Ecommerce Marketing အပိုင်းမှာတော့ ဘယ် Marketing အစိတ်အပိုင်းတွေကို အဓိက အားပြုသင့်သလဲဆိုတာကို ပြန်ပြီး မျှဝေပေးမှာပါ။
Ecommerce Marketing အတွက် အဓိက ပြုလုပ်ကြတဲ့ နည်းလမ်းတွေကတော့
Search Engine Optimization
Email Marketing or SMS Marketing
Social Media Marketing
Paid Advertising
Content Marketing
Influencer Marketing
ကိုယ့်ရဲ့ Ecommerce Website ကို လူတွေ ဝင်ကြည့်ဖို့ဆိုရင် လူတွေရှာနေတဲ့ Keywords တွေနဲ့ ကိုက်ညီအောင် ကိုယ့်ရဲ့ Website ကို Search Engine Optimization လုပ်ဖို့လိုပါတယ်။
ဥပမာ
SEO ပြုလုပ်ခြင်းဖြင့် ကိုယ်ရောင်းတဲ့ ပစ္စည်းနဲ့ ဆက်စပ်တဲ့ Keyword “Buy Nike Online” ကို လူတစ်ဦးက ရှာတဲ့အခါ ကိုယ့်ရဲ့ Website ကို Search Result ရဲ့ ထိပ်ဆုံးမှာ ပေါ်စေပါတယ်။
လူအများစုက ထိပ်ဆုံးမှာပေါ်တဲ့ Website တွေကို ဝင်ကြည့်လေ့ရှိတာကြောင့် သင့်ရဲ့ ပစ္စည်းတွေကို ရောင်းရနိုင်ချေများပါတယ်။
ကျွမ်းကျင်တဲ့ SEO သမားကို ငှားဖို့ မတက်နိုင်ရင်တောင် ကိုယ့် Website ရဲ့ Product Description တွေကို သေသေချာချာရေးပေးတာ၊ Titles နဲ့ Meta Description ကို သေချာရေးတာတွေပြုလုပ်နိုင်ပါတယ်။ Website မှာတင်ထားတဲ့ ပုံတွေကိုလည်း Size နည်းအောင် Optimize ပြုလုပ်နိုင်ပါသေးတယ်။ ဥပမာ Image Size ကိုလျှော့ချဖို့ https://tinypng.com/ လို Website မျိုးကို အသုံးပြုနိုင်ပါတယ်။
ကိုယ့်ဆီက စျေးဝယ်ဖူးတဲ့ Customer တွေ၊ ကိုယ့် Store ရဲ့ Newsletter ကို Subscribe လုပ်ထားတဲ့သူတွေကို Email Marketing လုပ်ပြီး စျေးဝယ်အောင် ဆွဲဆောင်နိုင်ပါတယ်။
Target Email List တွေ ဖန်တီးပြီး Automated Email တွေလည်းပို့နိုင်ပါတယ်။ ဥပမာ စျေးဝယ်တဲ့ Customer ကို Welcome Email ပို့ခြင်း၊ Checkout မလုပ်တဲ့ Customer ကို Reminder Email ပို့ခြင်း
ဒါ့အပြင် ကိုယ့် Store က Discount သို့မဟုတ် အခါကြီးရက်ကြီး လျှော့စျေးတွေပေးရင်လည်း Email ပို့ပြီး အကြောင်းကြားနိုင်ပါသေးတယ်။
မြန်မာနိုင်ငံလို Email အသုံးနည်းတဲ့ နိုင်ငံမှာတော့ Email အစား SMS Marketing ဖြင့် စာတိုတွေပေးပို့နိုင်ပါတယ်။
Instagram, Facebook နဲ့ TikTok လိုမျိုး Platform တွေမှာ အကောင့်ဖွင့်ထားပြီး Potential Customer တွေ၊ ဝယ်ဖူးတဲ့ Customer တွေနဲ့ Engage လုပ်ရင်း Brand Loyalty ရအောင် ပြုလုပ်နိုင်ပါတယ်။
အဲ့ဒီအတွက်တော့ ပုံမှန် ပို့စ်တင်တာတွေ၊ Customer Review တွေကို ပြန်တင်ပေးတာမျိုးနဲ့၊ Customer Complain တွေကို ရှင်းပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ Social Media ကနေတဆင့် Social Commerce လို့ခေါ်တဲ့ တိုက်ရိုက်စျေးရောင်းချမှုမျိုးကိုပါ ပြုလုပ်နိုင်ပါတယ်။ Website ကနေဝယ်ခိုင်းတာထက် Facebook Page ကနေပဲ ပို့စ်တင်ပြီး စျေးရောင်းတာကလည်း တစ်ခါတစ်ရံ ပိုအလုပ်ဖြစ်တတ်ပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့ Instagram, Facebook, TikTok လိုမျိုး Platform တွေမှာ လူများများမြင်စေဖို့၊ လူများများဆီရောက်စေဖို့ဆိုရင် Paid Advertising ပြုလုပ်နိုင်ပါတယ်။ သက်ဆိုင်ရာ Platform များကို ကြော်ငြာကြေးပေးပြီး မိမိတို့၏ ကြော်ငြာများကို လူများများစီ ပြသခြင်းဖြစ်သည်။
ဒါ့အပြင် Google Search ထိပ်ဆုံးမှာပေါ်ဖို့ Paid Advertising ပြုလုပ်နိုင်သလို၊ Google Shopping Section မှာလည်း ပေါ်ဖို့အတွက် Paid Advertising ပြုလုပ်နိုင်ပါတယ်။
ဥပမာ “buy nike shoes” လို့ရှာလိုက်ပါက ထိပ်ဆုံးမှ ကျလာသော Sponsored ပါသည့် Result များသည် Paid Advertising ပြုလုပ်ထားခြင်းဖြစ်သည်။
ဥပမာ Google Shopping Section တွင် “buy nike shoes” လို့ရှာလိုက်ပါက ထိပ်ဆုံးမှ ကျလာသော Sponsored ပါသည့် Result များသည်လည်း Paid Advertising ပြုလုပ်ထားခြင်းဖြစ်သည်။
ဒါ့အပြင် လူကြည့်များသော Website များတွင် Banner Ads များဖြင့် ကြော်ငြာခြင်းသည်လည်း Paid Advertising ပင်ဖြစ်သည်။
Content Marketing ပြုလုပ်ရာတွင် Potential Customer များအတွက်သာမက ဝယ်ယူဖူးသော Customer များအတွက်ပါ အထောက်အကူပြုသည့် Content များ ဖန်တီးပေးနိုင်ပါသည်။
Content Marketing ဟုဆိုရာတွင် Blog Post များဖန်တီးခြင်သာ မကဘဲ How to Videos များ၊ Customer များ၏ Success Stories များနှင့် Review များ၊ Customer များဖန်တီးထားသည့် User Generated Contents များကိုလည်း မျှဝေနိုင်ပါသည်။
ထို့အပြင် ဖန်တီးထားသော Blog Post ကို Video, Infographics နှင့် Social Media Post များအဖြစ်လည်း ပြန်လည်ဖန်တီး အသုံးပြုနိုင်ပါသည်။
ဥပမာ - Sustainable Product များရောင်းချသည့် Website တွင် The Ultimate Guide to Sustainable Living” ဟု အမည်ရသည့် Ebook ကို မျှဝေပေးပြီး ထို Ebook တွင်ပါဝင်သည့် အကြောင်းအရာများကို Social Media Post များ Video များ၊ Infographics များပြန်လည် ဖန်တီးကာ မျှဝေနိုင်သည်။
သင့် Product ကောင်းကြောင်း ကိုယ်တိုင် အမြဲကြေငြာနေလျှင်လည်း ဝယ်ယူသူများသည် ယုံကြည်လေ့မရှိကြပါ။ ဒါကြောင့် Influencer များ၊ Celebrity များကို ငှားပြီး ပစ္စည်းကြော်ငြာများဖန်တီးခြင်းဖြင့် Potential Customer များ၏ Buying Decision ကို လွှမ်းမိုးနိုင်ပါသည်။
Influencer Review Video များ၊ Giveaway Campaigns များ၊ Coupon Code များဖန်တီးပြီး အရောင်းတက်အောင် ကြော်ငြာနိုင်သည့်အပြင် Influencer Live Sales သည်လည်း ထည့်သွင်းစဉ်းစားသင့်သော Activity တစ်ခုပင်ဖြစ်သည်။
အထက်မှာဖော်ပြခဲ့တဲ့ Marketing Activity များကို အသုံးပြုပြီး သင့် Ecommerce Store ၏ ရောင်းအားကို မြှင့်တင်နိုင်ပါသည်။