ဒစ်ဂျစ်တယ်စျေးကွက်ချဲ့ထွင်ရေး အခမဲ့ဆောင်းပါးများ

SEO ဆိုတာဘာလဲ?

Written by နန်းဦး | စက် 23, 2024 9:58:58 နံနက်

SEO ရဲ့ အရှည်ကောက်ကတော့ Search Engine Optimization ပါ။

ဒီစကားစုကို ပြန်ခွဲလိုက်မယ်ဆိုရင် Search Engine + Optimization ဆိုပြီး တွေ့ရမှာပါ။

Search Engine ဆိုတာဘာလဲ?

အင်တာနက်ပေါ်က မိမိရှာဖွေလိုတဲ့ အကြောင်းအရာများ၊ Website များကို Search Engineတွေမှာ ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။ အဲ့ဒီလို ရှာဖွေလို့ ကျလာတာတွေကို Search Result လို့ခေါ်ပါတယ်။ Search Engine တွေအများကြီးရှိပြီး တစ်ခုနဲ့ တစ်ခု ရှာဖွေနိုင်တဲ့ အဖြေတွေကတော့ မတူတတ်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Search Engine တွေကတော့ 

၁။ Google (www.google.com)

၂။ Bing (www.bing.com)

၃။ Baidu (www.baidu.com)

၄။ Yahoo (www.yahoo.com) တွေပဲ ဖြစ်ပါတယ်။

Search Result တစ်ခုရဲ့ တည်ဆောက်ပုံ

Search Result မှာဆိုရင် အရင်ဆုံးမြင်ရတာကတော့ ကြော်ငြာဖြစ်ပြီး အဲ့တာတွေကို Sponsored (SEM) လို့ အညွှန်းတပ်ထားပါတယ်။ 

Search Result မှာ စာတွေတင်မကပဲ၊ ပုံများ၊ Videoများနှင့် အခြားသင့်လျော်သော Search Keyword များလည်း ပါဝင်ပါတယ်။

Search Engine ဘယ်လို အလုပ်လုပ်လဲ?

Search Engine တွေမှာ မြင်ရတဲ့ Search Result ဆိုတာ Crawler လို့ခေါ်တဲ့  Bot တွေက အင်တာနက်တစ်ခွင်က Website Pages တွေကို ရှာဖွေပြီး ပြန်ပြပေးတာပါ။

Search Engine Optimization ဆိုတာဘာလဲ?

Search Engine Optimization ဆိုတာကတော့ ကိုယ့်လုပ်ငန်းရဲ့ Website ကို Search Engine တွေရဲ့ Search Result မှာ ထိပ်ဆုံးနေရာတွေကို ရဖို့အတွက် Optimization ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

Optimization လို့ပြောတဲ့အခါ ကြော်ငြာဖန်တီးတာမျိုးမဟုတ်ပဲနဲ့ Website ကို ပြုပြင်ခြင်း၊ ရှာဖွေသူတွေအတွက် အသုံးဝင်ပြီး ကိုက်ညီတဲ့ Content များရေးသားခြင်း၊ သင့်လျော်တဲ့ Website Directory များနှင့် Map များတွင် စာရင်းသွင်းခြင်းဖြင့် ရှာဖွေသူကော၊ Search Engine ကပါ ကိုယ့်လုပ်ငန်းကို နားလည်ပြီး ထပ်ကာ ထပ်ကာ ဝင်ကြည့်လာအောင် ပြုလုပ်တဲ့ Digital Marketing နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဥပမာ လူတွေက Fruit Store in Yangon လို့ရှာတဲ့အခါ ကိုယ့်ရဲ့ သစ်သီးဆိုင်ကို Search Result ထိပ်ဆုံးမှာ ကျလာစေဖို့ဆိုရင် SEO ပြုလုပ်ထားဖို့လိုပါတယ်။ လုပ်ငန်းရှင်အများစုက Website တစ်ခုလွှင့်တင်ပြီးရင် SEO ပြုလုပ်ခြင်းမရှိကြပါဘူး။ အဲ့ဒီအခါမှာ ကိုယ့်ဆီက ဝယ်နိုင်ချေရှိသူတွေက Search Engine မှာရှာတဲ့အခါ ကိုယ့်လုပ်ငန်းကို မတွေ့ဘဲ အခြားလုပ်ငန်းတွေကိုဘဲ တွေ့သွားတာမျိုးဖြစ်တတ်ပါတယ်။ 

SEO  ဘယ်လိုအလုပ်လုပ်လဲ?

အခုကနေစပြီး Search Engine အများကြီးထဲကမှ Google မှာ SEO ဘယ်လို  အလုပ်လုပ်လဲဆိုတဲ့ အကြောင်းကို အဓိက ပြောပါမယ်။

Google ဟာ Website တွေကို Search Result မှာပြဖို့အတွက် Ranking သတ်မှတ်ရာမှာ ရှုပ်ထွေးတဲ့ Algorithms တွေသုံးပါတယ်။ ဒီ Algorithms တွေဟာ ဘယ် Page ကတော့ဖြင့် ထိပ်ဆုံးရောက်သင့်တယ်ဆိုတာမျိုး ဆုံးဖြတ်ပါတယ်။ သင့်အနေနဲ့ ဒီ Algorithms တွေ ဘယ်လိုအလုပ်လုပ်လဲ မသိလည်း ရပါတယ်။ (အခုချိန်အထိ ဘယ်သူမှ ဒါတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ၁၀၀% မသိကြပါဘူး။)

သင့် Website ကို Search Engine မှာ ထိပ်ဆုံးက နေရာရချင်တယ်ဆိုရင်တော့ အရေးကြီးဆုံးအချက်ဖြစ်တဲ့ Relevancy (ဆီလျော်မှုရှိခြင်း)ဆိုတာကို နားလည်ဖို့လိုပါတယ်။

SEO သမားတစ်ယောက်အနေနဲ့ User တွေရှာတာနဲ့ ကိုက်ညီတဲ့ Content ကို ပြန်ပြနိုင်ဖို့ အဓိက အားထုတ်ရမှာပါ။ ဘာလို့လဲဆိုတော့  Google က Users တွေနဲ့ ကိုက်ညီတဲ့ Content တွေကိုသာ ပြချင်တာကြောင့်ပါ။ ဒါဆို User တွေရှာတာကို ဘယ်လိုသိနိုင်မလဲ? လူ့အလို နတ်လိုက်နိုင်ပါ့မလား? လို့ စဉ်းစားနေမိရင်တော့ Search Intent ဆိုတာနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Search Intent ဆိုတာ Users တွေ ဘာကြောင့် ရှာရသလဲဆိုတာကို အကြမ်းဖျင်း ခွဲထားတဲ့ အမျိုးအစားတွေပါ။ အောက်ကပုံကို ကြည့်လိုက်ရင် Search Intent ကို နားလည်သွားမှာပါ။

ထပ်ရှင်းအောင် ဥပမာတစ်ခုနဲ့ ဆက်ရရင်

သင်က လက်ရှိမှာ Spotify Premium Account ကို ဝယ်ချင်နေတဲ့အချိန်မှာ What is Spotify? ဆိုတဲ့ Content ကို သင်မြင်ချင်မှာမဟုတ်ပါဘူး။ သင်ရှာနေတာက Spotify Account ဆိုပေမယ့် Spotify အကြောင်းကို သိချင်တာမဟုတ်ဘဲ Subscription ဝယ်ချင်နေတာပါ။

Google ကလည်း ဒါကို သိတဲ့အတွက် Spotify Premium Account လို့ရှာတာနဲ့ Account ဝယ်လို့ရမယ့် Website Link တွေကိုပဲ ပြပေးမှာဖြစ်ပါတယ်။

SEO အမျိုးအစားများ

အပေါ်မှာပြောခဲ့သလိုမျိုး Relevance ဖြစ်တဲ့ Content တွေဖန်တီးပြီးတဲ့အခါမှာလည်း Website ကို optimize လုပ်ဖို့လိုပါပြီ။ အကြမ်းဖျင်းအားဖြင့် Website Optimize လုပ်ဖို့ SEO အမျိုးအစား (၃)မျိုးရှိပါတယ်။

On-page SEO

ကိုယ်ပစ်မှတ်ထားတဲ့ စျေးဝယ်သူတွေနဲ့ သင့်လျော်မယ့် Keyword တွေအသုံးပြုပြီး Website ပေါ်က ပုံတွေ၊ စာတွေ၊ Video တွေကို Optimizeလုပ်ခြင်း၊ သင့်တော်တဲ့ Website Page များကို ချိတ်ဆက်ခြင်းဖြင့် Ranking ကောင်းအောင်လုပ်တာကို On-page SEO လို့ခေါ်ပါတယ်။

Off-page SEO

ကိုယ့် Website ရဲ့ Ranking တက်ဖို့အတွက် အခြား Website တွေကနေ ကိုယ့် Website ကို လင့်ချိတ်ပြီး ညွှန်းဆိုပေးတာမျိုး ပြုလုပ်တာကို Off-page SEO လို့ခေါ်ပါတယ်။

Technical SEO

ကိုယ့် Websiteရဲ့ Technical အပိုင်းတွေနဲ့ ပတ်သက်ပြီး Optimize လုပ်တာတွေအားလုံးကို Technical SEO လို့ခေါ်ပါတယ်။ ဥပမာ Website Loading Speed မြန်အောင်ပြုလုပ်ခြင်း၊ Website ၏ code များကို Search Engine နားလည်အောင် ပြင်ဆင်ခြင်း

SEO ပြုလုပ်တဲ့အခါ အထက်မှာပြောခဲ့တာတွေကို အချိန်ကာလတစ်ခုယူပြီးလုပ်ရတာဖြစ်လို့ သင့်ရဲ့ Website ကို ၁၀ရက်အတွင်း နံပါတ်တစ်နေရာမှာပေါ်အောင်လုပ်ပေးမယ်ဆိုရင် အထူးသတိထားသင့်ပါတယ်။ SEO ရဲ့ Result ကို နေ့ချင်းညချင်း မြင်ရဖို့ ခက်ခဲလို့ပါ။

ဒါဆို ဘယ်ကစကြမလဲ?

SEO အမျိုးအစား သုံးခုထဲကမှ စဖို့လွယ်ကူတာကတော့ On-page SEO ပါပဲ။

အရင်ဆုံး ကိုယ့် Website အနေနဲ့ Rank ချင်တဲ့ Keyword တွေကို ရှာဖွေလေ့လာရပါမယ်။ 

အဲ့အတွက် သုံးလို့ရတဲ့ Tool ကတော့ Semrush ပါ။

Semrush ရဲ့ Keyword Overview Tool မှာ ကိုယ် Rank ချင်တဲ့ keyword ကို အရင် ရှာကြည့်ပါ။

အဲ့ဒီလို ရှာလိုက်မယ်ဆိုရင် ဒီ Keyword အတွက် လစဉ် Search Volume တွေ (လူတွေဘယ်လောက်ရှာနေကြသလဲ)၊ အဲ့ဒီ Keyword အတွက် ပြိုင်ဆိုင်မှု ဘယ်လောက်ပြင်းထန်လဲဆိုတာနဲ့ အဲ့ဒီ Keyword ရဲ့ Cost per click (CPC) ဘယ်လောက်ရှိနိုင်လဲဆိုတာတွေသိနိုင်ပါတယ်။

ဒါ့အပြင် အဲ့ဒီ Keywordကို လူတွေက ဘယ်လိုမျိုး Intent နဲ့ ရှာနေလဲဆိုတာ သိနိုင်ပါတယ်။ (Intent (၄)မျိုးရှိကြောင်းကို အပေါ်မှာ ပြောပြခဲ့ပြီးပါပြီ။)

အဲ့ဒီ Keyword နဲ့ ဆက်စပ်တဲ့ အခြား Keywords တွေကို သိချင်တယ်ဆိုရင်တော့ Keyword Magic Tool ထဲမှာ ကြည့်လို့ရပါတယ်။ ဒီနေရာမှာလည်း Keywords တွေအလိုက် Intent အမျိုးအစားတွေ၊ Search Volume တွေ ကို မြင်ရပါတယ်။

 

အစပိုင်းမှာ Keyword အများကြီးကို Rank ဖို့ ကြိုးစားတာထက် Keyword 3, 4ခုလောက်နဲ့ပဲ စဖို့ အကြံပြုချင်ပါတယ်။ 

Keyword တွေရှာကြည့်ပြီးရင်တော့ ကိုယ့် Website က Content တွေကို ပြန်ပြင်ရမယ့် အပိုင်းစပါပြီ။

SEO အတွက် Content ဖန်တီးခြင်း

Content တွေဖန်တီးတဲ့အခါ အကြမ်းဖျင်းအားဖြင့် Web Page အတွက် ဖန်တီးတာနဲ့၊ Blog Post အတွက် ဖန်တီးတာဆိုပြီး မှတ်ထားလို့ရပါတယ်။ ဘယ်အတွက်ပဲ ဖန်တီးပါစေ သင့် Content ကို E-E-A-T Signals တွေနဲ့ ကိုက်ညီအောင်လုပ်ဖို့ မမေ့ပါနဲ့။

E-E-A-T ဆိုတာဘာလဲ?

E-E-A-T ဆိုတာ 

E - Experience

E - Expertise

A - Authoritativeness

T - Trustworthiness ရဲ့ အတိုကောက်ဖြစ်ပါတယ်။ Google က Web Page တွေကို အကဲဖြတ်ရာမှာ Page Credibility, စာရေးသူဘယ်သူလဲဆိုတာနဲ့ Website Experience တွေကို ထည့်သွင်းစဉ်းစားပါတယ်။ ဒီအကြောင်းကို အသေးစိတ်ဖတ်ချင်ရင် Search Quality Rater Guidelines မှာ ဖတ်ကြည့်လို့ရပါတယ်။ ***E-E-A-T က Google Ranking Factor တစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် E-E-A-T နဲ့ ကိုက်ညီတဲ့ Content တွေကို ဦးစားပေးဖော်ပြလာတာကိုတွေ့ရမှာပါ။ ဒါ့အပြင် E-E-A-T နဲ့ ကိုက်ညီတဲ့ Content တွေကို User တွေက ပိုယုံတာဖြစ်လို့ Website Conversion ကို ပိုပြီး တိုးမြင့်နိုင်စေပါတယ်။

Experience ကို မြင်သာအောင်ပြရရင် အောက်က Screenshot ကို ကြည့်လိုက်ပါ။

အဲ့ဒီ Content မှာဆိုရင် စာရေးသူက သူ့ကိုယ်ပိုင် အတွေ့အကြုံနဲ့ ကိုယ်တိုင်ရိုက်ထားတဲ့ ပုံတွေကို အသုံးပြုပြီး အဲ့ဒီ Board Game ကို သူတကယ်ကစားခဲ့တဲ့ ပုံစံနဲ့ရေးထားတာမျိုး တွေ့ရမှာပါ။ Google က Original Content တွေကိုလည်း ပိုပြီး နှစ်သက်တာမို့ Experience အရ ရေးထားတဲ့ Content မျိုးတွေ ဦးစားပေး ဖန်တီးသင့်ပါတယ်။

ဒါဆို Expertise အတွက် ဘယ်လိုလုပ်ရမလဲ?

အခုပြထားတဲ့ ပုံမှာဆိုရင် စာရေးသူရဲ့ Bio ကို တွေ့ရမှာပါ။ ဒါက သာမန် Content တွေအတွက်ဆိုရင် ပြဿနာမရှိပေမယ့် အရေးကြီးတဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့ Content မျိုး(YMYL, Your Money or Your Life လိုမျိုး Topics တွေ) ဆိုရင်တော့ စာရေးသူရဲ့ Bio ကို ထည့်ပေးခြင်းက Expertise ကို ဖော်ပြပေးနိုင်တဲ့အပြင် Tanking အတွက်လည်း အရေးကြီးပါတယ်။

Authoritativeness

ကိုယ့် Website ရဲ့ Authority ဘယ်လောက်ကောင်းလဲဆိုတာကို ကြည့်တာဖြစ်ပြီး ဒီဟာကိုလုပ်ဖို့က နည်းနည်းတော့ ခက်ခဲနိုင်ပါတယ်။ ပထမဦးစွာ ကိုယ့် Siteက သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်သူဖြစ်နေဖို့လိုပြီး တင်တဲ့ Content တွေကို ဖန်တီးသူကော၊ စစ်ဆေးကြီးကြပ်သူကပါ ကျွမ်းကျင်သူတွေဖြစ်ဖို့လိုပါတယ်။

Trustworthiness

Trustworthiness ကိုကြည့်ရာမှာတော့ Content တွေဖန်တီးတာထက်ကို ပိုတဲ့အချက်တွေပါဝင်ပါတယ်။ အရင်ဆုံး Website က SSL Certificate ရှိလား? (https:) ဖြစ်နေလားဆိုတာမျိုးကနေစပြီး Website မှာ စျေးဝယ်တဲ့အခါ Secure ဖြစ်လားဆိုတာတွေအထိပါဝင်ပါတယ်။

 

အခုလောက်ဆိုရင်တော့ SEO ကို အကြမ်းဖျင်းနားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။

အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ရအောင်။