ဒစ်ဂျစ်တယ်စျေးကွက်ချဲ့ထွင်ရေး အခမဲ့ဆောင်းပါးများ

မီဒီယာအမျိုးအစားများအကြောင်း တစေ့တစောင်း

Written by နန်းဦး | ဇွန် 26, 2024 10:07:57 နံနက်

Paid, Owned, and Earned Media

ဒီနေ့ သင်ခန်းစာမှာတော့ သင့်အနေနဲ့ Paid, Owned နဲ့ Earned Media တွေအကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။ ဒီ Media အမျိုးအစား (၃)ခုကိုနားလည်မှ Strategy ချမှတ်တဲ့အခါပိုပြီး ထိရောက်မှုရှိမှာပါ။ 

Menu

Paid, Owned, and Earned Media

Paid Media ဆိုတာဘာလဲ?

Owned Media ဆိုတာဘာလဲ?

Earned Media ဆိုတာဘာလဲ?

ဒါဆို PR က Paidလား Earnedလား?

 

Paid Media

Paid Media အောက်မှာတော့ အခကြေးငွေပေးပြီးမှ ပြုလုပ်လို့ရတဲ့ Marketing Activities တွေအားလုံးပါဝင်ပါတယ်။ TV Advertising ကလည်း Paid ပါပဲ။ Radio ကလည်း Paid ပါပဲ။ Billboards ကလည်း Paid ပါပဲ။ အခုခေတ်မှာ အသုံးများတဲ့ Facebook Boosting လုပ်တယ်လို့ဆိုကြတဲ့ Facebook Ads ကလည်း Paid ပါပဲ။ PPC, Display Ads အစရှိတာတွေအားလုံးကလည်း Paid အမျိုးအစားထဲမှာပါဝင်ပါတယ်။ 

အခကြေးငွေပေးပြီး ပြုလုပ်ရတာဖြစ်တဲ့အတွက် Targeting Options ပိုများကာ နှစ်သက်တဲ့ Channel တွေ ရွေးချယ်ခွင့်ရှိတာကြောင့် Paid Media ဟာ အချိန်တိုတိုနဲ့ လူများများဆီကို ထိထိရောက်ရောက် ကြော်ငြာနိုင်တဲ့ Media အမျိုးအစားတစ်ခုပါ။ 

 

Owned Media

Owned Media ကတော့ နာမည်အတိုင်းပဲ ကိုယ်ပိုင်ဆိုင်တဲ့ Platform တွေပေါ်မှာ အခမဲ့ ကြော်ငြာခြင်းကိုဆိုလိုပါတယ်။ ကိုယ့်ရဲ့ Website ပေါ်မှာ Product တွေအကြောင်းတင်ခြင်း၊ Blog Post ရေးသားခြင်း၊ Facebook Page မှာ Post တင်ခြင်းတွေဟာ Owned Media ထဲပါပါတယ်။ ဒါ့အပြင် Email Marketing နဲ့ Podcast တွေကလည်း Owned Media ထဲ အကျုံးဝင်ပါသေးတယ်။

Owned Media ရဲ့ အားသာချက်ကတော့ Paid Media လိုမျိုး ကြော်ငြာခပေးစရာမလိုပဲ ကိုယ်ပိုင် Platform တွေဖြစ်တဲ့အတွက် ဘယ်အချိန်မှာလွှင့်မယ်၊ ဘယ်သူတွေပဲ ဝင်ကြည့်လို့ရအောင်လုပ်မယ်ဆိုတာမျိုး ပြင်ဆင်နိုင်ပါတယ်။ ဒါကြောင့်လည်း Marketing Strategy ချမှတ်တဲ့အခါ Owned Media ကို ဘယ်လိုမျိုး ကောင်းကောင်းအသုံးပြုမလဲဆိုတာက အရေးကြီးပါတယ်။ Content တွေက အဓိကဖြစ်တာမို့ Content မကောင်းရင်တော့ Owned Media မှာ ကြော်ငြာရတာ ချက်ချင်း ရလာဒ် မမြင်ရနိုင်ပါဘူး။

 

Earned Media

Earned Media ကတော့ ကိုယ့်လုပ်ငန်းအကြောင်းကို အခြားသူတွေရဲ့ အမြင်အတိုင်း Platform တွေပေါ်မှာ ဖော်ပြခြင်းပဲဖြစ်ပါတယ်။ ဒီအထဲမှာ လူတွေကိုယ့်အကြောင်းပြောတဲ့ Content အမျိုးအစားအားလုံးပါဝင်ပါတယ်။ ဒီအထဲမှာ Influencers, PR, Product Review နဲ့ Top Fans တွေပါဝင်ပြီး သူတို့တွေက ကိုယ့်လုပ်ငန်းအကြောင်းကို သူတို့ ကိုယ်ပိုင် Platform သို့မဟုတ် Social Media တွေပေါ်မှာ တင်ကြပါတယ်။

တစ်နည်းအားဖြင့် Word of mouth marketing (or) free media လို့လည်း ခေါ်ကြပါတယ်။ Earned Media ရဲ့ အားသာချက်ကတော့ လုပ်ငန်းအပေါ် ယုံကြည်မှုကို တည်ဆောက်ပေးနိုင်တာပါ။ ဝယ်ယူနိုင်ချေရှိသူတွေက သင့်လုပ်ငန်းအကြောင်း အခြားသူတွေညွှန်းဆိုထားတာတွေကို ကြည့်ပြီး ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်ကြတာဖြစ်လို့ Earned Media ကိုလည်း Marketing Strategy ထဲမှာ ထည့်သွင်း စဉ်းစားသင့်ပါတယ်။

 

ဒါဆို PR က Paidလား Earnedလား?

PR က Earned Media ဖြစ်ပါတယ်။ သင်က Agency ကို PR ဝန်ဆောင်မှုအတွက် ပိုက်ဆံပေးရမှာဖြစ်ပေမယ့် Agency က Press Releases ရေးပေးတယ်ဆိုပါစို့။ Press Release ကို Website မှာတင်ရင်တော့ Owned Media ဖြစ်ပြီး အဲ့ဒီ သတင်းကို မီဒီယာတွေ၊ သတင်းတိုက်တွေက ပြန်လည်ဖော်ပြကြတဲ့အခါမှာတော့ Earned Media ဖြစ်သွားပါတယ်။ PR က Press Release ရေးတာထက်ပိုပြီး သင့်လုပ်ငန်းကို Public က ကောင်းမွန်တဲ့အမြင်ရှိလာအောင် ဖန်တီးပေးရတာပဲဖြစ်ပါတယ်။ PR Activities အများစုက Earned Media အောက်မှာ ရှိလေ့ရှိပါတယ်။

 

Influencer Marketing ကကော Paid လား Ownedလား Earnedလား?

ဒီဟာကတော့ သုံးမျိုးလုံးဖြစ်နိုင်ပါတယ်။ 

တကယ်လို့များ ကိုယ့်လုပ်ငန်းရဲ့ CEO က နာမည်ကျော်ကြားသူဖြစ်ပြီး Thought Leader တစ်ယောက်ဖြစ်နေကာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Industry မှာ လွှမ်းမိုးမှုရှိမယ်ဆိုရင် ဒါက Influencer Marketing ပဲဖြစ်ပြီး Owned Media အောက်မှာ ကျရောက်ပါတယ်။

တကယ်လို့ Tech Vlogger တစ်ယောက်က သင့်လုပ်ငန်းဆီက အခကြေးငွေမရပဲ သူ့ဘာသာ Brand ကို ကြိုက်လို့ Review တွေလုပ်ပေးနေရင်တော့ Earned Media ဖြစ်ပါတယ်။

တကယ်လို့များ သင်ကနာမည်ကျော်တစ်ယောက်ကို အခကြေးငွေပေးပြီး သူ့ကို ကြော်ငြာခိုင်းမယ်ဆိုရင်တော့ Sponsored ပေးတယ်ခေါ်ပြီး Paid Media အောက် ကျရောက်ပါတယ်။