ဒစ်ဂျစ်တယ်စျေးကွက်ချဲ့ထွင်ရေး အခမဲ့ဆောင်းပါးများ

Marketing Funnels ရဲ့အဆင့်သတ်မှတ်ချက်များအကြောင်း

Written by နန်းဦး | ဇူ 9, 2024 8:30:49 နံနက်

Digital Marketing Funnels အကြောင်း blog ကနေ ကြိုဆိုပါတယ်။

အရင်ဆုံး ဒီပုံလေးကို ကြည့်လိုက်ပါ။

 

ပုံကို ကြည့်ပြီး မလန့်သွားပါနဲ့။ အခုမြင်နေရတဲ့ ပုံတွေက Marketing Funnels တွေပဲဖြစ်ပါတယ်။

တကယ်တော့ အခုပြောမယ့် Digital marketing funnels ဆိုတာ Internet မပေါ်ခင်ကတည်းက အသုံးပြုနေတဲ့ Sales Funnel (or) Marketing Funnel တွေပဲဖြစ်ပါတယ်။ ဒီ Funnel တွေကို Marketing သမားတွေ အသုံးပြုခဲ့တာကလည်း နှစ် ၁၀၀ ကျော်ခဲ့ပါပြီ။

 

ဒါဆို ဒီလောက် နှစ်တွေအများကြီးကြာပြီး အခုထိ အသုံးပြုနေတဲ့ Marketing Funnels ဆိုတာ ဘာလဲ?

Marketing Funnels ဆိုတာ လူတွေအနေနဲ့ Brand တစ်ခုကို စသိတဲ့ အဆင့်ကနေပြီး အဲ့ဒီ Brand အတွက် Loyal Customer ဖြစ်သွားတဲ့အထိ ဖြတ်သွားတဲ့ အဆင့်ဆင့်ကို ကိုယ်စားပြုတဲ့ Funnel ဖြစ်ပါတယ်။

 

ပုံကို ကြည့်လိုက်ရင် ပိုပြီး သဘောပေါက်သွားမယ်ထင်ပါတယ်။

Funnel မှာ ပါဝင်တဲ့ အဆင့်များ

Funnel ရဲ့ ထိပ်ပိုင်းကို ကြည့်လိုက်ရင် ကျယ်နေပြီး အောက်ကိုရောက်လေ ကျဉ်းသွားလေဖြစ်တာကိုမြင်ရမှာပါ။

Awareness Stage

ဒီ Awareness အဆင့်မှာတော့ အနည်းဆုံး ကိုယ့်လုပ်ငန်းရှိတာကို လူတွေသိဖို့အတွက်

ဆိုင်းဘုတ်ထောင်တာမျိုး၊ ပစ္စည်းတွေကို ခင်းကျင်းပြသတာမျိုးတွေ လုပ်ကြပါတယ်။

Digital မှာဆိုရင်တော့ Facebook Page ထောင်တာမျိုး၊ Website ဖန်တီးထားတာမျိုးတွေ လုပ်ကြပါတယ်။ Facebook မှာ Boost လုပ်တယ်လို့ပြောကြတဲ့ Meta Ads တွေကိုလည်း Awareness ပိုရဖို့အတွက် လုပ်ငန်းတွေက အသုံးပြုပါတယ်။

 

 

ဒါက Awareness အဆင့်ဖြစ်တဲ့အတွက် လူအများကြီးကတော့ လမ်းထိပ်မှာ ကိုယ့်အသီးဆိုင်ရှိတာကို သိနေပေမယ့်၊ ဆိုင်မှာ ဘာတွေ ရတယ်၊ ဘယ်စျေးနဲ့ ရောင်းတယ်ဆိုတာကို အသေးစိတ် သိကြဦးမှာမဟုတ်ပါဘူး။ 

Consideration Stage

ဒီ Consideration အဆင့်မှာတော့ စျေးဝယ်မယ့်သူဟာ သူ့အနေနဲ့ အသီးဝယ်ချင်တာကို သိလာလို့ 

အသီးဆိုင်ဘယ်မှာရှိလဲဆိုတာနဲ့ စျေးဘယ်လောက်ရှိမလဲဆိုတာကို စဉ်းစားလာပါပြီ။ အဲ့ဒီလို ဆိုင်တွေအကြောင်းစဉ်းစားတဲ့အခါ သင့်ဆိုင်ပါဝင်ဖို့ဆိုရင် အရှေ့က အဆင့်ဖြစ်တဲ့ Awareness အဆင့်မှာ သေချာလေး ကြော်ငြာခဲ့ဖို့လိုပါတယ်။

အခုဆိုရင် စျေးဝယ်မယ့်သူဟာ သူ့အိမ်ကအမေကို အသီးစျေးမေးတာမျိုး၊ ဘယ်ဆိုင်သွားဝယ်သင့်လဲဆိုတာ Facebook မှာ ရှာတာမျိုး လုပ်နေလောက်ပြီး စျေးတွေ ယှဉ်ကြည့်နေလောက်ပါပြီ။ ဒီအဆင့်မှာ သင့်လုပ်ငန်းက Page မှာ အသီးစျေးတွေကို ဖော်ပြထားတာမျိုး၊ အသီးဝယ်ဖူးတဲ့ ဖောက်သည်တွေရဲ့ မှတ်ချက်တွေကို ပြန်တင်ထားတာမျိုး လုပ်ဖို့လိုပါတယ်။

 

 

Conversion Stage

ဝယ်ယူသူက ကိုယ့်ဆိုင် (or) Facebook Page အထိရောက်လာပြီဆိုရင်တော့

သူဝယ်သွားအောင် ကိုယ်က အားထုတ်ရပါတော့မယ်။ အဲ့ဒီအဆင့်ကို Conversion Stage လို့ ခေါ်ပါတယ်။

ဒီနေရာမှာ အသီးဆိုင် ဥပမာနဲ့ ပြန်ပြောရရင်

အသီးလေးက တအားချိုတာ မြည်းကြည့်ပါဦးဆိုတာမျိုး
အသီးလေးတွေ လတ်တယ် တစ်လုံး ၄ရာ၊ သုံးလုံးမှ တစ်ထောင်ပဲ ပေးနော် ဆိုတာမျိုး

အသီးက နည်းနည်းပဲ ကျန်တော့တာ ဒီနေ့ အရောင်းသွက်တယ်လေ ဆိုတာမျိုး

ဝယ်ယူသူက ချက်ချင်းဝယ်သင့်တဲ့ အကြောင်းပြချက်၊ ပေးရတဲ့ စျေးနဲ့ ညီမျှတဲ့ Value ကို ပြောပြ၊ ရှင်းပြ၊ သရုပ်ပြဖို့ လိုပါတယ်။

 

 

Loyalty Stage

Loyalty Stage ကတော့ Customer က တစ်ခါဝယ်ပြီးသွားတာနဲ့ ထပ်ကာ ထပ်ကာ ပြန်လာပြီး ဝယ်တဲ့ အဆင့်ပါ။ အဲ့ဒီလိုဖြစ်ဖို့ဆိုရင်တော့ အရင်ဆုံး ပစ္စည်းကောင်းဖို့လိုပါတယ်။ ကိုယ်ရောင်းတဲ့ ပစ္စည်းက ကောင်းရင်တော့ ခဏခဏ ပြန်လာဝယ်ပါတယ်။ နောက်တစ်ခုကတော့ ဆက်ဆံရေးပါ။ အရောင်းသမားကောင်းရင်လည်း ထပ်လာဝယ်ပါတယ်။ နောက်တစ်ခုကတော့ ဝယ်ယူမယ့်သူအတွက် အကျိုးခံစားခွင့်ပါ။ အသီးဆိုင်မှာဆိုရင် ၅သောင်းဖိုးနဲ့ အထက် ဝယ်ယူဖူးသူတိုင်းကို နောက်တစ်ခါဝယ်ရင် အသီး ၅လုံး အခမဲ့ လက်ဆောင်ပေးတာမျိုး  ဒါမှမဟုတ် ဝယ်ယူဖူးသူတိုင်းကို ဗလာမပါ ကံစမ်းမဲဖောက်တာမျိုး စသည်ဖြင့် Loyalty Program တွေ ဖန်တီးရပါတယ်။

 

အခုပြတဲ့အဆင့်တွေက Customer Journey Map နဲ့ ဆင်လိုက်တာလို့ ထင်နေရင်

မှန်ပါတယ်။ Marketing Funnel နဲ့ Customer Journey Map ကို တူတူတွဲပြီး ကြည့်ရင် ပိုပြီး နားလည်လွယ်ပါတယ်။

 

Customer Journey Map ကတော့ Customer တစ်ယောက်အနေနဲ့ ပစ္စည်းတစ်ခုကို ဝယ်ဖို့

ဖြတ်သန်းလာရတဲ့ အဆင့်ဆင့်မှာ ဘယ်လိုမျိုး Touchpoint တွေနဲ့ ထိတွေ့ခဲ့လည်းဆိုတာကို နားလည်စေမှာဖြစ်ပါတယ်။ Marketing Funnel ကတော့ ဒီ Customer တစ်ယောက် သူ့ရဲ့ Customer Journey ကို ဝယ်ယူပြီး ထပ်ကာထပ်ကာ ဝယ်တဲ့ Customer ဖြစ်လာတဲ့အထိ ဘယ်လို တွန်းပို့မလဲဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။


 

Quiz