomarketing.com/blog/website-home-page-copywriting-template)
- [B2B Lead Gen Budget Forecasting](https://nanoomarketing.com/blog/b2b-lead-generation-budget-forecasting-sheet)
- [CRM Requirement Checklists](https://nanoomarketing.com/blog/crm-requirement-checklists-score-card)
- [B2B Annual Brand Marketing Plan](https://nanoomarketing.com/blog/b2b-annual-brand-marketing-plan)
- [Webinar Planning Template](https://nanoomarketing.com/blog/free-webinar-planning-template-sheet-download)
- [Go-to-Market Strategy](https://nanoomarketing.com/blog/go-to-market-strategy-template)
- [Brand Strategy Template](https://nanoomarketing.com/blog/brand-strategy-template)
- [Hourly Rate Calculator](https://nanoomarketing.com/blog/hourly-rate-calculator-template-google-sheet)
- [Customer Feedback Survey](https://nanoomarketing.com/blog/customer-feedback-survey-template)
- [Account Based Marketing Strategy](https://nanoomarketing.com/blog/account-based-marketing-strategy-template)

### Digital Marketing Training Services

- [Startup Digital Marketing Training](https://nanoomarketing.com/industry/startup)
- [Government Digital Marketing Training](https://nanoomarketing.com/training/government-digital-marketing)
- [SaaS Digital Marketing Training](https://nanoomarketing.com/industry/saas)
- [Corporate Digital Marketing Training](https://nanoomarketing.com/training/corporate-digital-marketing-program)
- [NGO Digital Marketing Training](https://nanoomarketing.com/industry/ngo)
- [University Marketing Lecture](https://nanoomarketing.com/training/marketing-lecture)

### Resources

- [Resource Library](https://nanoomarketing.com/resources)
- [Content Calendar](https://nanoomarketing.com/content-calendar-template)
- [Media Buying Template](https://nanoomarketing.com/media-buying-template)
- [Webinar Plan Template](https://nanoomarketing.com/free-webinar-planning-template-sheet-download)

### Mentorship Call

- [Free Digital Marketing Mentoship](https://nanoomarketing.com/marketing-mentorship)

[![Nan Oo Marketing Logo White](https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo%20White.svg)](https://nanoomarketing.com/)

Expert digital marketer Nan Oo helps brands grow better across digital platforms - his comprehensive online courses teach digital marketing tactics to drive engagement and ROI.

<https://www.facebook.com/nanooandmarketing> <https://x.com/nanoothant7> <https://www.instagram.com/nan_oothant/> <https://www.linkedin.com/in/nanoo/> <https://www.youtube.com/channel/UC5Qn2H-PqgbGxUz5M6YS-6g> <https://www.slideshare.net/NanOo3> <https://www.pinterest.com/nanoocmo/> <https://nanoojourney.medium.com/> <https://www.google.com/maps/place/Nan+Oo+Marketing/@13.7788359%2C100.5602891%2C15z/data=!4m6!3m5!1s0x30e29f0032edf27d:0x75e222f8b705f2f9!8m2!3d13.7788359!4d100.5602891!16s%2Fg%2F11y3nnrtw4?sa=X&ved=1t:2428&ictx=111&entry=tts&g_ep=EgoyMDI0MDcxNy4wKgBIAVAD> [mailto:nan@nanoomarketing.com](mailto:nan@nanoomarketing.com) <https://www.researchgate.net/profile/Nan-Oo-5> <https://open.spotify.com/show/56DgfmnBvhaQhuv1gkAqes?si=5MOOfYH6SYGKbTs6ZImmsw>

[![provider-badge-white](https://nanoomarketing.com/hubfs/provider-badge-white.svg "provider-badge-white")](https://ecosystem.hubspot.com/marketplace/solutions/nan-oo)

[![messenger marketing expert manychat](https://nanoomarketing.com/hubfs/messenger%20marketing%20expert%20manychat.svg "messenger marketing expert manychat")](https://manychat.com/agency/listing/2375)

[![META Blue Print Certified](https://nanoomarketing.com/hs-fs/hubfs/META%20Blue%20Print%20Certified.png?width=100&height=100&name=META%20Blue%20Print%20Certified.png "META Blue Print Certified")](https://www.credly.com/badges/d6c9956b-021e-42a9-a5f9-dc6010c806d1/public_url)

[![hubspot-academy-hubspot-certification-badge-1 (1)](https://nanoomarketing.com/hs-fs/hubfs/hubspot-academy-hubspot-certification-badge-1%20(1).webp?width=200&height=80&name=hubspot-academy-hubspot-certification-badge-1%20(1).webp "hubspot-academy-hubspot-certification-badge-1 (1)")](https://www.credly.com/badges/d6c9956b-021e-42a9-a5f9-dc6010c806d1/public_url)

[![ADPList Top Mentorship](https://nanoomarketing.com/hs-fs/hubfs/ADPList%20Top%20Mentorship.png?width=146&height=78&name=ADPList%20Top%20Mentorship.png "ADPList Top Mentorship")](https://adplist.org/mentors/nan-oo)

### Ask AI about Nan Oo:

[![ChatGPT refers Nan Oo](https://nanoomarketing.com/hs-fs/hubfs/ChatGPT%20refers%20Nan%20Oo.webp?width=50&height=50&name=ChatGPT%20refers%20Nan%20Oo.webp "ChatGPT refers Nan Oo")](https://chat.openai.com/?q=who+is+nan+oo)

[![Gemini](https://nanoomarketing.com/hs-fs/hubfs/Gemini.png?width=50&height=50&name=Gemini.png "Gemini")](https://gemini.google.com/share/491a25a9b068)

[![Grok](https://nanoomarketing.com/hs-fs/hubfs/Grok.png?width=50&height=50&name=Grok.png "Grok")](https://grok.com/?q=who+is+nan+oo)

[![Perplexity Refers Nan Oo](https://nanoomarketing.com/hs-fs/hubfs/Perplexity%20Refers%20Nan%20Oo.webp?width=50&height=50&name=Perplexity%20Refers%20Nan%20Oo.webp "Perplexity Refers Nan Oo")](https://www.perplexity.ai/search?q=who+is+nan+oo)

[Privacy Policy](https://nanoothant.notion.site/Privacy-Policy-of-nanoomarketing-com-09d35b25a5714e9396fbb7f6391905b4)

[Terms & Conditions](https://nanoothant.notion.site/Terms-and-Conditions-for-Nan-Oo-Marketing-bec7bf6100fe4387967e602e6c308d48)

[![DMCA_badge_grn_100w](https://nanoomarketing.com/hs-fs/hubfs/DMCA_badge_grn_100w.webp?width=50&height=51&name=DMCA_badge_grn_100w.webp "DMCA_badge_grn_100w")](https://www.dmca.com/Protection/Status.aspx?ID=76f03fe3-176d-4b8c-9f3f-358908e41ff4)

[Contact Me](https://nanoomarketing.com/contact)

© 2024 Nan Oo. All Rights Reserved.

```json
{
  "@context" : "https://schema.org",
  "@type" : "BlogPosting",
  "author" : {
    "@type" : "Person",
    "name" : "နန်းဦး",
    "url" : "https://nanoomarketing.com/my/blog/author/နန်ဦ"
  },
  "dateModified" : "2024-11-03T05:19:10.985Z",
  "datePublished" : "2024-07-09T08:30:49.000Z",
  "headline" : "Marketing Funnels ရဲ့အဆင့်သတ်မှတ်ချက်များအကြောင်း",
  "image" : [ "https://nanoomarketing.com/hubfs/Marketing%20Funnels%20-1.webp" ],
  "mainEntityOfPage" : {
    "@id" : "https://nanoomarketing.com/my/blog/marketing-funnels",
    "@type" : "WebPage"
  },
  "publisher" : {
    "@type" : "Organization",
    "logo" : {
      "@type" : "ImageObject",
      "url" : "https://nanoomarketing.com/hubfs/Nan%20Oo%20Marketing%20Logo.svg"
    },
    "name" : "Nan Oo Marketing"
  }
}
```

```json
{
  "@context" : "https://schema.org",
  "@type" : "FAQPage",
  "mainEntity" : [ {
    "@type" : "Question",
    "acceptedAnswer" : {
      "@type" : "Answer",
      "text" : "b) Marketing Funnel"
    },
    "name" : "Quiz 1 - ………… သည် Brand အကြောင်းကို စသိရာမှ ထပ်ကာတလဲလဲ ဝယ်ယူဖြစ်သွားသည်အထိ Process တစ်ခုလုံးကို ကိုယ်စားပြုသော Visual Representation ဖြစ်သည်။ a) Marketing b) Marketing Funnel c) Marketing Plan"
  }, {
    "@type" : "Question",
    "acceptedAnswer" : {
      "@type" : "Answer",
      "text" : "a) Awareness"
    },
    "name" : "Quiz 2 - Marketing Funnel ၏ အကျယ်ပြန့်ဆုံး နဲ့ လူသိဖို့လိုသော အဆင့်မှာ ………… a) Awareness b) Consideration c) Conversion d) Loyalty"
  }, {
    "@type" : "Question",
    "acceptedAnswer" : {
      "@type" : "Answer",
      "text" : "b) Consideration"
    },
    "name" : "Quiz 3 - Marketing Funnel ၏ ဘယ်အဆင့်မှာ ဝယ်ယူနိုင်ချေရှိသူတစ်ဦးအနေနဲ့ သင့် Website မှာ ရှာဖွေမှုတွေ ပြုလုပ်နိုင်ပါသလဲ? a) Awareness b) Consideration c) Conversion d) Loyalty"
  }, {
    "@type" : "Question",
    "acceptedAnswer" : {
      "@type" : "Answer",
      "text" : "c) ဝယ်ယူနိုင်ချေရှိသူကို ဝယ်ဖြစ်သွားအောင် တွန်းပို့ရန်"
    },
    "name" : "Quiz 4 - Conversion Stage ၏ အဓိက ပန်းတိုင်ကိုရွေးပါ။ a) ဝယ်ယူနိုင်ချေရှိသူကို Brand အကြောင်း သတိထားမိလာစေရန် b) Customer အဟောင်းကို ထပ်တလဲလဲ ဝယ်ယူလာစေရန် c) ဝယ်ယူနိုင်ချေရှိသူကို ဝယ်ဖြစ်သွားအောင် တွန်းပို့ရန်"
  }, {
    "@type" : "Question",
    "acceptedAnswer" : {
      "@type" : "Answer",
      "text" : "b) မှား"
    },
    "name" : "Quiz (5) - Marketing Funnels နှင့် Customer Journey တို့သည် တူညီသဖြင့် တစ်ခုကိုသာ  လိုအပ်ပါသည်။  a) မှန် b) မှား"
  } ]
}
```