ဒစ်ဂျစ်တယ်စျေးကွက်ချဲ့ထွင်ရေး အခမဲ့ဆောင်းပါးများ

SMART Framework ဆိုတာ??

Written by နန်းဦး | အောက် 16, 2024 4:18:08 ညနေ

Marketing Strategy တွေချမှတ်တဲ့အခါ အဓိကကျတဲ့ Marketing Objectives ကို ရှင်းလင်းတိကျစွာ မချမှတ်နိုင်ဘူးဆိုရင်တော့ နောက်က ဆက်ပြီးလိုက်တဲ့ Tactics တွေကလည်း ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ 

ဒါကြောင့် Marketing Objective တွေချမှတ်တဲ့အခါ SMART ဆိုတဲ့ Framework ကို အသုံးများကြတာဖြစ်ပါတယ်။ SMART Framework ဟာ တိကျပြီး တကယ် အကောင်အထည်ဖော်နိုင်တဲ့ Objectives တွေချမှတ်နိုင်အောင် ကူညီပေးပါတယ်။

 

SMART ရဲ့ အရှည်ကောက်ကတော့

S = Specific

M = Measurable

A = Achievable

R = Relevant

T = Time-based ပဲဖြစ်ပါတယ်။

S = Specific

Objective တစ်ခုဟာ Specific ဖြစ်ခြင်းဖြင့် ဒီ Objective ကို အကောင်အထည်ဖော်ဖို့ ပါဝင်တဲ့သူတွေအားလုံးဟာ ဘယ်သူက ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာလုပ်ရမယ်၊ ဘယ်လောက်တိုးတက်အောင်လုပ်ရမယ်အစရှိတာတွကို လွယ်ကူစွာနားလည်ဖို့ကူညီပေးပါတယ်။ 

ဥပမာပေးရရင်

Bad Example: Website Performance တက်အောင်လုပ်ပေးပါ။

Good Example: Website Traffic ကို နောက်လေးလပတ်မှာ 25% တိုးလာအောင် Content Marketing နဲ့ SEO ပြုလုပ်ပါ။

M = Measurable

Measurable Goal ကတော့ အကြမ်းဖျင်းပြောရရင် တိုင်းတာနိုင်တဲ့ ဂဏာန်းတွေပါဝင်အောင်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ Objective ကို တိုင်းတာလို့မရရင် ဘယ်ရောက်နေပြီး ဘာတွေဖြစ်နေမှန်း သိမှာမဟုတ်ပါဘူး။ Measurable Objective တွေက ကိုယ့်ရဲ့ Team ကို သူတို့လုပ်ရမယ့်တာဝန်တွေနဲ့ ပတ်သက်ပြီး အာရုံစူးစိုက်မှုရှိနေစေသလို သူတို့ရဲ့ Performance အတွက်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေပါတယ်။

ဥပမာပေးရရင်

Bad Example: Customer Service ကို ပိုကောင်းအောင်လုပ်ပါ။

Good Example: Customer တွေရဲ့ Support Ticket ကို ဝန်ဆောင်မှုပေးတဲ့ ကြာချိန်ကို နောက် ခြောက်လအတွင်းမှာ 15% လျှော့ကျအောင်ပြုလုပ်ပါ။

A = Achievable

Achievable Objectiveဆိုတာကတော့ လေထဲတိုက်အိမ်မဆောက်ဖို့ သတိပေးတဲ့ Objective တွေကို ဆိုလိုတာပါ။ တစ်ခါတစ်လေမှာ Management Team က ဖြစ်နိုင်ချေမရှိတဲ့ မတန်တဆ Objective တွေချမှတ်လိုက်တဲ့အခါ နောက်က လိုက်လုပ်ရတဲ့ Team မှာ ဖိစီးမှုတွေဖြစ်စေပြီး သတ်မှတ်ထားတဲ့ Objective ကိုလည်း ပြည့်မီအောင်ပြလုပ်နိုင်ခြင်း မရှိတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် Objective တစ်ခုချမှတ်ရာမှာ ကိုယ့်ရှိတဲ့ Resources တွေ၊ ဖြစ်လာနိုင်တဲ့ Challenge တွေနဲ့ အချိန်ကာလသတ်မှတ်ချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

ဥပမာပေးရရင်

Bad Example: Company Revenue ကို နောက်၄လအတွင်းမှာ ၂ဆဖြစ်အောင် ပြုလုပ်ပါ။

Good Example: Company Revenue တက်ဖို့အတွက် စျေးကွက်အသစ် ၂ခုကို ထပ်ဝင်ပြီး Product အသစ် ၃ခုကို မိတ်ဆက်ခြင်းဖြင့် နောက်နှစ်ကုန်တဲ့အခါ Revenue ကို 15% တက်အောင် ပြုလုပ်ပါ။

R = Relevant 

Objective တွေချမှတ်ရင် relevant ဖြစ်အောင်လည်း စဉ်းစားဖို့လိုပါတယ်။ ကိုယ့် Company ရဲ့ Vision, Mission, Strategy တွေနဲ့ ကိုက်ညီတာမျိုး၊ Organization အတွက်အကျိုးရှိတာမျိုးတွေကို ဦးစားပေးစဉ်းစားသင့်ပါတယ်

ဥပမာပေးရရင်

Bad Example: ရုံးမှာ ပျော်ပွဲရွှင်ပွဲတွေ ပိုတိုးအောင်လုပ်ပါ။

Good Example: ဝန်ထမ်းတွေအတွက် လစဉ် Manager နဲ့ 1 to 1 Meeting တွေစီစဉ်ပေးပြီး လေးလတစ်ခါ Team Building အစီအစဉ်တွေပြုလုပ်ခြင်းဖြင့် Employee Engagement ပိုအားကောင်းလာအောင် ပြုလုပ်ပါ။

T = Time-bound

အချိန်ကို အတိအကျထည့်ခြင်းဖြင့် ဒီ Objective ကို ဖော်ဆောင်သူတွေမှာ တာဝန်ယူမှုတာဝန်ခံမှုနဲ့ အလုပ်က အရေးကြီးတယ်ဆိုတဲ့ ခံယူချက်မျိုး ဖြစ်စေပါတယ်။ သို့သော်လည်း Deadline တွေချရာမှာ ဖြစ်နိုင်တဲ့ အချိန်ကာလကိုတော့ ပေးဖို့လိုပါတယ်။ 

ဥပမာပေးရရင်

Bad Example: သိပ်မကြာခင်မှာ Ecommerce Website Launch လုပ်ပေးပါ။

Good Example:  အဓိကကျတဲ့ Feature တွေပါဝင်တဲ့ Ecommerce Website ကို အလုပ်ဖြစ်မဖြစ်စမ်းသပ်ပြီး August လ 31 နေ့မှာ Launch လုပ်ပါ။

SMART Objective တွေ ဘာကြောင့် ချရသလဲ?

SMART Framework ဟာ တစ်ဦးချင်းကိုကော၊ အဖွဲ့ဝင်တွေကိုပါ လုပ်ရမယ့် တာဝန်တွေနဲ့ ပတ်သက်ပြီး

- ရှင်းလင်းစွာ နားလည်စေခြင်း

- အာရုံ စူးစိုက်မှုရှိစေခြင်း

- Motivation တက်စေခြင်း

- တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အကြားမှာ ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေခြင်း

- တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေခြင်း ဆိုတဲ့ အကျိုးကျေးဇူးတွေရစေပါတယ်။

SMART Framework မှာလည်း အားနည်းချက် တွေတော့ ရှိပါတယ်။

တစ်ခါရံမှာ Objective တွေဟာ အရမ်းရိုးရှင်းပြီး ဒဲ့ဖြစ်သွားတာကြောင့် တစ်ခါတစ်လေမှာတော့ ထူးခြားတဲ့ ရလာဒ်တွေဖြစ်ခြင်းကနေ သွေဖီစေပါတယ်။

နောက်တစ်ချက်ကတော့ တစ်ဦးချင်းရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ကန့်သတ်မှုဖြစ်စေတတ်ပါတယ်။ Time-bound Objective တွေက ရေတိုအတွက် ပိုသင့်တော်တာကိုတွေ့ရပါတယ်။

အခုဆိုရင် SMART Objective တွေ ဘယ်လိုချမှတ်ရမလဲဆိုတာ နားလည်သွားပြီဆိုတော့ 

လုပ်ငန်းအတွက် ထိရောက်တဲ့ Objective တွေချမှတ်ဖို့ SMART Framework ကို မမေ့ပါနဲ့။

SMART goal လုပ်ရာမှာ 5 Dos and Don'ts ကိုလည်း ဒီ Link ကနေ လေ့လာလို့ရပါတယ်။