ဒစ်ဂျစ်တယ်စျေးကွက်ချဲ့ထွင်ရေး အခမဲ့ဆောင်းပါးများ

100 Digital Marketing Tactics

Written by နန်းဦး | ဇွန် 29, 2024 4:43:33 နံနက်
မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေနဲ့ Digital Marketer များအတွက် Digital Marketing Tactics 100 ကို မျှဝေပေးချင်ပါတယ်။

  1. Website မှာ Blog Section ထည့်ခြင်း
  2. Website မှာ Free Download လုပ်နိုင်သော Template, E-book နှင့် Report များ ပေးခြင်း
  3. Blog နှင့် Website မှာ တင်ပြီးသား Content များကို SEO ပြုလုပ်ကာ Website Traffics များအောင် ပြုလုပ်ခြင်း
  4. SlideShare တွင် Content များတင်ခြင်း
  5. Pinterest တွင် Infographics များတင်ခြင်း
  6. Case Studies များရေးသားခြင်း
  7. လုပ်ငန်း (သို့) ပွဲ (သို့) ဖန်တီးမှု တစ်ခုခုရဲ့ Behind the Scenes များ ချပြခြင်း
  8. A Day in the live Video များ ဖန်တီးခြင်း
  9. TikTok၊ Facebook နှင့် Instagram အတွက် AR Filter များ ပြုလုပ်ခြင်း
  10. Online Media များနှင့် အင်တာဗျူးပြုလုပ်ခြင်း
  11. Webinar များ ပြုလုပ်ခြင်း
  12. အခမဲ့ Consultation ပေးခြင်း
  13. Partner Community ဖန်တီးပြီး Partner များကို လုပ်ငန်း (သို့) ထုတ်ကုန်အကြောင်း ရှင်းပြခြင်း
  14. ဝယ်ယူဖူးသော Customer များကို Loyalty Point များဖြင့် Discount ပေးခြင်း
  15. Referral Campaign များ Run ခြင်း
  16. Website တွင် Popup များထည့်ခြင်း
  17. Website မှာ Live Chat နှင့် Chat Bot ထည့်ခြင်း
  18. Social Media Account များတွင် Chat Bot ထည့်ခြင်း
  19. Email Newsletter အစီအစဉ်ပြုလုပ်ခြင်း
  20. LinkedIn, Medium, Substack အစရှိသည့် Website များတွင် Article များတင်ခြင်း
  21. Directory Website များတွင် လုပ်ငန်းကို မှတ်ပုံတင်ခြင်း
  22. Trustpilot, Sortlist, Clutch ကဲ့သို့သော Review Site များတွင် Review ကောင်းကောင်းရအောင် ပြုလုပ်ခြင်း
  23. Influencer များနှင့် Promotion ပြုလုပ်ခြင်း
  24. Influencer များနှင့် Affiliate Campaign များ ပြုလုပ်ခြင်း
  25. Facebook Ads ပြုလုပ်ခြင်း
  26. YouTube Ads ပြုလုပ်ခြင်း
  27. LinkedIn Ads ပြုလုပ်ခြင်း
  28. Viber Ads ပြုလုပ်ခြင်း
  29. Instagram Ads ပြုလုပ်ခြင်း
  30. Google Display Ads ပြုလုပ်ခြင်း
  31. Google Search Ads ပြုလုပ်ခြင်း
  32. Programmatic Ads အသုံးပြုခြင်း
  33. TikTok တွင် Account ဖွင့်ပြီး Video များပုံမှန်တင်ခြင်း
  34. Email marketing ပြုလုပ်ခြင်း
  35. On-Page SEO ပြုလုပ်ခြင်း
  36. Website Technical Errors များကို စစ်ဆေးကာ Loading မြန်အောင် ပြုလုပ်ခြင်း
  37. Search Adsကို အသုံးပြုပြီး Traffics များများရအောင် ပြုလုပ်ခြင်း
  38. TikTok Dance Challenge များပြုလုပ်ခြင်း
  39. Quora ကဲ့သို့သော မေးခွန်းအမေးများသည့် Community များတွင် အဖြေလိုက်ပေးခြင်း
  40. Email Automation ဖန်တီးပြီး စျေးမဝယ်သည့်သူများကို အလိုလျောက် Follow-up လိုက်ခြင်း
  41. Website သို့ ဝင်ကြည့်ဖူးသူများကို Retarget ပြုလုပ်ကာ ကြော်ငြာပြခြင်း
  42. Comment မန့်လျှင် Chatbot မှ အလိုလျှောက်စာပို့သော Messenger Automation ပြုလုပ်ခြင်း
  43. Meme များဖန်တီးပြီး တင်ခြင်း
  44. Valentine's Day, Mother Day ကဲ့သို့သော Special Day များအတွက် Promotion Campaign ပြုလုပ်ခြင်း
  45. Online ရုပ်ရှင်များ၊ ဟာသဗီဒီယို အတိုများထဲတွင် ကြော်ငြာထည့်ခြင်း
  46. Grab တွင်ကြော်ငြာခြင်း
  47. Wave Money တွင် ကြော်ငြာခြင်း
  48. Live Sales ပြုလုပ်ခြင်း
  49. Polls များ Form များ ဖန်တီးပြီး Survey ကောက်ခြင်း
  50. ပထမဆုံးအကြိမ် ဝယ်ယူသည့် Customer များအတွက် Coupon Code ပေးခြင်း
  51. App မှ တဆင့် Userများထံသို့ Push Noti ပို့ခြင်း
  52. လုပ်ငန်း (သို့) ကျောင်း (သို့) အိမ်ခြံမြေအတွက် 360 Virtual Experience ကြည့်ရှုလို့ရအောင် ပြုလုပ်ပေးခြင်း
  53. စျေးမကြီးသည့် Micro နှင့် Nano Influencer များကို လက်ဆောင်များပေးပြီး Product အကြောင်း Post တင်ခိုင်းခြင်း
  54. Online Lucky Draw အစီအစဉ်များပြုလုပ်ပေးခြင်း
  55. Ecommerce Website အသုံးပြုခြင်း
  56. Ecommerce Website တွင် ဝယ်လျှင် အခမဲ့ ပို့ပေးခြင်း
  57. အခြားလုပ်ငန်းများနှင့် Cross Promotion ပြုလုပ်ခြင်း
  58. အခြား Website များတွင် Guest Blogging ပြုလုပ်ခြင်း
  59. Customer Testimonials  များကို Website နှင့် Social Media တွင် တင်ခြင်း
  60. Social Media တွင် Giveaways ပေးခြင်း
  61. Customer များကို သင့်လုပ်ငန်းရဲ့ ထုတ်ကုန်အကြောင်း၊ ဝန်ဆောင်မှုအကြောင်း User Generated Content (UGC) များတင်စေပြီး ပြိုင်ပွဲပြုလုပ်ပေးခြင်း
  62. Google My Business Account ဖွင့်ပြီး Google Map တွင် ပုံမှန် post များတင်ခြင်း
  63. Authority ကောင်းသော Website များမှ Backlink ရအောင် ပြုလုပ်ခြင်း
  64. ဟိုတယ်များအတွက်ဆိုရင် Booking.com, ခရီးသွားလုပ်ငန်းများအတွက်ဆိုရင် Tripadvisor, Online Shop များအတွက်ဆိုရင် Shop.com.mm အစရှိသည့် Third Party Marketplaceများတွင် Account ဖွင့်ပြီး အရောင်းမြှင့်တင်ခြင်း
  65. Customer များ၏မွေးနေ့တွင် Discount ပေးခြင်း
  66. Customer များ၏ နာမည်တွင် တစ်ခုခုပါလျှင် Discount ပေးခြင်း
  67. သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ဆုများလျှောက်ထားကာ ရရှိလာသော ဆုများအကြောင်း Online Media များတွင် သတင်းထည့်ခြင်း၊ Website တွင် ဖော်ပြခြင်း၊ အင်တာဗျူးများ ပြုလုပ်ခြင်း
  68. လိုအပ်နေသော နေရာများသို့ အလှူအတန်းများပြုလုပ်ပြီး အဲ့ဒီအကြောင်းကို Online Media များတွင် သတင်းထည့်ခြင်း
  69. Podcast များဖန်တီးခြင်း
  70. Online Booking ရအောင် ပြုလုပ်ခြင်း၊ Online မှ ငွေပေးချေနိုင်အောင် ပြုလုပ်ခြင်း
  71. Chat App များတွင် စာများကို Broadcast ပြုလုပ်ခြင်း
  72. Online နှင့် Offline အစီအစဉ်များကို ချိတ်ဆက်ခြင်း
  73. Store များထဲတွင် QR Code ထားပြီး Digital Menu ကြည့်နိုင်ရန် စီစဉ်ပေးခြင်း
  74. လုပ်ငန်း၏ Management အဖွဲ့ဝင်များမှ Thought Leader Post များတင်ခြင်း
  75. CRM System အသုံးပြုပြီး Data Driven Advertising ပြုလုပ်ခြင်း
  76. Customersများ၏ အမေးများသော မေးခွန်းများကို FAQ Page များပြုလုပ်ကာ Website တွင်ထည့်ခြင်း
  77. ​Metaverse နည်းပညာများအသုံးပြုပြီး Virtual Conferences များပြုလုပ်ခြင်း
  78. လုပ်ငန်းအတွက် Mascot ပြုလုပ်ခြင်း
  79. လုပ်ငန်းအတွက် Ambassador ခန့်အပ်ခြင်း
  80. ကာတွန်းဇာတ်လမ်းများဖန်တီးပြီး Social Media တွင် တင်ခြင်း
  81. Game Streaming ပြုလုပ်သည့် Channel များတွင် ကြော်ငြာထည့်ခြင်း
  82. Online Game Competiton များပြုလုပ်ကာ Live လွှင့်ခြင်း
  83. Demo (သို့) Free Trial Website page များဖန်တီးခြင်း
  84. Product Comparison များတင်ပေးခြင်း
  85. Calculator ကဲ့သို့သော Free Tools များကို website တွင်ထည့်ပေးခြင်း
  86. လုပ်ငန်းနယ်ပယ်နှင့် ဆိုင်သည့် စကားလုံးများကို Glossary Page အနေနှင့် ဖော်ပြခြင်း
  87. လုပ်ငန်းနှင့်ပတ်သက်သည့် အချက်အလက်များကို Report ပြုလုပ်ကာ နှစ်စဉ်ထုတ်ပြန်ခြင်း
  88. ရိုက်ကူးထားပြီးသား Commercial Video ကို Social Media အတွက် Pocket TVC ပြုလုပ်ကာ Ads Run ခြင်း
  89. Shoppertainment Video (Live) များဖန်တီးခြင်း
  90. Telegram Ads ဖန်တီးခြင်း
  91. မည်သူမဆို Join နိုင်သော Online Affiliate Program များဖန်တီးခြင်း
  92. LinkedIn တွင် Employer Branding အကြောင်းပြုလုပ်ခြင်း
  93. Motivational Quote သို့မဟုတ် လုပ်ငန်းနှင့်ကိုက်ညီသော Quote များကို Social Media တွင် မျှဝေခြင်း
  94. Documentary Video များရိုက်ကူးကာ Social Media တွင် မျှဝေခြင်း
  95. Jingle ဖန်တီးကာ Content များတွင် အသုံးပြုခြင်း
  96. 11:11 နဲ့ 12:12 ကဲ့သို့သော Online စျေးရောင်းပွဲတော်များဖန်တီးခြင်း (သို့) ပါဝင်ခြင်း
  97. Social Listening ပြုလုပ်ခြင်း
  98. Comment မန့်လိုက်တာနဲ့ အလိုလျောက် Messenger မှာ စကားသွားပြောအောင် ပြုလုပ်ခြင်း
  99. Social Media Channel များတွင် Story Feature ကို အသုံးပြုကာ ဓာတ်ပုံတင်ခြင်း
  100. Account-based Marketing ပြုလုပ်ခြင်း

ဒီလောက်ဆိုရင်တော့ Digital Marketing Tactics 100 က အတော်များများကို cover လုပ်ပေးနိုင်မယ်လို့ ယူဆပါတယ်။ ဆက်ပြီးတော့ Digital Marketing Tools 100 ကို ဖတ်ကြည့်ပေးဖို့ အကြံပြုချင်ပါတယ်။