ဒစ်ဂျစ်တယ်စျေးကွက်ချဲ့ထွင်ရေး အခမဲ့ဆောင်းပါးများ

ဒစ်ဂျစ်တယ်မားကတ်တင်းနည်းဗျူဟာစဉ်းစားရာဝယ်...

Written by နန်းဦး | ဇွန် 21, 2024 7:32:17 ညနေ

ဒီနေ့တော့ ဒစ်ဂျစ်တယ်မားကတ်တင်းနည်းဗျူဟာ (Digital Marketing Strategy) ချမှတ်ရာမှာ အရမ်းအသုံးဝင်တဲ့ Strategy Pyramid ကို ပြန်ပြီး မျှဝေပေးချင်ပါတယ်။

 

 

ဒီ Strategy Pyramid ကို ကြည့်မယ်ဆိုရင် အစမှာ Goals နဲ့ စထားတာကို တွေ့ရမှာပါ။

1. Goal ကဘာလဲ?

Goal ကတော့ ရိုးရှင်းပါတယ်။ ကိုယ့်လုပ်ငန်းအနေနဲ့ ဘာဖြစ်ချင်တယ်ဆိုတာကိုစဉ်းစားတဲ့အပိုင်းပါ။

ဥပမာ ဒီ၄လအတွင်း အရောင်းတက်ချင်တယ်ဆိုတာက Goal ပါပဲ။

ဒီအပိုင်းကိုတော့ လုပ်ငန်းရှင်တွေ၊ ဦးဆောင်သူတွေက ချမှတ်လေ့ရှိပါတယ်။

2. SMART Objectives

Goal ကို သိပြီဆိုရင်တော့ ဒုတိယဆက်ပြီး စဉ်းစားရမှာက Objectives ပါ။ Goal အပိုင်းမှာ ချထားတဲ့ 

ဒီ၄လအတွင်း အရောင်းတက်ချင်တယ်ဆိုတာက အရမ်းကျယ်ပြန့်ပြီး ဘာကိုလိုချင်တယ်ဆိုတာ သေချာမသိရပါဘူး။ ဒါကြောင့် SMART ဖြစ်တဲ့ Objectives တွေချဖို့လိုပါတယ်။

SMART ရဲ့ အရှည်ကောက်ကတော့

S = Specific

M = Measurable

A = Achievable

R = Relevant

T = Time-based ပဲဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုတွေ အတိုမှတ်နေရသလဲဆိုရင် Objective ချမှတ်တဲ့အခါ တိကျမှုရှိပြီး တကယ် ရနိုင်တဲ့ Objective တွေဖြစ်စေချင်တဲ့အတွက် SMART ဆိုပြီး မှတ်သားကြပါတယ်။

- ဒါဆိုရင် အပေါ်က ဒီ၄လအတွင်း အရောင်းတက်ချင်တယ်ဆိုတဲ့ Goal ကို SMART Objective အဖြစ် ပြောင်းကြည့်ရအောင်။

- ဒီ ၄လအတွင်း အရောင်းတက်ချင်တယ်။

- စက်တင်ဘာလကုန်တဲ့အခါ လိမ္မော်ယို အရောင်းကို Facebook ကနေ 20% အရောင်းတက်ပြီးသားဖြစ်ရမယ်။

အခုဆိုရင် အပေါ်က Goal ထက်ပိုပြီး တိကျတဲ့ လမ်းညွှန်ချက်ကို SMART Objective ကနေတဆင့် မြင်ရပါပြီ။

ဒါပြီးရင်တော့ Marketing Strategy ချမှတ်ရမယ့်အပိုင်းပါ။ SMART Objective ချမှတ်တာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို နောက်တစ်ခန်းမှာ လေ့လာရမှာပါ။

3. Marketing Strategy

Marketing Strategy ချမှတ်ဖို့ဆိုရင် Insight တွေကို research လုပ်ဖို့ လိုပါတယ်။

4Cs Framework

Insights ကိုရှာဖွေတဲ့အခါ 4Cs Framework ကို အသုံးများကြပါတယ်။

- Company

- Customer

- Category

- Competitorsဆိုတဲ့ အပိုင်း (၄)ပိုင်းကို Research ပြုလုပ်ရတာဖြစ်ပါတယ်။ ဒါမှ ပြည့်စုံတဲ့ Insight ကို ရမှာဖြစ်ပါတယ်။

Company

Company ရဲ့ အောက်မှာတော့ ကိုယ့်အမှတ်တံဆိပ်အကြောင်းကို ပြန်ပြီး စစ်ဆေးတာပဲဖြစ်ပါတယ်။

ဒီနေရာမှာ SWOT Analysis က အသုံးဝင်ပါတယ်။ 

ဟာ လာပြန်ပြီ အတိုကောက်တွေဆိုပြီး စိတ်မဆိုးလိုက်ပါနဲ့။ ဒါက အလွယ်ဆုံး မှတ်မိစေမယ့် နည်းတွေမို့လို့ပါ။ ပုံကိုကြည့်လိုက်ရင်တော့ SWOT Analysis ကို နားလည်သွားပါလိမ့်မယ်။

 

 

Customer

Company ပြီးရင်တော့ Customer အပိုင်းကိုရောက်ပါပြီ။

ဒီအပိုင်းမှာတော့ ကိုယ် Target ထားမယ့် Customerရဲ့ Persona ကို ပြင်ဆင်ထားဖို့လိုပါမယ်။ အဲ့ဒါကို Buyer Persona လို့ခေါ်ပါတယ်။

Buyer Persona ဆိုတာ ဘာလဲ?

Buyer Persona ကတော့ အမှတ်တံဆိပ်တစ်ခုက Target ထားပြီးရောင်းချင်တဲ့ လူတွေကို ကိုယ်စားပြုတဲ့ Semi-fictional character  ပဲဖြစ်ပါတယ်။

Buyer Persona မှာ ဘာတွေပါလေ့ရှိလဲ?

Buyer Persona တစ်ခုမှာ အနည်းဆုံးတော့ 

- အသက်အရွယ်

- Gender

- ဝင်ငွေ

- ပညာရေး

- အလုပ်အကိုင်

- နေထိုင်တဲ့နေရာ

- Goals

- Pain Points

- Jobs to be Done အစရှိတာတွေ ပါလေ့ရှိပါတယ်။

​Buyer Persona ကို အလွယ်တကူပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီလင့်ကနေတဆင့် ဖန်တီးနိုင်ပါတယ်။

https://www.hubspot.com/make-my-persona

Category 

Category ကတော့ ကိုယ့်လုပ်ငန်းနယ်ပယ်ထဲက trends တွေ၊ potential future တွေ၊ market playerတွေနဲ့ ပတ်သက်ပြီး Research လုပ်ရတာပဲဖြစ်ပါတယ်။

Competitor

ဒီအပိုင်းမှာတော့ အခြား Competitor တွေက ဘာတွေလုပ်နေလဲဆိုတာကို Research လုပ်ရတာပဲဖြစ်ပါတယ်။

ဒါတွေအကုန်လုပ်ပြီးသွားရင်တော့ ဘယ် Strategy နဲ့ သွားမလဲဆိုတာကို ရွေးချယ်ရတော့မှာပါ။ ဒီနေရာမှာ Strategy က တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတာလည်းဖြစ်နိုင်ပါတယ်။

Strategy ချမှတ်ပြီးရင်တော့ ဘယ်လိုမျိုး လည်ပတ်မလဲဆိုတာကို Tacticsတွေ ဖန်တီးရတော့မှာဖြစ်ပါတယ်။

အောက်က ဥပမာလေးကို ကြည့်မယ်ဆိုရင်တော့ Strategy နဲ့ Tactics ရဲ့ ဆက်စပ်ပုံကို မြင်ရမှာပါ။

4. Tactics

Strategy ချမှတ်ပြီးရင်တော့ ဘယ်လိုမျိုး လည်ပတ်မလဲဆိုတာကို Tacticsတွေ ဖန်တီးရတော့မှာဖြစ်ပါတယ်။ Digital Marketing Tactics တွေများကြီးရှိပြီးတော့ အသုံးများတာကတော့ 

- Influencer များနှင့် Promotion ပြုလုပ်ခြင်း

- Facebook Ads ပြုလုပ်ခြင်း

- TikTok Video များပုံမှန်တင်ခြင်း

- Email marketing ပြုလုပ်ခြင်း

- SEO ပြုလုပ်ခြင်း

- Search Adsကို အသုံးပြုပြီး Traffics များများရအောင် ပြုလုပ်ခြင်း

- Online Media များနှင့် အင်တာဗျူးပြုလုပ်ခြင်း

- AR/ VR များ အသုံးပြုပြီး လူများကို အသုံးပြုကာ ပြိုင်ပွဲဝင်စေခြင်း

- TikTok Dance Challenge များပြုလုပ်ခြင်း

ဒီထက်ပိုပြီး စုံလင်တဲ့ Digital Marketing Tactics တွေကို ကြည့်ချင်ရင်တော့ ဒီလင့်ကတဆင့် ကြည့်နိုင်ပါတယ်။

100 Digital Marketing Tactics (nanoomarketing.com)

5. KPIs & Measurement

အများစုက Tactics တွေသတ်မှတ်ပြီးရင် Execution ဆီတန်းပြေးကြပါတယ်။ အဲ့ဒီမှာ KPIs & Measurement ဘယ်လိုလုပ်မလဲဆိုတာ မပါတော့ Campaign ပြီးတဲ့အခါမှ လိုချင်တဲ့ Goal တွေ၊ Objective တွေလည်း မရောက်ဘူးဆိုပြီး အငြင်းပွားရတတ်ပါတယ်။ 

Campaign တွေ၊ Activities တွေ မစခင်ကတည်းကတော့ KPIs နဲ့ ဘယ်လိုမျိုး တိုင်းတာမလဲဆိုတာကို သတ်မှတ်ထားသင့်ပါတယ်။

Goal

Objective

KPIs

Measurement Tool

To Increase Sales

Increase Digital Sales from 20% to 25% within 6 Months

Facebook Lead = 100

HubSpot CRM

LinkedIn Lead = 50

HubSpot CRM

Meeting Book = 20

HubSpot CRM

Increase Website Traffics from 10K to 20K within 6 Months

Facebook Traffics = 8K

Google Analytics

LinkedIn Traffics = 2K

Google Analytics

Pinterest Traffics = 6K

Google Analytics

Google Search = 4K

Google Analytics